.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ဟန်းဖုန်းသုံးသူများအတွက်အရေးကြီးသတင်း

လွန်ခဲ့တဲ့သုံးရက်က ကျွန်မရဲ့သူငယ်ချင်း တစ်ယောက်ဟာ သူ့အိမ်မှာ ချက်ပြုတ်နေရင်း နဲ့

ဟန်းဖုန်းသုံးပါတယ်။ ရုတ်တရက် မီးဖိုချောင် Gas အိုး ထပေါက်ပြီး

သူငယ်ချင်းလည်း ကလန်း(klang)ဆေးရုံ အရေးပေါ်ဌာနမှာ ဆေးရုံတက် ကုသမှုခံနေခဲ့ရပါတယ်။

သူ့ခန္ဓာကိုယ်ရဲ့ ၄၀% (တစ်ဝက်နီးပါး) မီးလောင်သွားပါတယ်။ ဒီနေ့ နေ့လည် သူမသေဆုံးသွားပါတယ်။

ဒါကြောင့်သူငယ်ချင်းအားလုံးရှင်….

GAS မီးဖိုနား မှာ ဟန်းဖုန်း လုံးဝမသုံးဖို့ မေတ္တာရှေ့ထားပြီး ပြောကြားလိုပါတယ်။

ဒါကြောင့် မြန်မာပြည်မှာလဲ ကားတွေ GAS ဖြည့်နေစဉ် ဟန်းဖုန်းမသုံးဖို့တားမြစ်ထားပါတယ်။

ဟန်းဖုန်း ရဲ့ သံလိုက်ဓါတ် လှိုင်းတွေ်နဲ့ တုန်ခါမှုမှုတွေ ဟာ GAS အိုးကို ပေါက်ကွဲစေတဲ့ သတ္တိတွေ ရှိပါတယ်။

သူငယ်ချင်းများ ဆင်ခြင်နိုင်ကြပါစေ…..။

source by; အဆွေတော်လေး

ဆက်လက်ဖတ်ရှု့ရန်...

အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲမှု ပုံရိပ်များ

Since its initial eruptions on October 25th, Indonesia's Mount Merapi continues to spew hot gases and ash as far as 5,000 meters into the atmosphere, wreaking havoc on surrounding villages and farms, and disrupting air travel - and more than 140 people have been killed by the eruptions over the past two weeks. Hundreds of thousands of residents have been displaced, many of them living in temporary shelters until the Indonesian government reduces the existing 20 km "safe zone", and allows them and their livestock to return. Collected here are recent images from the area near the unpredictable Mount Merapi as it still rumbles and erupts.





















source by; လူလေး(ခေတ္တစင်္ကာပူ)

ဆက်လက်ဖတ်ရှု့ရန်...

ထင်းခုတ်သမားနှစ်ဦး

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။
အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို
သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန်
ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့
ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက်
စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ
တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့်
အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့
ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့
ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက
“အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့
အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး
သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့
မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို
တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ်
သွားနိုင်တယ်။

source by;

ဆက်လက်ဖတ်ရှု့ရန်...

၂၀၁၂ မှာကြုံတွေ့နိုင်တဲ့ ပြဿနာ

ကျနော်က ဒီပို့စ် လေးကို သူများဆီက ကူးတာ ၀န်ခံပါတယ် ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ မူရင်းဆိုဒ် လိပ်စာ ကို အောက်ဖက်မှာ ဖော်ပြထားပါတယ် ။ ဒီပို့စ် လေးက စိတ်ဝင်စား ဗဟုသုတ လည်း ရစေတဲ့အတွက် မသိသေးတဲ့ သူငယ်ချင်းများကို ပြန်လည် မျှဝေတာလည်း ဖြစ်ပါတယ် ။ သိပြီးသားသူများကိုလည်း အထူးတောင်းပန်ပါတယ်ခင်ဗျား ။ ဒီပို့စ် လေးထဲမှာ ပါတဲ့ အကြောင်းအရာတွေဟာ လူတိုင်း သိသင့်သိထိုက်တယ်လို့ ထင်ပါတယ် ခင်ဗျား. ... လာရောက် ဖတ်ရှု့အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ...........

၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မယ်လို့ Dooms Day ရုပ်ရှင်ကားကြီးမှာ ရိုက်ပြထားလို့ လူတွေအများကတော့ ထိတ်လန့် နေကြပါတယ်။ မာယာလူမျိုးတို့ရဲ့ ၂၀၁၂ မှာ ကုန်ဆုံးတော့မယ့် ပက္ခဒိန်ရဲ့အလိုအရ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာတစ်ခုကတော့ ၂၀၁၂ မှာ သိပ္ပံအလိုအရကလည်း ဖြစ်လာနိုင်တာတွေကလည်းရှိနေပြီး တိုက်ဆိုင် နေလေတော့ ၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့ ပြဿနာဟာ ကာတွန်းရုပ်တွေနဲ့လူတွေနဲ့ရောနေတဲ့ ရုပ်ရှင်ကြည့်ရသလို အားလုံးဟုတ်သလားဆိုတော့လည်း မဟုတ်ပါဘူး။ ဒီလိုဆို အားလုံးမဟုတ်တာတွေလား ဆိုပြန်တော့ လည်း မဟုတ်ပြန်ပေဘူးပေါ့ဗျာ။
သိပ္ပံဆိုင်ရာ နက္ခတ်ပညာရပ်ရဲ့အဆိုအရ ၂၀၁၂ မှာ Galactic Crossing ဖြစ်ပါလိမ့်မယ်တဲ့။

ဆိုလိုတာကတော့ ၂၀၁၂ မှာ နေစကြာဝဠာကြီးဟာ နဂါးငွေ့တန်း(Galaxy)ကိုဖြတ်ပါလိမ့်မယ်တဲ့။ နှစ်ပေါင်း(၆၄)သန်းကြာမှ တစ်ကြိမ်ဖြတ်တဲ့ကိစ္စပါ။ ခက်တာက နောက်ဆုံးဖြတ်ခဲ့တဲ့အချိန်ကစပြီး ဘယ်အချိန်မှာ နှစ်ပေါင်း(၆၄)သန်းပြည့်မှာလည်းဆိုတော့ ၂၀၁၂ မှာပါတဲ့။ ဒီတော့ နေတို့၊ကမ္ဘာတို့အပါအ၀င်ဖြစ်နေတဲ့ နေစကြာဝဠာကြီးဟာ နဂါးငွေ့တန်းကိုဖြတ်တော့ ဘာတွေဖြစ်လာနိုင် သလည်း ? ။ ဒါက စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းကိုဖြေဖို့ နဂါးငွေ့တန်းဆိုတာဘယ်လိုဟာမျိုးလည်းဆိုတာ အရင် သိဖို့လိုလာပါတယ်။ သိပ္ပံရဲကအဆိုအရက တော့ နဂါးငွေ့တန်းဆိုတာ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဥက္ကာပျံတွေ၊ Meteoirds, Asteroids တွေ၊ ကော့စမစ်ရောင်ခြည်တွေ၊ အလွန်ထူထပ်စုစည်းနေတဲ့ ကြီးမားလှတဲ့ ဒြဗ်ထုနယ်ပယ်အစုအဝေးကြီးကိုခေါ်တာဖြစ်ပါတယ်။ ဒိတော့ နေစကြာဝဠာကြီး က ဒီနယ်ပယ်ကြီးကိုဖြတ်မယ်ဆိုရင် အများဆုံးဖြစ်လာနိုင်တာတွေကတော့
(၁) ဂြိုဟ်အသစ်တွေ၊ ကြယ်အသစ်တွေ ထပ်တွေ့လာမယ်။
(၂) အခြားဂြိုဟ်တစ်ခုခုနဲ့တိုက်မိခိုက်မိလာနိုင်တယ်။
(၃) နေတို့၊ကမ္ဘာတို့အပေါ်မှာ ဒြဗ်ဆွဲအားတွေ တိုးလာမယ်။


