.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ဒေါင်းဖြူလေးကို ကြည့်သွားကြပါနော် ကံကောင်းတယ်လို့ ပြောကြတာပဲ့ သိလား :)

People say if you see a White Peacock it will bring you good luck.







(source) http://www.shwehosting.com

ဆက်လက်ဖတ်ရှု့ရန်...

ကြေညာချက်အမှတ် ၁/၂၀၁၀ ( လူပျိုကြီး/အပျိုကြီးများသိသာရန် )

၁. သတ်မှတ်ချက်(က)
အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ အမျိုးသား/အမျိုးသမီးများအား
လူပျိုကြီး/အပျိုကြီးအဖြစ် သတ်မှတ်သည်။(ရှိပါက ဆုပ်လည်း ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည်
.. အော် ... လက်ပြောပါတယ်..) ယခင်က
experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက်
အခြေအနေကိုသာဆိုလို သည်။ သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ

လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစားထိုးခြင်း ပြုလုပ်ပါက
ပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမည်ဖြစ်သည်။
၂. သတ်မှတ်ချက်(ခ)
လက်ရှိရည်းစားရှိသော်လည်း လစာကိုလည်းကောင်း
ကုန်ဈေးနှုန်းကိုလည်းကောင်းအမျိုးမျိုးအကြောင်းပြပြီး
လက်ထပ်ရန်အချိန်ဆွဲနေသူများသည်လည်း နောက်တိုးစာရင်းဖြင့်အကျုံးဝင်ကြောင်း
ရှင်းလင်းစွာသိရှိစေရမည်။
တားမြစ်ချက်(က/၁)
အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသော
အပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော်လည်းကောင်း
ငယ်ရွယ်သူအမျိုးသမီး
ငယ်လေးများကိုသော်လည်းကောင်း ယောက်ျားမကောင်းကြောင်း ပြောကြားပါက
အပြစ်ကြီးပါကချက်ခြင်း ကတုံးရိတ်ပြီး သီလရှင်ဝတ်ပေးခံရမည်
ဖြစ်သည်။(သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)

အမျိုးသမီးများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသော
လူပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော်လည်းကောင်း
ငယ်ရွယ်သူအမျိုးသား
ငယ်လေးများကိုသော်လည်းကောင်း မိန်းမ မကောင်းကြောင်း ပြောကြားပါက
အပြစ်ကြီးပါကချက်ခြင်း ကတုံးရိတ်ပြီး ဘုန်းကြီးဝတ်ပေးခံရမည်၊ မြိုင်ရပ်သို့ နှင်မည်
ဖြစ်သည်။(သို့မှသာ မိန်းမများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည် သို့ သော်..
သူယောင်မယ်ကလေးများနှင့်တွေ့ လျှင်.............)
တားမြစ်ချက်(က/၂)
အချစ်ရေးနှင့်ပါတ်သတ်ပြီး
အချစ်ရေးနှင့်ပါတ်သတ်ပြီး အချစ်သည်မကောင်းကြောင်းအထက်ပါအတိုင်း ကျူးလွန်ပါက
မြို့လည်ခေါင် လူစည်ကားရာ(ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအ၀ိုင်း၊
အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁နာရီတိတိ
မချစ်ရင်မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။ (သို့မှသာ အပြစ်ကို
အကျိုးဆောင်ပြီး ကျေစေနိုင်မည်ဖြစ်သည်)
တားမြစ်ချက်(က/၃)
အိမ်ထောင်ရေးနှင့်ပါတ်သတ်ပြီး
အထက်ပါ အကျုံးဝင်သူလူပျိုကြီး/အပျိုကြီးများသည် အိမ်ထောင်ရေးမကောင်းကြောင်းကို
(ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်း ပြောကြားခဲ့သည်ဖြစ်သော်
အိမ်ထောင်ရေးကောင်းကြောင်း နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင်
စာတွေ့လက်တွေ့ကို ကာလအပိုင်းအခြားတခုအထိ သင်တန်းတက် ရောက်ရမည်။
မှတ်ချက်(၁) ။ ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့
ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်းသိရှိစေရမည်။ တဆက်တည်းတွင်
ထိုသင်တန်းအတွက် သင်တန်းနည်းပြဆရာ များ အလိုရှိနေသည်ဖြစ်ရာ
ယောက်ျား/မိန်းမ တို့တတ်အပ်သောပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း /မိန်းမတိုင်း အသက်
အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ လာရောက်လျောက်ထားနိုင်သည်။(
လူဦးရေကန့်သတ်မထားသော်လည်း ဦးရာလူနေရာကောင်း ရမည်....ဥယာဉ်မှုးထံတွင်စုံစမ်းနိုင်သည်...)
မှတ်ချက်(၂)။ ။အဆိုပါ လူပျိုကြီး /အပျိုကြီးများပြစ်မှုကျူးလွန်ရာတွင်
ပါးစပ်ဖြင့်မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်း Mail
ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။
Final တားမြစ်ချက်
ယောက်ျားများ၏အချစ်/မိန်းခလေးများဧ၊်အချစ် သည်မယုံကြည်ရသောကြောင့် ၄င်းတို့နှင့်
အိမ်ထောင်မပြုသင့်ဟုပြောဆိုခဲ့ပါမူ တားမြစ်ချက်
(၁။က/ခ/ဂ) တို့အားတပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃)
ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။
နောက်ဆုံးပိတ်ကြေညာချက်
အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစား
အချိန်မရွေး ပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ် ပြီး အပြည်ပြည်ဆိုင်ရာ
လူသားမျိုးနွယ် စောင့်ရှောက်ရေးအသင်းကြီးမှ နေ့ညမပြတ်စောင့်ကြည့်ခြင်းခံရမည်။
အခါအခွင့်သင့်သော လူသားမျိုးနွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲများတွင်
ဓါတ်ပုံနှင့်တကွ ရှုံ့ချခြင်းခံရမည်။
လူပျိုကြီး/အပျိုကြီးများ ရှင်းလင်းစွာနားလည်သဘောပေါက်စေလိုသည်မှာ
မိမိတို့ညံ့ဖျင်းသောကြောင့်သာ ဘ၀ကြင်ဖော်ရှာမရသေးသည် ဖြစ်ကြောင်းပင် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီး

