.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

Showing posts with label သိမှတ်စရာ. Show all posts
Showing posts with label သိမှတ်စရာ. Show all posts

ဘောလုံးပွဲ ၀ါသနာ ရှင်များအတွက် သတင်းကောင်း

မြန်မာ ဘောလုံး ၀ါသနာရှင်များအတွက် ဘောလုံးဖိုးကဒ် ခန့်မှန်းချက် ကောင်းတဲ့ ၀က်ဆိုဒ် တစ်ခုကို ညွန်ပေးလိုက်ပါတယ် ။ ဘောလုံး ပွဲကြည့်တဲ့သူတိုင်း အနိုင်ပွဲအများဆုံးရရှိကြပါစေလို့ ဆုတောင်းပေးလျှက်............. အောက်လင့်ခ် မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ် ခင်ဗျား ။ ဒီနေရာကိုနှိပ်ပြီးဝင်ပါ

ဆက်လက်ဖတ်ရှု့ရန်...

အင်း ... ရယ်ရင်တောင် သတိထားရတော့မယ် ...

ရယ်ခြင်း (၃) ပါး ... တဲ့ ...

(၁) သူမြတ်ရယ်ခြင်း

(၂) သူလတ်ရယ်ခြင်း

(၃) သူယုတ်ရယ်ခြင်း



သူမြတ် ရယ်ခြင်း ၂ ပါး

(၁) သိတ = မျက်လုံး နှုတ်ခမ်း စဉ်းငယ် အနေပျက်ရုံ ပြုံးကာ ပြုလျက် ရယ်ခြင်း

(၂) ဟသိတ = စဉ်းငယ် သွားပေါ်ရုံသာ ရယ်ခြင်း


သူလတ် ရယ်ခြင်း ၂ ပါး

(၁) ၀ိဟသိတ = ပကတိသော အသံညင်းညင်းထွက်ရုံ ရယ်ခြင်း

(၂) ဥပဟသိတ = ပခုံး၊ ဦးခေါင်းလှုပ်အောင် ရယ်ခြင်း


သူယုတ်ရယ်ခြင်း ၂ ပါး

(၁) အပဟသိတ = မျက်ရည်ထွက်အောင် ရယ်ခြင်း

(၂) အတိဟသိတ = ခြေပစ်လက်ပစ် မရှိုက် မရှုနိုင်အောင် ရယ်ခြင်း ။

* * * * * * * * * * *

သုဗောဓာလင်္ကာရထဲမှာတော့ အဲလိုရေးထားပါတယ် ။

နောက် ... ရယ်ခါနီးမှာ သေချာ စဉ်းစားရတော့မယ် ထင်တယ် ...


* * * * * * * * * * *

source by; ဧဒင်ဥယာဉ်

ဆက်လက်ဖတ်ရှု့ရန်...

ကယ်တင်ရှင်မမျှော်စေချင်

ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။

ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။

ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ် (Savior Complex) တွေကြောင့် ဖြစ်ပါတယ်။

ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။

ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။

ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။

အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။

လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။

ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။

ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။

Source by: လူထုစိန်ဝင်း

ဆက်လက်ဖတ်ရှု့ရန်...

How To Solve The Problem (ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ)

သူငယ်ချင်းတို့ရေ...

ဘ၀မှာ ကိုယ်နဲ့ အပ်စပ်တဲ့ အမှန်တရားကို ထိတွေ့မိဖို့ မလွယ်လှပါ..။
ဒီလို ထိတွေ့မိရင်လဲ ..လူဆိုတာ ရိုက်နှက်ဆုံးမစရာ မလိုတော့ပါ..။
ကျွန်တော့် အဖြစ်အပျက်တစ်ခု ပြောပြပါ့မယ်..။

ကျွန်တော် မလေးရှားကိုရောက်ခါစ လူက ငယ်ငယ် ၊စိတ်က မြန်မြန်ထက်ထက် ၊
ကိုယ်ကိုမဟုတ်တာ
လာလုပ် ၊ လာပြောရင် မခံတတ်ပဲ ချက်ချင်းပြန်လုပ်တတ် ၊ ပြောတတ်တဲ့ စိတ်ကလဲ
ရှိနေသေး..။