အလွန်အားကောင်းတဲ့အဝေးကြည့်မှန်ပြောင်းတွေတီထွင်လာနိုင်တာရဲ့ကျေးဇူးကြောင့် အခု ၂၀၀၉ အနှောင်းပိုင်းကစပြီး ၂၀၁၀လက်ရှိကာလအထိ ဂြိုဟ်အသစ်(၅)လုံးကို ၂၀၁၀ နှစ်အဆန်းပိုင်းက နာဆာအဖွဲ့ကြီးကတွေ့ခဲ့ကြတယ်။ ကမ္ဘထက်ပိုကြီးတဲ့ ဂြိုဟ်အသစ်တွေ၊ အင်္ဂါဂြိုဟ်နဲ့စနေဂြိုဟ်တို့ပေါ်မှာရေရှိတဲ့အထောက်အထားတွေ၊ ကြယ်အသစ်တွေ စတွေ့လာကြပါတယ်။ ၂၀၀၉ အဗနှာင်းပိုင်းမှာလည်း ကမ္ဘာနဲ့အလှမ်းဝေးတဲ အာကာသဟင်းလင်းပြင်မှာ ဂြိုဟ်နှစ်ခု တိုက်မိကြတာကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။


ဒြဗ်ဆွဲအားတွေတိုးလာတာနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တာတွေကတော့ နေမင်းကြီးဟာ ပိုမိုလှုပ်ရှားမှုတွေတိုးလာနိုင်ပြီး၊ ကမ္ဘာကြီးအနေနဲ့ကတော့ အပေါ်ယံကမြေသားလွှာတွေ ပိုမိုလှုပ်ရှားမှုတွေများလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတာဘဲဖြစ်ပါတယ်။ ၂၀၁၀ နှစ်ဆန်းပိုင်းမှာ နေကနေ စွမ်းအင်တွေအများကြီးထွက်နေတဲ့ နေရာ(၅)နေရာကိုတွေ့ခဲ့ကြရပြန်ပါတယ်။ နေရဲ့အပေါ်မှာ ပေါက်ကွဲမှုတွေ၊ ဖြာထွက်မှုတွေနဲ့ နေမင်းကြီးဟာ အခု ၂၀၀၉-၂၀၁၀ အတွင်းမှာ ထူးထူးခြားခြား လှုပ်ရှားမှုတွေ(Activities)တွေများနေတာကို တွေ့ရှိခဲ့ကြရပါတယ်။ ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံဟာ သိကြတဲ့အတိုင်း အပေါ်ယံအလွှာဆိုတာက လိမ္မော်သီးတစ်လုံးလို အပေါ်ယံအလွှာကအခွံလိုဖြစ်နေလေတော့ ဆွဲအားများ လာရင် ကမ္ဘာရဲ့အပေါ်ကအုပ်ထားတဲ့ မြေသားလွှာ(Plates) တွေဟာ ရွေ့လျားလာနိုင်ပါတယ်။ ဒါဆိုရင် မြေငလျင် လှုပ်ရှားမှုတွေတိုးလာနိုင်ပါတယ်။ အဲဒီမှာ လှုပ်တဲ့ငလျင်ဟာ ပင်လယ်ရေအောင်ငလျင်(maritime earthquake)တွေ ဖြစ်နေမယ်ဆိုရင်တော့ ဆူနာမီလိုရေလွှမ်းမိုးမှုတွေကလည်း ဖြစ်လာပါတော့မယ်။ ဒြဗ်ဆွဲအားတိုးလာမှုကြောင့် နောက်ထပ်ဖြစ်လာနိုင်တာတစ်ခုကတော့ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေ ရွေ့လျှား (Pole Shift)လာနိုင်တာပါဘဲ။

ကမ္ဘာကြီးရဲ့အတိတ်သမိုင်းမှာ သံလိုက်ဝင်ရိုးစွန်းတွေ ရွေ့လျှားခဲ့ဘူးတဲ့သမိုင်းတွေရှိခဲ့ဘူးပါတယ်။ ကမ္ဘာ့သံလိုက် မြောက်ဝင်ရိုးစွန်းဟာ လက်ရှိမှာ ကနေဒါနိုင်ငံရဲ့ Baffin Bay ထဲမှာတည်ရျိနေပါတယ်။ အဲဒီဝင်ရိုးစွန်းဟာ အရှေ့ဖက်ကို တစ်နှစ်(၄၀)ကီလိုမီတာနှုန်းလောက်နဲ့တဖြည်းဖြည်းချင်းရွေ့နေပါတယ်။ ဆယ်စုနှစ်အတန်ကြာရင် အာရှတိုက်အလယ်မှာ ရှိတဲ့ ဆိုက်ဘေးရီးယားကုန်းမြေ(Siberian Land) ဆီကိုရောက်လာလိမ့်မယ်လို သိပ္ပံပညာရှင်များကတွက်ဆ ထားကြ ပါတယ်။ နောက်ဆယ်စုနှစ်အတော်အတန်ကြာတဲ့အခါမှာတော့ ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးစွန်းဟာ ပစိဖိတ်သမုဒ္ဒယာရဲ့ အလယ် အီကွေတာရပ်ဝန်းမှာတည်ရှိနေတဲ့ ဖီဂျီကျွန်းကိုရောက်ရှိသွားပါလိမ့်မယ်လို့ဆိုပါတယ်။ ဒါဆိုရင်တော့ သံလိုက်မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာ့ပထ၀ီဝင်မြောက်ဝင်ရီုးစွန်းအရပ်ကနေ အီကွေတာအရပ်ဆီကို ပြောင်းရွှေ့သွားတာ ဖြစ်လို့ ကမ္ဘာကြီးပေါ်မှာ ပြဿနာတွေအများကြီးရှုတ်ထွေးလာနိုင်ပါတယ်။ ပထမဆုံးဖြစ်လာမှာကတော့ ကမ္ဘာ့သံလိုက် စက်ကွင်းအားလမ်းတွေအပြောင်းအရွှေ့တွေဖြစ်လာကြပြီး၊ သဘာဝချင်း ဆန့်ကျင်ဖက်ဖြစ်ကြတဲ့ သံလိုက်မြောင်ဝင်ရိုး အားလမ်းကြောင်းတွေနဲ့ တောင်ဝင်ရိုးအားလမ်းကြောင်းတွေ ရောထွေးကုန်ကြမှာဖြစ်ပါတယ်။

