ပိတောက်ပန်းက သစ္စာရှိတယ်တဲ့
ဘယ်သူပြောလို့လဲ
တကယ်တော့
ပိတောက်တွေလည်း သစ္စာမဲ့ခဲ့ပါပြီ
သင်္ကြန်ခါမှာသာမက
မိုးရွာချိန်တွေမှာ တွေ့နေရလေရဲ့
ပန်းပိတောက်တွေ သစ္စာမဲ့ခဲ့လို့
တစ်ယောက်ဆိုတစ်ယောက်
ပိတောက်ဆို ပိတောက်ပါဆိုတဲ့သူလည်း
မချစ်နိုင်တော့လို့ ရှောင်ခွာပြေးလေသလား
မတွေးမိချင်ပေမယ့် သတိရနေတဲ့
ငါ့အဖြစ်ကို ငါ့ဘာသာလည်း မုန်းမိပါရဲ့
အမှန်တော့ ငါဟာ အိပ်မက်ကို တကယ်ထင်ခဲ့သူပဲလေ
နောင်ဘ၀တွေသာ ရှိခဲ့မယ်ဆိုရင်
ဒီလို အဖြစ်မျိုးနဲ့ ဘယ်သောအခါမှ မကြုံပါရစေနဲ့လို့
တောင်းဆု ပြုချင်ပါရဲ့

0 comments:
Post a Comment