.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

ဟာသလေးဖြင့် အပန်းဖြေနိုင်ကြပါစေ "Sorry နော်.."

ဖုံးသံမြည်လာတယ်
“ဟယ်လို…မိန်းမလား”
“ရှင်……….”
“မိန်းမလား………လို့…..”
“မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ”
“သြော်…အေးအေး…မင်းမမလေးကော….ရှိလား”
“ဟုတ်…”
“ခေါ်ပေးကွာအရေးကြီးလို့”

“..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး”
“ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ..ဟုတ်ဘူးလား”
“ဒီမှာငါကမှ..သူ.ယောင်္ကျား…မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်…
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့………
တောက်…သေမယ့်သာမှတ်…
ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ..”
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်”
“တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း”
“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….”
ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”
အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ…ဆက်ပြော…”
“ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား”
“ရှင်…ဘာကြီး……….”
“ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်”
“ဘာ…ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”
“ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…”
“524895***** လေ….”
“ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..
sorry့ နော်..အဟင်း
ဟို..ဟိုလေ…
phone မှားသွားလို့....

source by; စန်းစန်း

ဆက်လက်ဖတ်ရှု့ရန်...

ရယ်စရာနဲ့ အမောပြေစေဖို့ ဟာသလေးများ............

*ပြေးမယ်ကြံ ထရံကကျိုး*

စိတ်ရောဂါကုဆေးရုံက လူနာတွေအားလုံး အစည်းအဝေးကြိတ်ထိုင်ကြပြီး ဆေးရုံက
ထွက်ပြေးလွတ်မြောက်မယ့် လမ်းကိုရွေး ချယ်ဆုံးဖြတ် လိုက် ကြတယ်။
သူတို့က ဆေးရုံဝင်း ထရံကို ကြက်ဖတစ်ကောင်လို ခုန် ကျော်ဖြတ်နိုင်အောင်
ကြက်ဖတစ်ကောင်ကို ရိုက်သတ်ပြီး ခွဲဝေစားကြတယ်။

ပြီးတော့
သူတို့အားလုံး ၀င်းထရံကိုခုန်ကျော်နိုင်အောင် တိုးတိုး
တိတ်တိတ်ကျိတ်ပြီး လေ့ကျင့်ကြလေတယ်။ နောက်ဆုံး အားလုံး
ခုန်ကျော်တတ်သွားကြတယ်။
ဒီလိုနဲ့ထွက်ပြေးမယ့် နေ့ကို ရောက်လာကြတယ်။ အခြေအနေကို စုံစမ်းလေ့လာဖို့
တစ်ယောက်ကို အရင်လွှတ်လိုက် ကြတယ်။
မကြာခင်မှာ ထိုလူက မျက်နှာမသာမယာနဲ့ ပြန်ရောက်လာလို့ အားလုံးက စိုးရိမ်စွာ
ဝိုင်းမေးလိုက်ကြတယ်။

” အခြေအနေ မကောင်းဖူးလား။ ဘာဖြစ်လာတာလည်း “

” ငါတို့ ပြေးလို့ မဖြစ်တော့ဘူး “

” ဘာဖြစ်လို့လည်း “

” သူတို့က ၀င်းထရံကို ဖြိုလိုက်ကြပြီ”

*ဆရာဝန်တွေ ပြောတဲ့အတိုင်း*

အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။ ဒီတစ်ခါတော့
အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။ ဒီတော့ဆရာဝန်က..

” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။ အရက်ဆိုတာ တဖြည်းဖြည်းချင်းမျှဉ်းပြီး
ဖြတ်ရတယ်။ ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို နှစ်ပက်ထက်ပိုပြီး
မသောက်မိစေဘဲ နေကြည့်စမ်းပါ။ နောက်တစ်ပတ် ကျွန်တေ့်ကိုပြန်လာပြပါ။
တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။ သူ့ကိုယ်က
အရက်နံ့တွေကတစ်ထောင်းထောင်း
ထွက်နေတယ်။ ဒီတော့ ဆရာဝန်က မနှစ်မြို့စွာနဲ့ ..


” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို
နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို ကျွန်တော်
ပြောထားတယ်လေ။ ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။ မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “


*မေ့နေလို့ပါဆိုမှ*

အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။

” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “

” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”

” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “


*လက်ချာပေးသူ*

ည ၁၂နာရီခန့်တွင် ယိုင်တိယိုင်တိုင်လျှောက်လာတဲ့ အရက်သမားကို ကင်းလှည့်နေတဲ့
ရဲကား ကမေးတယ်။

” အချိန်မတော် ဘယ်သွားမလို့လည်း “

” လက်ချာသွားနားထောင်မလို့

” ဒီလို အချိန်ကြီး ခင်ဗျားလို ငမူးကို ဘယ်လိုလူက လက်ချာပေးမှာလည်း “

” ကျွန်တော့ မိန်းမ”


*အားကျစရာ*

” ကြက်ဖတွေဟာ ဘာဖြစ်လို့ တစ်သက်လုံး တွန်နိုင်ကြတာလည်း “

” သူ့မှာ မိန်းမတွေ အများကြီးရှိတယ်။ ဒါပေမယ့် ယောက္ခမ တစ်ယောက်မှမရှိဘူး။
ဒါကြောင့်
တွန်နိုင်တာ “

source by; အချိုင်းပုပ္ပား(ခေတ္တမလေးရှား)

ဆက်လက်ဖတ်ရှု့ရန်...

အမလေး...ဒီလို ယောကျာ်းမျိုးလည်း ရှိသေးတယ်နော်

ဆေးလိပ်၊အရက်၊မိန်းမ ကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး
လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ''ဘာကိစ္စလဲ''
''သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ''
''ဪ ရှင်အရက်မသောက်တတ်ဘူးလား'' '
'မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်''
''ဆေးလိပ်တော့မသောက်ဘူးမလား''
''ဘယ်ကသာ သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ
တနေ့ငါးဘူးလောက်ကုန်တယ်''
''ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်''
''ပေါက်ပေါက်ရှာရှာ မိန်းမဆို ပျိုပျို
အိုအို လာထားပဲ''
''အမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ''
''ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ''

source by;

ဆက်လက်ဖတ်ရှု့ရန်...

လခတွေ အကုန်မသုံးနဲ့နော်..

လခထုတ်ပြီးပထမရက်......


လခထုတ်ပြီးနောက်ဆုံးအပတ်......


source by; သူရိန်လွင်

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