အားလမ်းကြောင်း လားရာဆန့်ကျင်ဖက်ဖြစ်ကြတဲ့ တောင်ဝင်ရိုးအားလမ်းတွေနဲ့ မြောက်ဝင်ရိုးအားလမ်းကြောင်းတွေရောထွေးကုန်လို့ ထိပ်တိုက်ဆန့်ကျင်ဖက်သက်ရောက်မှုတွေဖြစ်လာရင် တစ်ခုကိုတစ်ခု ချေဖျက်ကုန်ကြပြီး၊ တစ်ချိန်မှာ ကမ္ဘာ့သံလိုက် စက်တွင်းကြီးဟာ သုညစက်ကွင်းပြင်းအား(Zero Magnetic Field) ဖြစ်သွားပါ လိမ့်မယ်။ အဲဒါဆိုရင်တော့ ငမ္ဘာကြီးဟာ ဒုက္ခတွေပင်လယ်ဝေကုန်တော့မှာဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကမ္ဘာ့သံလိုက်အားလမ်းတွေဟာ ကမ္ဘာကြီးကို နေရောင်ခြည်ထဲမျာပါလာတဲ့ စွမ်းအင်မြင့်ရောင်ခြည်လှိုင်းတွေစ်ြတဲ့ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောသ်ခြည်၊ X ရောင်ခြည်၊ ဂါမာရောင်ခြည် စတဲ့ပြင်းထန်ပြီးလူတွေကို အန္တရာယ် ပေးနိုင်တဲ့ရောင်ခြည်တွေ ကမ္ဘာပေါ်ကိုမကျရောက် နိုင်အောင်အကာအကွယ်ပေးထားလို့ဖြစ်ပါတယ်။

အကြောင်းကတော့ နေရောင်ခြည်ထဲမျောရောပါလာတဲ့ စွမ်းအင်မြင့် ရောင်ခြည်တွေဟာ လျပ်စစ်သံလိုက်လှိုင်းတွေဖြစ်ကြလို့ ကမ္ဘာဆီကိုဝင်လာရာမှာ ကမ္ဘာ့သံလိုက်အားလမ်းတွေနဲ့ အပြန်အလှန်အကျိုးသက်ရောက်မှု(Interaction)တွေဖြစ်ကုန်ကြပြီး ကမ္ဘာမှဝေးရာလမ်းကြောင်းကို ကမ္ဘာ့သံလိုက် အားလမ်းတွေက လမ်းကြောင်းလွှဲပေးလိုက်ကြတာဖြစ်ပါတယ်။ တကယ်လို့သာ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေရွေ့ကုန်လို့ ကမ္ဘာ့သံလိုက်အားလမ်းတွေပျောက်ကွယ်သွားကြမယ်ဆိုရင် စွမ်းအားမြင့်ရောင်ခြည်တွေဟာ ကမ္ဘာပေါ်ကို အဆီးအတားမဲ့ ၀င်ရောက်လာကြတော့မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူသားတွေအ ပါ် မှာ ထိခိုက်မှုတွေရှိလာတော့မျာဖြစ်ပါတယ်။

ဒါးတွေကတော့ (၁) အရေပြားကင်ဆာရောဂါ၊ (၂) မျက်စိအမြင်အာရုံ ပျက်ပြားစေသောရောဂါ နဲ့ (၃) သားသမီး မရနိုင်တော့တဲ့ရောဂါ စတာတွေဘဲဖြစ်ပါတယ်။ ကမ္ဘာ့သံလိုက်စက်ကွင်း ပျက်ပြားသွားမှုကြောင့် နောက်ထပ်အရေးကြီးတဲ့ ဖြစ်လာနိုင်တာတစ်ခုကတော့ လျပ်စစ်သံလိုက်လှိုင်းတွေကို အသုံးပြု နေကြရတဲ့ ကမ္ဘာ့ဆက်သွယ်ရေးစံနစ်တွေအားလုံး ပျက်ပြားသွားနိုင်တာဖြစ်ပါတယ်။ ကောင်းကင်ဆက်သွယ်ရေးစံနစ်တွေ ပျက်ပြားသွားတာနဲ့ ဂြိုဟ်တုဆက်သွယ်ရေး စံနစ်တွေ၊ အသံလွှင့်ဆက်သွယ်ရေးစံနစ်တွေ လေယာဉ်ပျံသန်းမှုတွေ၊ တယ်လိဖုန်းဆက်သွယ်မှုတွေ၊ အသံလွှင့် လုပ်ငန်းတွေ၊ အင်တာနက်စံနစ်တွေ၊ အားလုံးပျက်စီးသွားပါလိမ့်မယ်။ ဒါတွေ ကတော့ ၂၀၁၂ မှာဖြစ်တော့မယ့် Galactic Crossing ကြောင့် ဖြစ်လာနိုင်တဲ့ သိပ္ပံပညာရှင်များတွေးပူနေကြတဲ့ ၂၀၁၂ ပြဿနာတွေဘဲဖြစ်ပါတယ်။


source by;

ဆက်လက်ဖတ်ရှု့ရန်...

ရယ်စရာနဲ့ အမောပြေစေဖို့ ဟာသလေးများ............

*ပြေးမယ်ကြံ ထရံကကျိုး*

စိတ်ရောဂါကုဆေးရုံက လူနာတွေအားလုံး အစည်းအဝေးကြိတ်ထိုင်ကြပြီး ဆေးရုံက
ထွက်ပြေးလွတ်မြောက်မယ့် လမ်းကိုရွေး ချယ်ဆုံးဖြတ် လိုက် ကြတယ်။
သူတို့က ဆေးရုံဝင်း ထရံကို ကြက်ဖတစ်ကောင်လို ခုန် ကျော်ဖြတ်နိုင်အောင်
ကြက်ဖတစ်ကောင်ကို ရိုက်သတ်ပြီး ခွဲဝေစားကြတယ်။

ပြီးတော့
သူတို့အားလုံး ၀င်းထရံကိုခုန်ကျော်နိုင်အောင် တိုးတိုး
တိတ်တိတ်ကျိတ်ပြီး လေ့ကျင့်ကြလေတယ်။ နောက်ဆုံး အားလုံး
ခုန်ကျော်တတ်သွားကြတယ်။
ဒီလိုနဲ့ထွက်ပြေးမယ့် နေ့ကို ရောက်လာကြတယ်။ အခြေအနေကို စုံစမ်းလေ့လာဖို့
တစ်ယောက်ကို အရင်လွှတ်လိုက် ကြတယ်။
မကြာခင်မှာ ထိုလူက မျက်နှာမသာမယာနဲ့ ပြန်ရောက်လာလို့ အားလုံးက စိုးရိမ်စွာ
ဝိုင်းမေးလိုက်ကြတယ်။

” အခြေအနေ မကောင်းဖူးလား။ ဘာဖြစ်လာတာလည်း “

” ငါတို့ ပြေးလို့ မဖြစ်တော့ဘူး “

” ဘာဖြစ်လို့လည်း “

” သူတို့က ၀င်းထရံကို ဖြိုလိုက်ကြပြီ”

*ဆရာဝန်တွေ ပြောတဲ့အတိုင်း*

အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။ ဒီတစ်ခါတော့
အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။ ဒီတော့ဆရာဝန်က..

” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။ အရက်ဆိုတာ တဖြည်းဖြည်းချင်းမျှဉ်းပြီး
ဖြတ်ရတယ်။ ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို နှစ်ပက်ထက်ပိုပြီး
မသောက်မိစေဘဲ နေကြည့်စမ်းပါ။ နောက်တစ်ပတ် ကျွန်တေ့်ကိုပြန်လာပြပါ။
တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။ သူ့ကိုယ်က
အရက်နံ့တွေကတစ်ထောင်းထောင်း
ထွက်နေတယ်။ ဒီတော့ ဆရာဝန်က မနှစ်မြို့စွာနဲ့ ..


” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို
နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို ကျွန်တော်
ပြောထားတယ်လေ။ ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။ မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “


*မေ့နေလို့ပါဆိုမှ*

အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။

” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “

” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”

” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “


*လက်ချာပေးသူ*

ည ၁၂နာရီခန့်တွင် ယိုင်တိယိုင်တိုင်လျှောက်လာတဲ့ အရက်သမားကို ကင်းလှည့်နေတဲ့
ရဲကား ကမေးတယ်။

” အချိန်မတော် ဘယ်သွားမလို့လည်း “

” လက်ချာသွားနားထောင်မလို့

” ဒီလို အချိန်ကြီး ခင်ဗျားလို ငမူးကို ဘယ်လိုလူက လက်ချာပေးမှာလည်း “

” ကျွန်တော့ မိန်းမ”


*အားကျစရာ*

” ကြက်ဖတွေဟာ ဘာဖြစ်လို့ တစ်သက်လုံး တွန်နိုင်ကြတာလည်း “

” သူ့မှာ မိန်းမတွေ အများကြီးရှိတယ်။ ဒါပေမယ့် ယောက္ခမ တစ်ယောက်မှမရှိဘူး။
ဒါကြောင့်
တွန်နိုင်တာ “

source by; အချိုင်းပုပ္ပား(ခေတ္တမလေးရှား)

ဆက်လက်ဖတ်ရှု့ရန်...

အမလေး...ဒီလို ယောကျာ်းမျိုးလည်း ရှိသေးတယ်နော်

ဆေးလိပ်၊အရက်၊မိန်းမ ကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး
လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ''ဘာကိစ္စလဲ''
''သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ''
''ဪ ရှင်အရက်မသောက်တတ်ဘူးလား'' '
'မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်''
''ဆေးလိပ်တော့မသောက်ဘူးမလား''
''ဘယ်ကသာ သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ
တနေ့ငါးဘူးလောက်ကုန်တယ်''
''ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်''
''ပေါက်ပေါက်ရှာရှာ မိန်းမဆို ပျိုပျို
အိုအို လာထားပဲ''
''အမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ''
''ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ''

source by;

ဆက်လက်ဖတ်ရှု့ရန်...

သတိထားရန် ဗိုင်းရပ် အသစ်

Microsoftနှင့်Nortonတို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။ သင်တို့ဆီသို့Power Point
Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့် ချက်ချင်းdeleteလုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင်
သင်၏computer screen တွင် It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက်ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail နှင့် password
အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော virus
အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကို အမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။

source by; ငယ်ငယ်

ဆက်လက်ဖတ်ရှု့ရန်...

တောင်ကိုရီးယားနိုင်ငံက ထူးဆန်းအံ့ ဖွယ် ကျွန်းနှင့် ပင်လယ်


နိုင်ငံတကာက လာရောက်ကြည့် ရှုသူတွေနှင့် ပါစည်ကားလှပါတယ်...

တောင်ကိုးရီးယားနိုင်ငံ၊ ဂျင်ဒို ဆိုတဲ့ ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ့ အံသြဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို့ 
ခေါ်ဆိုတဲ့ အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ့ ရှိပါတယ်...

တစ်နှစ်ကိုနှစ်ကြိမ်၊ ပင်လယ်ရေကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနှင့် မိုဒိုကျွန်းအကြားကရေပြင်မှာအရှည်
၂.၈ ကီလိုမီတာ ( ၁.၇ မိုင်ခန့် ) နဲ့ အကျယ် ၄၀ မီတာ ( ၁၃၁ ပေ ခန့်  ) ရှိတဲမြေပြင်ပေါ်လာပြီး
လူတွေဖြတ်သွားလို့ ရအောင် တစ်နာရီလောက်ကြာအောင် ဖြစ်နေတတ်ပါတယ်...

သြကာသလောကကြီးဟာဆန်းကျယ်လှပါတယ်...

ထိုသဘာဝဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခုအနေနဲ ကျင်းပကြပြီးကမ္ဘာတစ်ဝှမ်းကလာရောက်ကြသူတွေ
လည်းနှစ်စဉ်ပါဝင်လေ့ ရှိကြပါတယ်.. ထိုဖြစ်ရပ်ဆန်းကို ၁၉၇၅ ခုနှစ်အထိ ပြင်ပကမ္ဘာမှ
မသိရှိကြသေးပါဘူး....၎င်းနှစ်မှာပြင်သစ်ပြည်က သံတမန်တစ်ဦး တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့ ပြီး နောက်ထို အကြောင်းကိုပြင်သစ်သတင်း စာမှာရေးသားခဲ့ ပြီးနောက်မှ ကမ္ဘာကသိရှိသွားခဲ့ တာဖြစ်ပါတယ်...
ထိုဖြစ်ရပ်ဆန်းကြယ်ရဲ့ သမိုင်းကတော့ ဒီလိုပါ...

ကမ္ဘာ္ဘ့ တစ်ခြားဘယ်နေရာမှာမှ ဒီလိုမရှိပါ....
တစ်ချိန်မှာ ဂျင်ဒိုကျွန်းရဲ့ ရွာကလေးဟာ ကျားဆိုးတွေရဲ
့ရန်ပြုတိုက်ခိုက်ခြင်းခံခဲ့ ရပါတယ်...ရွာသားတွေ
အားလုံးဟာ အနီးအနားက မိုဒိုကျွန်းကိုထွက်ပြေးခိုလုံနိုင်ခဲ့ ကြပေမယ်
့အသက်အရွယ်ကြီးရင့် သူအဘွား
အိုတစ်ဦးကတော့ ကူညီမယ့် သူမရှိလို့ နောက်မှာကျန်နေခဲ့ ရရှာပါတယ်...
စိတ်ပျက်အားငယ်စွာနဲ့ သူမဟာ ပင်လယ်စောင့် နတ်မင်းကိုတိုင်တည်ရှိခိုးဆုတောင်းခဲ
့ရာမှာ၊ နတ်မင်းကြီးက ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲကာ သူမကို သွေးဆာနေတဲ
့တောရိုင်းတိရိစ္ဆာန်တွေရဲ့ ဘေးကနေလွတ်အောင် မိုဒိုကျွန်းကိုထွက်ပြေးနိုင်ဖို့ ဖန်ဆင်းပေးခဲ့ တယ်လို့ ဆိုပါတယ်...
အဲဒီကနေစပြီးနှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ ကျွန်းနှစ်ကျွန်းကိုကူးပြီး လူတွေဖြတ်သွားနိုင်အောင်
လျော့ နည်းပေးခဲ့ ရတယ်လို့ ဆိုပါတယ်...