ဆက်လက်ဖတ်ရှု့ရန်...

သယ်ရင် အသဲကွဲနေသလား အောက်ပါ နည်းလမ်းအတိုင်း စိတ်ဖြေကြည့်ပါ :P

သင်အသဲကွဲနေပါသလား? ဒါဆိုအောက်ကစာလေးအတိုင်းလိုက်လုပ်ကြည့် ပါ

(၁)လူကို အစာကျွေးပါ၊ မျက်စိကိုအစာကျွေးပါ

(၂)လေးနာရီနှင့် အထက်Chatting ထိုင်ပြီး ပက်ပက်စက်စက်ကြူပါ၊ အညောင်းမိလျှင် မာဆက် သွားပါ


(၃)သီချင်းနားထောင်ပါ၊ ဘာသီချင်းဖြစ်ဖြစ်ပါ..
ဖြူဖြူကျော်သိန်းလို လည်ချောင်းကွဲအောင် အော်သောသီချင်းဖြစ်ဖြစ်.. Hip Hop Rappingများကဲ့သို့ လျှာဘတ်လဘိုင် လိုက်အောင် မြန်သော သီချင်းစာသားများဖြစ်ဖြစ် အားရပါးရ တစ်ယောက်တည်း လိုက်ဆိုပါ.

(၄)Game ဆော့ပါ။ ခုတ်ခြင်း ထစ်ခြင်း သတ်ခြင်း ဖြတ်ခြင်းများသော ဂိမ်းဆော့ပါ... ရီးစားဟောင်း မျက်နှာကို မြင်ယောင်၍ အားရပါးရ ခုတ်ထစ်သတ်ပလိုက်ပါ...

(၅)Online ကတစ်ယောက်ယောက်ကိုစချစ်ပါ(P.Sဓာက်ပုံ ကြည့် ပြီးမှချစ်ပါ)
ကုလားကြီး အရာကြီးဖြစ်နေလျှင် ပိုးစိုးပက်စက်ကွဲနေသည့် အသဲေ-ာက်ကျိုးနဲသွားနိုင်သည်

(၆)အလုပ်ရှုပ်စေမဲ့ အရှုပ်တွေလုပ်ပါ.. မရှင်းနိုင်လောက်သော ပြဿနာများကို ရှာပါ..