ပြဿနာ တစ်ခုကို ဦးနှောက်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ထက် စကားကလဲ
များများမပြောတတ်တော့
ကိုယ့်ကိုလာကြောရင် လက်ကပါပြီးသား....။
ဒါကလဲ မြန်မာနိုင်ငံမှာကတည်းက ဘာမှ မလုပ်ဖူးပဲ အိမ်မှာပဲနေဖူးတော့
ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် မနေတတ်တာလဲ ပါမှာပေါ့လေ...။
ဒါကြောင့် မလေးရှား ရောက်နေတာကို သူတို့ကို သူတို့ အမေရိကားမှာ
ပညာတော်သင်ရောက်နေတယ် လို့ထင်နေတဲ့ တောသားတွေနဲ့ မလေးရှားရောက်ပြီး
နှစ်ပတ်အတွင်းမှာ ရန် ၄ ပွဲ ဖြစ်သလို ၊ နောက် ၂ လအတွင်းမှာလဲ လူ ၂၀၀ ကို
ဦးဆောင်ပြီး
စက်ရုံကို ဆန္ဒ ၅ ခါပြဖူးတယ်..။
တရုတ် စူပါဗိုက်ဇာ ကို ဆွဲထိုးဖူးသလို ၊ဂေါ်ပြားနဲ့လဲ
လိုက်ရိုက်ဖူးတယ်..။
ဒါပေမဲ့ ကျွန်တော်ဟာ လူရမ်းကားမဟုတ်ပါ..။ လူဆိုး ၊ လူမိုက်လဲ မဟုတ်ပါ..။
ကိုယ့်ကို လာကြောတာကို ဘယ်လို ဖြေရှင်းရမှန်းမသိသေးတဲ့ လူတစ်ယောက်မျှသာ
ဖြစ်ပါတယ်..။
ဒါပေမဲ့ ကံကြမ္မာကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်..။
ဒါကတော့ Department ပြောင်းလိုက်ရပြီး Ng Shaiu Fern ဆိုတဲ့ တရုတ်မ
လက်အောက်
ရောက်သွားတာပါ..။ သူ့ကို ကျွန်တော်က Ms Ng လို့ပဲခေါ်ပါတယ်..။
သူက ကျွန်တော်ထက် ၁ နှစ်ပိုကြီးပေမဲ့ ကျွန်တော်ထက် ၁၀ ဆမက တော်ပါတယ်..။
သူ့ဆီက Management တွေ အများကြီး လက်တွေ့တတ်ခဲ့ရတယ်..။
သူက စကားပြောရင် အမေးတွေနဲ့ပဲ ပြောလေ့ရှိပါတယ်..။
(တချို့ အထက်လူကြီးတွေက အမေးနဲ့ မပြောပဲ အမိန့် တွေနဲ့ ပြောကြတယ်လေ..။)
ဒီလိုနဲ့ တစ်နေ့ ................
အမြဲတမ်း အလိုမကျ ဖြစ်နေတတ်တဲ့ စူပါဗိုက်ဇာ တစ်ယောက်ရှိတယ်..။
သူ နဲ့ ကျွန်တော် မတည့်ပါ..။ သူ့နဲ့ ဘယ်သူနဲ့မှလည်းမတည့်ပါ..။
အဲဒီနေ့က Department မတူပဲ ကျွန်တော်တို့ Lab ကို လာ ဆရာလုပ်နေလို့ ကျွန်တော်
ဒေါသတွေ ထွက်နေ တဲ့ အချိန် ၊ တစ်ယောက်တခွန်း စကားများနေတဲ့ အချိန်မှာ Ms Ng
ရောက်လာတယ်..။
Ms Ng ရောက်လာတော့ ဒီ စူပါဗိုက်ဇာ လဲ ထွက်သွားတယ်..။
ရှုးရှုးရှားရှား ဒေါသတွေ ထွက်နေတဲ့ ကျွန်တော်ကို Ms Ng ဘယ်တုန်းကတည်းက ပြောဖို့
စောင့်နေမှန်း
မသိပဲ သူ့ဖိုင်ကြားထဲက စာရွက်လေးတစ်ရွက် ထုတ်ပေးတယ်..။
စာရွက်က မဂ္ဂဇင်းတစ်ခုမှ စာရွက်လေးပါ..။
ဒေါသတွေနဲ့ ကျွန်တော်ယူလိုက်တော့ အပေါ်က တရုတ်လိုရေးထားပြီး အောက်က
အင်္ဂလိပ်လို
ဘာသာပြန်ပေးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။
ခေါင်းစဉ်က “ How To Solve The Problem ” တဲ့..။
ပုံပြင်ပေးမဖတ်ခင်မှာ စကားတစ်ခွန်းပြောသေးတယ်..။ ဘယ်တော့မှ မေ့မရစေမဲ့
စကားပေါ့..။

*“ ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ လက် ခေါင်း အတူတူပဲ..
တစ်ခုပဲကွာတယ်.... ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်..ဆိုတာပဲ..။”*

(သူနဲ့ ကျွန်တော် စကားပြောရင်
မလေးလိုမပြောပါဘူး..အင်္ဂလိပ်လိုပဲပြောတာပါ..။)

ပြီးတော့ သူပေးတဲ့ ပုံပြင်ကို ဖတ်ပြီးတော့ ကျွန်တော်
ကိုင်ရိုက်ခံထားရသလိုလို ။
နှိပ်ကွတ်ခံထားရသလိုလို ဖြစ်နေတယ်.။ နောက်တော့ သတိရတိုင်း ဖတ်လေ
အဓိပ္ပါယ်ရှိလေလေ
ဖြစ်စေခဲ့တဲ့ ပုံပြင်လေးပါ တစ်ပုဒ်ပါ..။
ကျွန်တော်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။




*How To Solve The Problem *

*
ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

**
**တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာ လဲရောက်ရော တောင်ကမူလေးတစ်ခုမှာ
ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ
ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင်
ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။
ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး
ငေါက်ကနဲ့ထရပ်လိုက်တယ်.။ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်း တော့
သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက
သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို
ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို
ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့
သစ်ပင်ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက
သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို
ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့
လက်ကြားထဲသွားစိုက်တယ်..။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။ဒါပေမဲ့
ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာကြည့်ပြီး
ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။ပြီးတော့
မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။မြားတဲကို
ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို
တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။
ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့
ခွေး..........။ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး
မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့
ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ ခြင်္သေ့ကလဲ
ခြင်္သေ့ပါပဲ........။.ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။
လောကကြီးမှာလဲ ဒီလိုပါပဲ...ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး
တိုက်ခိုက်တတ်လား...။ပြဿနာရဲ့အစကို ၇ှာပြီး
ပြေလည်အောင်ရှင်းတတ်လား...........ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။

**ငါဟာ...........ခြင်္သေ့..........လား
ခွေး...........လား...။ ။**

အဖြေရလာပါလိမ့်မယ်....။ ။*


source by : ညီညီ

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