ကြုံတောင့် ကြုံခဲမို့ လာရောက်ဆင်နွှဲကြပါတယ်...

ထိုပွဲတော်အဖြစ်အပျက်ဟာ နှစ်စဉ် မေလ ၁၈ ရက်နေ့ မှာဖြစ်ပေါ်လေ့ ရှိပါတယ်...
ကိုရီးယားတွေကတော့ နှစ်စဉ် မတ်၊မေ နဲ့ ဂျူလိုင် လတွေမှာ
ပွဲတော်ကိုကျင်းပကြပါတယ်... အခုတော့ ပိုမိုများပြားလာတဲ့ ဧည့် သည်တွေကြောင့် ပွဲတော်ကို ဧပြီ
လမှာလည်းကျင်းပဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်...

source by; သက်ဝင့်ရည်

ဆက်လက်ဖတ်ရှု့ရန်...

ကယ်တင်ရှင်မမျှော်စေချင်

ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။

ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။

ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ် (Savior Complex) တွေကြောင့် ဖြစ်ပါတယ်။

ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။

ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။

ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။

အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။

လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။

ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။

ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။

Source by: လူထုစိန်ဝင်း

ဆက်လက်ဖတ်ရှု့ရန်...

How To Solve The Problem (ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ)

သူငယ်ချင်းတို့ရေ...

ဘ၀မှာ ကိုယ်နဲ့ အပ်စပ်တဲ့ အမှန်တရားကို ထိတွေ့မိဖို့ မလွယ်လှပါ..။
ဒီလို ထိတွေ့မိရင်လဲ ..လူဆိုတာ ရိုက်နှက်ဆုံးမစရာ မလိုတော့ပါ..။
ကျွန်တော့် အဖြစ်အပျက်တစ်ခု ပြောပြပါ့မယ်..။

ကျွန်တော် မလေးရှားကိုရောက်ခါစ လူက ငယ်ငယ် ၊စိတ်က မြန်မြန်ထက်ထက် ၊
ကိုယ်ကိုမဟုတ်တာ
လာလုပ် ၊ လာပြောရင် မခံတတ်ပဲ ချက်ချင်းပြန်လုပ်တတ် ၊ ပြောတတ်တဲ့ စိတ်ကလဲ
ရှိနေသေး..။

ပြဿနာ တစ်ခုကို ဦးနှောက်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ထက် စကားကလဲ
များများမပြောတတ်တော့
ကိုယ့်ကိုလာကြောရင် လက်ကပါပြီးသား....။
ဒါကလဲ မြန်မာနိုင်ငံမှာကတည်းက ဘာမှ မလုပ်ဖူးပဲ အိမ်မှာပဲနေဖူးတော့
ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် မနေတတ်တာလဲ ပါမှာပေါ့လေ...။
ဒါကြောင့် မလေးရှား ရောက်နေတာကို သူတို့ကို သူတို့ အမေရိကားမှာ
ပညာတော်သင်ရောက်နေတယ် လို့ထင်နေတဲ့ တောသားတွေနဲ့ မလေးရှားရောက်ပြီး
နှစ်ပတ်အတွင်းမှာ ရန် ၄ ပွဲ ဖြစ်သလို ၊ နောက် ၂ လအတွင်းမှာလဲ လူ ၂၀၀ ကို
ဦးဆောင်ပြီး
စက်ရုံကို ဆန္ဒ ၅ ခါပြဖူးတယ်..။
တရုတ် စူပါဗိုက်ဇာ ကို ဆွဲထိုးဖူးသလို ၊ဂေါ်ပြားနဲ့လဲ
လိုက်ရိုက်ဖူးတယ်..။
ဒါပေမဲ့ ကျွန်တော်ဟာ လူရမ်းကားမဟုတ်ပါ..။ လူဆိုး ၊ လူမိုက်လဲ မဟုတ်ပါ..။
ကိုယ့်ကို လာကြောတာကို ဘယ်လို ဖြေရှင်းရမှန်းမသိသေးတဲ့ လူတစ်ယောက်မျှသာ
ဖြစ်ပါတယ်..။
ဒါပေမဲ့ ကံကြမ္မာကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်..။
ဒါကတော့ Department ပြောင်းလိုက်ရပြီး Ng Shaiu Fern ဆိုတဲ့ တရုတ်မ
လက်အောက်
ရောက်သွားတာပါ..။ သူ့ကို ကျွန်တော်က Ms Ng လို့ပဲခေါ်ပါတယ်..။
သူက ကျွန်တော်ထက် ၁ နှစ်ပိုကြီးပေမဲ့ ကျွန်တော်ထက် ၁၀ ဆမက တော်ပါတယ်..။
သူ့ဆီက Management တွေ အများကြီး လက်တွေ့တတ်ခဲ့ရတယ်..။
သူက စကားပြောရင် အမေးတွေနဲ့ပဲ ပြောလေ့ရှိပါတယ်..။
(တချို့ အထက်လူကြီးတွေက အမေးနဲ့ မပြောပဲ အမိန့် တွေနဲ့ ပြောကြတယ်လေ..။)
ဒီလိုနဲ့ တစ်နေ့ ................
အမြဲတမ်း အလိုမကျ ဖြစ်နေတတ်တဲ့ စူပါဗိုက်ဇာ တစ်ယောက်ရှိတယ်..။
သူ နဲ့ ကျွန်တော် မတည့်ပါ..။ သူ့နဲ့ ဘယ်သူနဲ့မှလည်းမတည့်ပါ..။
အဲဒီနေ့က Department မတူပဲ ကျွန်တော်တို့ Lab ကို လာ ဆရာလုပ်နေလို့ ကျွန်တော်
ဒေါသတွေ ထွက်နေ တဲ့ အချိန် ၊ တစ်ယောက်တခွန်း စကားများနေတဲ့ အချိန်မှာ Ms Ng
ရောက်လာတယ်..။
Ms Ng ရောက်လာတော့ ဒီ စူပါဗိုက်ဇာ လဲ ထွက်သွားတယ်..။
ရှုးရှုးရှားရှား ဒေါသတွေ ထွက်နေတဲ့ ကျွန်တော်ကို Ms Ng ဘယ်တုန်းကတည်းက ပြောဖို့
စောင့်နေမှန်း
မသိပဲ သူ့ဖိုင်ကြားထဲက စာရွက်လေးတစ်ရွက် ထုတ်ပေးတယ်..။
စာရွက်က မဂ္ဂဇင်းတစ်ခုမှ စာရွက်လေးပါ..။
ဒေါသတွေနဲ့ ကျွန်တော်ယူလိုက်တော့ အပေါ်က တရုတ်လိုရေးထားပြီး အောက်က
အင်္ဂလိပ်လို
ဘာသာပြန်ပေးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။
ခေါင်းစဉ်က “ How To Solve The Problem ” တဲ့..။
ပုံပြင်ပေးမဖတ်ခင်မှာ စကားတစ်ခွန်းပြောသေးတယ်..။ ဘယ်တော့မှ မေ့မရစေမဲ့
စကားပေါ့..။