(၇)ကြုံတဲ့လူနဲ့ ဖုန်းပြောပါ၊ ပိန်းရွက်ပေါ် ပက်ကျိကျပီး ရုံးပတီသီးအိုးထဲ ချောတိုင်တတ်နေသလို ချွဲပစ်နေသောအသံဖြင့် သာပြောပါ

(၈)အရည်မရ အဖက်မရ အလုပ်ဆို အခကြေးငွေမရသည့်တိုင် အားသွန်စိုက်လုပ်ပါ

(၉)တစ်ပြိုင်နက်တည်း ရည်းစား4ယောက် လောက်ထားပါ.. အဲထက်မကအောင် အစွမ်းစရှိလျှင်လည်း ထားနိုင်ပါသေးပါသည်..

(၁၀)ဆံပင် color ,style.type အားလုံးပြောင်းပါ။ တက်နိုင်သူများ Sex ပါ ပြောင်းပလိုက်ပါ. ပီးရင် ရီးစားဟောင်း၏ ရီးစားကို ပြန်၍ ကြံစည်ခြင်းဖြင့် လက်စားချေလိုက်ပါ...

(၁၁)သွားခဲ့ဖူးသည့် နေရာများကို နောက်ရည်းစားဖြင့် ထပ်သွားပါ၊ တိုးခဲ့ဖူးသည့် ခြုံကိုရှင်းပစ်ချင်သည့် စိတ်ရှိလျှင် တောမီးရှို့ ပါ.. စည်ပင်က အရေးယူလျှင်တော့ ကိုယ့်ခြေထောက်ကို အားကိုး၍ ပြေးပါ....


ဆက်လက်ဖတ်ရှု့ရန်...

သယ်ရင်းတို့ စားနိုင်ကြလိမ့်မယ် လို့မျှော်လင့်ပါတယ် :P

XXL Restaurant

































ဆက်လက်ဖတ်ရှု့ရန်...

မိန်းမကောင်းအင်္ဂါ ၆၄ ရပ်

မိန်းမကောင်းတွေ မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေပါ ....

မိန်းမကောင်းအင်္ဂါ ၆၄ ရပ်

ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ ............................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ............................... ၁ ရပ်
(၆)အသံလက္ခဏာ .................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ................................. ၈ ရပ်
(၈)သွားလက္ခဏာ .................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ................................ ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ................................. ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကိုရှာဖွေ တွေ့ရှိခြင်းမရှိပါ။ (စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။ လင်္ကျာရစ်လည်သောအချက်
၃။ လင်္ကျာရစ်လည်သောဗွေ
၎။ ရွှေသောအဆင်း
၅။ နက်သောချက်
၆။ ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ ကြီးမြတ်သော သားမြတ်
၉။ ဆင်ကဲ့သို့ သွားခြင်း
၁၀။ သိမ်မွေ့ သော ခါးရှိခြင်း
၁၁။ သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ ကောင်းသောကိုယ်ရှိခြင်း
၁၃။ ဖွံ့ သောပေါင်ရှိခြင်း
၁၄။ ကိုယ်မွေးနည်းခြင်း
၁၅။ လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ ဖြူစင်သောနှလုံးရှိခြင်း
၂။ ကောင်းသောအကျင့်သီလရှိခြင်း
၃။ စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ ချစ်ခင်နှစ်သက်ခြင်း
၅။ အရိပ်ခြေသိခြင်း
၆။ ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။ လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။ အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။ လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ ရှည်သောမျက်နှာရှိခြင်း
၃။ နီသောနှုတ်ခမ်းရှိခြင်း
၎။ ဖြိုးမောက်သောနှာတံရှိခြင်း
၅။ ပြည့် ဖြိုးသောပါးရှိခြင်း
၆။ မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန်အလံတိုင် အရေးရှိခြင်း
၇။ သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။ မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။ သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။ အဖျားကော့သော ဆံပင်ရှိခြင်း
၂။ ရှည်သော ဆံပင်ရှိခြင်း
၃။ သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း
(ဆရာကြီး ဦးထွန်းလှ)

ဆက်လက်ဖတ်ရှု့ရန်...

အချစ်စစ် ဆိုတာ

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ
အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က
ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး
ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့
အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ
မနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ
ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို
စိတ်ဆိုးမှာလား”..