*“ ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ လက် ခေါင်း အတူတူပဲ..
တစ်ခုပဲကွာတယ်.... ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်..ဆိုတာပဲ..။”*

(သူနဲ့ ကျွန်တော် စကားပြောရင်
မလေးလိုမပြောပါဘူး..အင်္ဂလိပ်လိုပဲပြောတာပါ..။)

ပြီးတော့ သူပေးတဲ့ ပုံပြင်ကို ဖတ်ပြီးတော့ ကျွန်တော်
ကိုင်ရိုက်ခံထားရသလိုလို ။
နှိပ်ကွတ်ခံထားရသလိုလို ဖြစ်နေတယ်.။ နောက်တော့ သတိရတိုင်း ဖတ်လေ
အဓိပ္ပါယ်ရှိလေလေ
ဖြစ်စေခဲ့တဲ့ ပုံပြင်လေးပါ တစ်ပုဒ်ပါ..။
ကျွန်တော်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။




*How To Solve The Problem *

*
ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

**
**တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာ လဲရောက်ရော တောင်ကမူလေးတစ်ခုမှာ
ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ
ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင်
ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။
ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး
ငေါက်ကနဲ့ထရပ်လိုက်တယ်.။ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်း တော့
သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက
သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို
ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို
ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့
သစ်ပင်ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက
သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို
ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့
လက်ကြားထဲသွားစိုက်တယ်..။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။ဒါပေမဲ့
ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာကြည့်ပြီး
ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။ပြီးတော့
မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။မြားတဲကို
ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို
တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။
ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့
ခွေး..........။ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး
မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့
ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ ခြင်္သေ့ကလဲ
ခြင်္သေ့ပါပဲ........။.ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။
လောကကြီးမှာလဲ ဒီလိုပါပဲ...ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး
တိုက်ခိုက်တတ်လား...။ပြဿနာရဲ့အစကို ၇ှာပြီး
ပြေလည်အောင်ရှင်းတတ်လား...........ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။

**ငါဟာ...........ခြင်္သေ့..........လား
ခွေး...........လား...။ ။**

အဖြေရလာပါလိမ့်မယ်....။ ။*


source by : ညီညီ

ဆက်လက်ဖတ်ရှု့ရန်...

လခတွေ အကုန်မသုံးနဲ့နော်..

လခထုတ်ပြီးပထမရက်......


လခထုတ်ပြီးနောက်ဆုံးအပတ်......


source by; သူရိန်လွင်

ဆက်လက်ဖတ်ရှု့ရန်...

ကန်တော်ကြီးပတ်လမ်းမှာ ညည သူရဲခြောက်နေတယ်တဲ့

ကြာတော့ကြာခဲ့ပါပြီ မတင်ဖြစ်ပဲ့မေ့နေလို့ အားလုံးကို တောင်းပန်ပါတယ် ။

သင်္ကြန်အကြတ်နေ့..X2o မဏ္ဍပ်ရှေ့ မှာ ဗုံးပေါက်ပီးကတည်းက....လူတော်တော်များများ
ပြောနေကြတယ် .... ကန်တော်ကြီးပတ်လမ်းမှာ.....ဖြတ်သွားဖြတ်လာကားတွေကို ...မကျွတ်
မလွတ်သေးတဲ့ ... သူတွေ ခြောက်လှန့်နေတယ်ဆိုပြီး..ကြားပါတယ် ....ဒါပေမယ့်
မဖြစ်နိုင်ဘူး
လို့ စိတ်ထဲက ထင်ထားပေမယ့် ...တကယ်လက်တွေ့ ကြုံခဲ့ရတဲ့သူတွေကတော့
...အခုလိုပြောပြကြတယ်။

တာမွေမြို့ နယ်က...ညဘက်တက္ကစီမောင်းသမားတစ်ယောက်.......

ကျုပ်..ဆယ်နာရီခွဲလောက်....တာမွေကနေ...မြို့ ထဲကစားသောက်ဆိုင်တစ်ခုက ၀န်ထမ်းတွေကို
ကြိုပို့လုပ်ဖို့
...ကန်တော်ကြီးပတ်လမ်းအတိုင်း....မောင်းလာခဲ့တယ်ဗျ...အဲဒီနေ့မှထူးထူးဆန်းဆန်း
အဲဒီ ဗုံးပေါက်တဲ့နေရာလည်း ရောက်ရော... ကားက ရှေ့ မှာရော
နောက်မှာရောတစ်စီးမှမရှိအောင်
ကို ပြတ်နေတယ် ... ဒီအချိန်မှာ ....သိမ်ဖြူကွင်းဘေးအရိပ်တစ်ခုအောက်က
အမျိုးသမီးတစ်ယောက်
ပြေးထွက်လာပီး ...ကျွန်တော့်ကားကိုတားပါတယ် ..ကောင်မလေးက
ခပ်ငယ်ငယ်ဘောင်းဘီတိုနဲ့ပါ။
ကျွန်တော်လည်း ရပ်ပေးလိုက်တယ်... သူက တောင်ဥက္ကလာကို ဘယ်လောက်ပေးရမလဲတဲ့
ဟာ ...ဒါဆိုလိုက်တော့ဘူး....ကျွန်တော်က
ဟိုဘက်မှာသွားကြိုစရာရှိသေးလို့ပါလို့ပြောလိုက်တယ်
သူက လိုက်ပို့ပေးပါ အစ်ကို ရယ် ....သမီးတို့ချမ်းနေပြီလို့ ပြောပါတယ်
..ဘယ်လောက်ပေးရမလဲလို့လဲ
မေးလာတယ် ....ကျွန်တော်လည်း ... ကြိုရမှာစောနေသေးတယ်ဆိုပြီး
မြန်မြန်လိုက်ပို့လိုက်မယ်လေ
ဆိုပြီး ကဲ ...၂၅၀၀ ပဲပေး ဆိုပြီး..ကားပေါ်ပေးတတ်ခိုင်းလိုက်တယ် ..အဲဒီမှာ
အမှောင်အရိပ်ထဲက
သူသူငယ်ချင်းသုံးယောက်ကို လှမ်းခေါ်လိုက်တော့ ...အမှောင်ထဲက နောက်ထပ်သုံးယောက်ထပ်
ထွက်လာခဲ့ပါတယ် ....လေးယောက်လုံး ..ကားနောက်ခန်းမှာချည်စုထိုင်လိုက်ကြတယ် ....
ကျွန်တော် လည်း ....ရှေ့ ကားဘီလေးငါး ဆယ်လိမ့်လောက်ဆို
...လမ်းဖြတ်တစ်ခုရှိတယ်လေ ...အဲဒီကနေ
တောင်ဥက္ကလာဘက်ကို ကွေ့ ဖို့ ...ဒဲ့လာတဲ့ကားကိုစောင့်ရင်း....အသံမကြားလို့
ဘက်မှန်ထဲကနေကြည့်
လိုက်တော့ လေးယောက်လုံး မရှိတော့ပါဘူး ...ကျွန်တော်လည်း
ကားအတင်းမောင်းပြီး....မင်္ဂလာဈေးနားက
ညဘက်ဖွင့်တဲ့လမ်းဘေးလဘက်ရည်ဆိုင်လေး ရှေ့ မှာရပ်လိုက်တယ်
....အဲဒီကားပေါ်ကို ပြန်မတတ်ရဲတော့ဘူး
ဒါကြောင့် ..ကျွန်တော်ယောက်ဖကို လှမ်းခေါ်ပြီး ကားကိုမောင်းခိုင်းပြီး
ကျွန်တော် အိမ်ပြန်လာခဲ့ရတယ်
ယောက်ဖကိုပြောပြတော့လဲ ...မယုံဘူးတဲ့ ...ဒါပေမယ့်သူက
ယုံသလိုခေါင်းညိတ်ပြီး ကားကိုယူသွားပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရလို့ မယုံလည်း မတတ်နိုင်ဘူး ..လဘက်ရည်ဆိုင်မှာ
လဘက်ရည်မှာပြီး...လက်ဖက်ရည်ခွက်ကို
ထိုင်ကြည့်နေမိရင်း ....စောစော ကအဖြစ်ကို ပြန်စဉ်းစားလိုက် တာ
တစ်နာရီလောက်ဘယ်လိုကြာသွားမှန်းတောင်
မသိလိုက်ပါဘူး ဗျာ တဲ့ ...

ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကို

ဘဲဘဲ ရေ ...ငါတော့ တစ်သက်မှာတစ်ခါမှကိုမကြုံစဖူး ကြုံရတာပါတဲ့ ..ငါ မြို
့ထဲက အပြန် ကန်တော်ပက်လမ်းက
ဗုံးကွဲတဲ့နေရာကနေ ဖြတ်ပြီးပြန်လာတော့ ...ငါ ဂျစ်ကား က
အမိုးဖွင့်ထားတယ်လေ.... ဘက်မှန်ထဲ မှာ ရိပ်ကနဲတွေ့လို့
မှန်ထဲကို ကြည့်လိုက်တော့ ... ကောင်မလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်
..ငါဂျစ်ကားနောက်က ခုံမှာ
ထိုင်နေတယ် ကွာ .... လမ်းမီးကြောင့် ငါသေချာ ရှင်းရှင်းလင်းလင်းကို
မြင်လိုက်ရတာ .... ငါလည်း ဘယ်ရမလဲ
နောက်ကို ဇက်ကနဲ လှည့်ကြည့်လိုက်တာ ပေါ့
.....လှည့်ကြည့်လိုက်တဲ့အချိန်မှာ .....မီးခိုးလိုလိုဘာလိုလို
တွေ...ကားနောက်ကို
လိမ့်ဆင်းသွားတာတွေ့ လိုက်ရတယ် .... ငါလည်းချက်ချင်းပဲ ရှေ
့ပြန်လှည့်လိုက်တော့ ...ဆေးလိပ်ကွမ်းယာဗမ်းနဲ့ ...ကောင်မလေးတစ်ယောက် က
ကားရှေ့ ကဖြတ်ပြေးပါလေရေလား ....သေပြီဆရာ ...ငါချက်ချင်း ကားကို
ညာဘက်ဆွဲလှည့်လိုက်တာ .... ကား ဘီးနှစ်ဖက်
ပလက်ဖောင်းပေတတ်သွားပါလေရောကွာ... ငါလည်း ကလေးဘာဖြစ်လဲ
ဆိုပြီးလှည့်ကြည့်တော့ အဲဒီ ကွမ်းယာဆေးလိပ်ရောင်းတဲ့ကလေးမ မရှိတော့ဝူး
ငါလည်း ...ဘေးဘောင်နဲ့ခေါင်းနဲ့စောင့်တာ
မျက်ခုံးကွဲသွားတယ်တဲ့ ......

ကဲမသေကောင်းမပျောက်ကောင်း .... ပရလောကသားတွေ ဒီလောက်ကြည်စားရလား
မယုံလို့လည်းမရဘူး ....ဘာပဲဖြစ်ဖြစ်ဂရုစိုက်သင့်တယ်...အခန့်မသင့်ရင်အသက်အန္တာရယ်ပါ
ရှိလာနိုင်တယ် .... မေတ္တာညွှန်ရက်ကွက်ထဲက ဘုန်းတော်ကြီးတစ်ပါးကတော့
...ဖြစ်နိုင်ပါတယ်တဲ့
ဒါတွေက အစိမ်းသေတွေဆိုတော့ .... မကျွတ်မလွှတ်နိုင်သေးလို့
...အကူအညီတောင်းတဲ့သဘောတွေပါ
ဒါကို ဆွေးမျိုးသားချင်းတွေ.....ဒါမှမဟုတ် သက်ဆိုင်ရာကပဲဖြစ်ဖြစ်
ကုသိုလ်အမျှအတမ်းတွေပေးပြီး
နိုင်ငံတော်အမိန့်ပြန်တမ်း ထုတ်ပြီးမောင်းထုတ်သင့်တယ်တဲ့
...ဒါမျိုးတွေကမဖြစ်သင့်ဘူးလေ ...မြို့ လည်ခေါင်မှာ
ဆိုတော့ ပိုဆိုးပါတယ် ....မဖြစ်သင့်ပါဘူးလို့ မှတ်ချက်စကားပေးသွားပါတယ် ။


Source by; ချစ်ချစ်သော် (မြန်မာ)

ဆက်လက်ဖတ်ရှု့ရန်...

အွန်လိုင်း ကိုကို ၊ မမ များအတွက် သတိထားရန် ကျန်းမာရေး ပညာပေး

ချက်တင်ဝင်နေပြီဆိုရင်ပဲ.. . အားလုံးအညောင်းမိကြမှာပါ။
ချက်နေတုန်းသတိမထားမိရင်တောင်.. .ထလိုက်တဲ့အချိန်မှာ အသက် ၈၀
အဖိုးအဖွားတို့လို ဟိုနားကိုက်တိုက်တိုက်၊ ဒီနားကိုက်တိုက်တိုက်
ဇက်ကြောလေးတက်သလိုလို..ခါးလေးနာ
သလိုလို..မျက်စိလေးညောင်းသလိုလို နှင့်
ကြုံဖူးကြမှာပါ။ အဲဒီတော့… ကြာရှည်ထိုင်နိုင်ရန်နှင့် အညောင်းမမိစေရန်
အောက်ပါနည်းလမ်း(၁၃)ချက်အတိုင်း လိုက်နာကြည့်ပါ။

၁။ကွန်ပြူတာမဖွင့်မိ…ဦး သုံးကြိမ်..ချပါ။

၂။ပြီးရင် ကီးဘုတ်အား..ကြိုတင် တောင်းပန်ပါ..(ဒီနေ့အတွက် လွန်တာရှိရင်
ဝန္တာမိ ပါလို့ )