*“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ
ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*

ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း
မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”


အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ
ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

*” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
သိနေသေးတယ်လေ” *

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်
ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က
ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က
နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ
ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့
ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့
အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ
မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က
အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို
အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်တော်တို့ တတွေရဲ့
ဘ၀မှာ *အချစ်စစ် *ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ်
… ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့
အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…
ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင်
သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….
ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့
တန်ဖိုးထားလေးစားရမှာပါ……


ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ
*အချစ်စစ်
*ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….


ဆက်လက်ဖတ်ရှု့ရန်...

ရီမောခြင်းနှင့် ပျော်ရွှင်နိုင်ကြပါစေ

အသက်ရှည်ကြာနေထိုင်နိုင်ရာ အောက်ပါအစားအစာများ တွဲဖက်စားခြင်းမှ ရှောင်ကြဉ်ပါ။

၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး

၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်

အဲဒါတွေကိုတွဲမစားနဲ့နော် ... စားမိလို့ ဘာညာဘာညာဆိုရင်တော့ ခံစားရ မသက်သာဘူးတဲ့ ........
ဟဲ ... ဟဲ ... ဟဲ ... ရယ်မောနှစ်သက်နိုင်ပါစေ .....
(source)sheinwaenaung

ဆက်လက်ဖတ်ရှု့ရန်...

funny one :D hehe

သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့
လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့
အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”



သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့
မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက
ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို
တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက်
ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”

သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊
အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို
ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”


သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့
ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ
အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို
စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”

(source) bluecorbra

ဆက်လက်ဖတ်ရှု့ရန်...

World's Most Beautiful Border

World's Most Beautiful Border












(source) စင်္ကာပူ လူလေး

ဆက်လက်ဖတ်ရှု့ရန်...

ဒုက္ခသည်များ တရားဝင် နေထိုင်ခွင့် ကတ်ပြား မလေးရှားက ထုတ်ပေးမည်


မလေးရှား နိုင်ငံ၌ ကုလသမဂ္ဂ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခံထားရ သူများကို တတိယ နိုင်ငံ အခြေမချ နိုင်ခင် စပ်ကြား ကာလတွင် အသုံးပြုနိုင်ရန် မလေးရှား အစိုးရက တရားဝင် နေထိုင်ခွင့် ကတ်ပြား တမျိုးကို ထုတ်ပေးသွားရန် စီစဉ် နေကြောင်း သိရသည်။

မလေးရှားရောက် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီး ရာတွင် ဒုက္ခသည် အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင် ထားသူတို့ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးမှု များပြား လာနေခြင်း၊ လက်ရှိ ဒုက္ခသည်ဦးရေနှင့် တတိယ နိုင်ငံသို့ ထွက်ခွာခွင့် ရရှိသူတို့၏ အချိုးအစား ကွာဟနေခြင်း တို့ကြောင့် ယင်းကဲ့သို့ စီစဉ်ရန် အစိုးရနှင့် သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူ အခြေစိုက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရုံး ပြောခွင့်ရပုဂ္ဂိုလ် မစ္စစ် ယန်တီး အစ္စမေးလ်က သတင်းစာ ရှင်းလင်းပွဲ တရပ်တွင် ပြောကြားသည်။



အသစ်ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့် ကတ်ပြားကို မည်သည့်အချိန် စတင်ထုတ်ပေးမည်ကို မပြောကြားသေးသော်လည်း အဆိုပါ ကတ်ပြား ကိုင်ဆောင်ထားသူသည် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းမှ ကင်းလွတ်မည်ဖြစ်ပြီး မလေးရှားတွင် ရှိနေစဉ် အတွင်း အလုပ် လုပ်ကိုင်ခွင့်လည်း ရရှိမည်ဖြစ်သည်။

အဆိုပါ ကတ်ပြား၏ သက်တမ်း သတ်မှတ်ရေး အပါအဝင် အသေးစိတ် အစီအစဉ်ကို ယူအန်အိပ်ခ်ျစီအာနှင့် မလေးရှား ပြည်ထဲရေးဝန်ကြီးတို့က ဆက်လက် ဆွေးနွေးသွားရန်ရှိသည်။

ထိုအစီအစဉ်ကို မလေးရှားရောက် အလုပ်သမားရေးရာအဖွဲ့အစည်းတို့က ကြိုဆိုကြကြောင်း သိရသည်။

ကွာလာလမ်ပူမှ အလုပ်သမားအရေး ကူညီပေးနေသူ ကိုကျော်ထွန်းမင်းက “မလေးရှားအစိုးရက ဇန်နဝါရီ (၁၅) ရက်နေ့ ကတည်းက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီး အရေးယူမယ်လို့ ကြေညာပြီး နောက်ပိုင်းမှာ ဒုက္ခသည်ကတ် ကိုင်ထား သူတွေကိုလည်း ဖမ်းဆီး သွားကြတယ်။ လဝက်အတွင်းမှာ မြန်မာအလုပ်သမားတွေ ထောင်ချီ အဖမ်းခံလိုက်ရတယ်။ ဒုက္ခသည်ကတ် ရှိတဲ့ သူတွေကို ယူအန်ရုံးက တယောက်ချင်း ပြန်ထုတ် ရတယ်။ ဒီကိစ္စ ပြေလည်အောင်လို့ အစိုးရနဲ့ ယူအန်ကြားမှာ ဆွေးနွေး ကြပြီးတော့ အခုလို အဖြေထွက်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မလေးရှား နိုင်ငံသည် ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု စာချုပ်ကို လက်မှတ် ရေးထိုး ထားခြင်း မရှိသေးချေ။

တရားဝင် နေထိုင်ခွင့် ကတ်ပြား ထုတ်ပေး လိုက်ခြင်းဖြင့် မလေးရှား နိုင်ငံတွင် လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့် ပိုမိုများပြားလာ နိုင်၍ တတိယနိုင်ငံသို့ အခြေချလိုသည့် ဦးရေလည်း လျော့နည်းသွားနိုင်ကြောင်း ကိုကျော်ထွန်းမင်းက ပြောကြားသည်။

မလေးရှား နိုင်ငံတွင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခံထားရသူ (၇၅,၀၀၀) ကျော်အနက် (၆၀,၀၀၀) ကျော်မှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း ယူအန်အိပ်ခ်ျစီအာ စာရင်းတွင် ဖော်ပြထားသည်။


(source) ခေတ်ပြိုင်


ဆက်လက်ဖတ်ရှု့ရန်...

မလေးရှားက ဒုက္ခသည်များကို ယာယီ နေခွင့်ပြုရန် စီစဉ်

ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားသူများကို မလေးရှား အစိုးရက ယာယီနေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးရန် ပထမဆုံး အကြိမ်အဖြစ် စီစဉ်နေကြောင်း သိရသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေအတွင်းရေးမှူး Mahmood Adamက လက်မှတ် ပြုလုပ်ပေးမည့် အချိန်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ဆွေးနွေးမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ပြောဆိုကြောင်း တနင်္ဂနွေနေ့ထုတ် AP သတင်းတပုဒ်တွင် ရေးသားထားသည်။

မလေးရှားအာဏာပိုင်တို့က တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ဖမ်းဆီးရာတွင် ဒုက္ခသည်များလည်း မကြာခဏ အဖမ်းခံရလေ့ ရှိသည်။ ယခု ထုတ်ပေးရန် စီစဉ်နေသည့် ယာယီနေထိုင်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားပါက ဖမ်းဆီးထိန်းသိမ်းမှုမှ ကင်းလွတ်မည် ဖြစ်သည်။



မလေးရှားအစိုးရ၏ ယာယီနေထိုင်ခွင့် လက်မှတ် အစီအစဉ်ကို UNHCR နှင့် မလေးရှားအခြေစိုက် လူမှု ကူညီရေး အဖွဲ့များက ကြိုဆိုလိုက်သည်။

UNHCR ပြောခွင့်ရ ပုဂ္ဂိုလ် Yante Ismailက “ဒုက္ခသည်တွေကို ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး မလေးရှား အစိုးရနဲ့ ကျမတို့ ဆွေးနွေးခဲ့ပါတယ်၊ မလေးရှားအစိုးရက အဲဒီအတိုင်း ဆောင်ရွက်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မလေးရှား အခြေစိုက် ချင်းဒုက္ခသည် ကော်မတီမှ အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးတင်မောင်ဆွေက “ဒီကတ်ထုတ်ပေး လိုက်လို့ လွတ်လွတ် လပ်လပ် နေထိုင်ခွင့် အလုပ် လုပ်ခွင့် ရှိမယ် ဆိုရင်တော့ တတိယနိုင်ငံသွားတဲ့ ကဏ္ဍကို နည်းနည်း မေ့သွားမလား ဆိုပြီးတော့ မြင်တယ်” ဟု ပြောသည်။

ရခိုင် ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးက “ရှင်းရှင်းလင်းလင်း ဖြစ်သွားတာက မြန်မာပြည်က ဒုက္ခသည်တွေကို တနည်းနဲ့ လက်ခံလိုက်တဲ့ သဘောပေါ့” ဟု ပြောသည်။

ကုလသမဂ္ဂ၏ ဒုက္ခသည်များ ခိုလှုံခွင့် ဆိုင်ရာ သဘောတူစာချုပ်ကို မလေးရှားက လက်မှတ် ရေးထိုး ထားခြင်းမရှိသေးပေ။

မလေးရှားတွင် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ တရားမ၀င် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရန် UNHCR ၏ အကူအညီကို တောင်းခံသူ အများအပြား ရှိကြောင်း သိရသည်။

တချို့သော မြန်မာပြည်သားများက ပြည်တော်ပြန်လျှင် အန္တရာယ် မရှိသော်လည်း မလေးရှားတွင် ဆက်လက်နေထိုင်ရန်၊ တတိယနိုင်ငံတခုသို့ သွားရောက်ခွင့်ရရန် စသည့် ရည်ရွယ်ချက်များဖြင့် UNHCR ကို ချဉ်းကပ်ကြသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ နိုင်ငံစုံမှ လူပေါင်း ၇၅၆၀၀ ခန့်ရှိကြောင်း UNHCR၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“ဒုက္ခသည်တွေရဲ့ ၉၁ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်” ဟု UNHCR အရာရှိ Yante Ismail က ဆိုသည်။


(source) ဧရာဝတီ

ဆက်လက်ဖတ်ရှု့ရန်...

ချစ်သူများနေ့တဲ့လား

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက် ''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား???ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊ ... တွေ၊ .... တွေ
ဟိုက သည်က အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...


ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့ ၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့ သဘောမကြီးမြတ်တဲ့ ပဒေသရာဇ် ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့ တာနီမြို့က Saint Valentiuns ဆိုတဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီး ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့ ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက် သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့ အဲဒီနေ့ ....
စနေနေ့ မနက် အရုဏ်တက်လို့ မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့ ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ် အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ် ရင်သွေးတွေကို ချစ်တယ် အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး တိုင်းပြည်ကိုပေးပြီး ဘာမှ ယူမသွားရှာလေတဲ့ ....

ချစ်သူကောင်းတစ်ယောက် ယောက်ျားးကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက် အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့ ချစ်ဖို့မေ့နေကြတာ ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'


ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....

(source) အချိုင်းပုပ္ပါး

ဆက်လက်ဖတ်ရှု့ရန်...

Smiles !!! အပြုံးများ..( ပြုံးပါ၊ ပြုံးစမ်းပါ၊ ပြုံးလိုက်စမ်းပါ..)

ကြည့်လိုက်ပါနော် တော်တော်လေးကို စိတ်ချမ်းသာတယ်ဗျ
joe
ပုံလေးတွေကိုကြည့်ပါ...
ကြည့်ရင်း အလိုလိုပြုံးမိပါလိမ့်မယ်...
ပြုံးကိုပြုံးမိပါလိမ့်မယ်...
♪soelay♪

(Smile since you were kids)


ကျေးဇူးပြု၍ ရီချင်တယ်ဆိုရင် လက်ဆက်ဖတ်ရှု့ရန်..... ဆိုတာကို ထပ်နှိပ်လိုက်ပါ မိတ်ဆွေတို့ :P

(To be beautiful when you grow up)


(Even your beauty faded...but still look so happy)

No matter what bad things happen to you but Keep Smile on your face.

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊
ပညာရှိသူကိုမှီဝဲဆည်းကပ်ခြင်း ၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊
ဤတရား သုံးပါးကမြတ်သောမင်္ဂလာပါ....

(source) စင်္ကာပူ လူလေး

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