၃။ Type နေတုန်း ခေါင်းလှုပ်ရန်။ ဘယ်၊ညာ (သို့) ရှေ့၊နောက်

၎။ တစ်ဖက်ကလူ ပြန်စာ Type နေတုန်း လက်နှစ်ဖက်ကို ပခုံးပေါ်ပြန်တင်
ရှေ့နောက် တောင်ပံခတ်သလို ခတ်ရန်။

၅။ တစ်ခြား Chatterများ ကိုကြည့်နေချိန်ခိုက် ထိုင်ထ လုပ်နေရန်။

၆။ ရယ်စရာများ ရှိရင် ထိုင်ခုံကို လက်တစ်ဖက်ထောက်ကာ ပတ်ပြေးရန်။

၇။ ဝမ်းနည်းစရာများ ရှိရင် လေ့ကျင့်ခန်းကို ခဏနားတဲ့အနေနဲ့
ထိုင်ငိုနေရန်။ ၃မိနစ်နားပါ။(ပိုမနားပါနှင့်…အချိန်နှင့်
ကွန်နက်ရှင်သည်လူကိုမစောင့်)

၈။ကွန်နက်ရှင် ကျသွားပါက စိတ်အနှောက်အယှက် မဖြစ်အောင်..
(တတ်နိုင်လျင်…ပုတီးစိတ်ပါ…ပုတီးမပါပါက..
ဂုံတော်တစ်ခုခုရွတ်နေပါ..)

၉။ သီချင်းများလိုက်ညည်းနေခိုက် ပခုံးနှစ်ဖက်ကို ဘယ်ညာ တင်ချ လုပ်နေရန်။

၁၀။ ကျင်ကြီး/ကျင်ငယ် သွားပါက ခြေဖျားထောက်၍ ခြေစုံခုန်သွားရန်။
(တရုတ်သရဲကားကြည့်ဖူးတယ်မလား)

၁၁။ ရေအိမ်မအားသေးပါက ခြေကိုဆန့်တန်း၍ ဘယ်ညာ ခတ်နေရန်။ (ရေထိုင်ကူးနည်း)

၁၂။ Signout မလုပ်ခင် လက်နှစ်ဖက် အပေါ်ထောင်၍ တာ့တာပြရန်။

၁၃။ ကွန်ပျူတာ ပိတ်ခါနီး ဘယ်ညာ အလေးပြုပါ။ ကျေးဇူးတင်ကြောင်းကို ၃
ကြိမ်ထက်မနည်းပြောပါ… မမေ.ပါစေနဲ.နော်..တာ.တာ….

source by:

ဆက်လက်ဖတ်ရှု့ရန်...

အကြော် ကြော်သောဆီများအတွင်း ပလပ်စတစ်များထည့်သွင်း အသုံးပြုနေခြင်း...Very Terrible Things.....Very Bad Guys

ရန်ကုန်မြို့၏ နံမည်ကြီး အကြော်ဆိုင်များနှင့် တစ်ချို့သော အကြော်ဆိုင်များတွင် အကြော်များတစ်ကုန် ကြွပ်ရွပြီး အထားခံစေရန် အတွက် အကြော်ကြော် သောဆီများအတွင်း ပုလပ်စတစ်များထည့်သွင်းအသုံးပြုနေပါသည်။ အသေးစိပ်အကြောင်းအရာ သိရှိလိုပါက ပူးတွဲပါ ဖိုင်အားဖွင့်ကြည့်နိုင်ပါသည်။




source by: လူလေး(ခေတ္တစင်္ကပူ)

ဆက်လက်ဖတ်ရှု့ရန်...

ကွန်ပျူတာတက္ကသိုလ်များ၏ ကောင်းမွန်ခြင်းအတိရှိသော အချက်များ

၁။ ကျောင်းအုပ်ကြီးများနှင့် PHD များ တစ်နေကုန် အင်တာနက်ရှေ့မှ မထ၍ သတင်းအချက်အလက် ဗဟုသုတများ တိုးပွားနေခြင်း။

၂။ ဆရာ/မ များနှင့် ကျောင်သူ/သားများ အင်တာနက်ဖြင့် ဗဟုသုတ ရှာမှီးမည်စိုးသောကြောင့် အမြဲပိတ်ပင်ထားသဖြင့် မီတာခများသက်သာနေခြင်း။

၃။ အတန်းကြီးဘာသာရပ်များကို ဆရာ/မ ငယ်လေးများအား တနင့်တပိုး တစ်လနှင့်အပြီး တာဝန်ပေးအပ်သင်ကြားခိုင်းသောကြောင့် ဆရာ/မ များ ကွန်ပျူတာတက္ကသိုလ်ရှိ ဘာသာရပ်များအား မသင်တတ်သည်မရှိရလေအောင်ပင် အောင်မြင်ထွန်းတောက်နေခြင်း။

၎။ အင်္ဂလိပ်စာမေဂျာများကို မြှောက်စား၍ မိမိ၏ သားစစ်သမီးစစ်များဖြစ်ကြသော M.C.Sc/M.C.Tech များ၏ ရာထူးနှင့်ခံစားခွင့်အားလုံးကို ပိတ်ပင်ထားခြင်းကြောင့် သက်တောင့်သက်သာ မလှုပ်မရှား အေးအေးလူလူ နေထိုင်ရခြင်း။

၅။ Library ကို ကျောင်းသား/သူများ နှင့် ဆရာ/မ များ မျက်စိ အညောင်းသက်သာစေရန် ရည်ရွယ်၍ မည်သည့် ပြင်ပဗဟုသုတစာအုပ်မျှ မထားရှိုခြင်း။

၆။ တက္ကသိုလ်ရှိ ဂိတ်ကြီး၊ ဂိတ်သေး၊ ဂိတ်လတ်များအကုန် လုံခြုံစွာပိတ်ဆို့ထားသောကြောင့် ဆရာ/မ များနှင့် ကျောင်းသူ/သား များ ဘေးအန္တရာယ်ကင်းရှင်းကာ လုံခြုံစိတ်ချရသည့် အခြေအနေရှိနေခြင်း။

၇။ ကျောင်းသား/သူ များအားပညာရည်မြင့်မားစေရန် ရည်မှန်း၍ Pretest ဟုခေါင်းစဉ်တပ်ထားသော စာမေးပွဲများကို ၂ လအတွင်း နိုင်နိုင် မနိုင်နိုင် ဂရုမစိုက်ဘဲ ၁ ရက်လျှင် မနက် ၃ နာရီ+ ညနေ ၃ နာရီ= ၆ နာရီ ဖြေခိုင်းစေခြင်းဖြင့် ဥာဏ်ရည်အဆင့်မြင့်တင်ပေးနေခြင်း။

၈။ Fresher Welcome, Dinner, Picanic များ မလုပ်နိုင်အောင် နည်းမျိုးစုံဖြင့် တားဆီးနေသောကြောင့် ကျောင်းသား/သူများကို ငွေကုန်ကြေးကျ သက်သာစေခြင်း။


ဆက်လက်ဖတ်ရှု့ရန်...

မလေးရှားက တက္ကစီ မုဒိန်းကောင်

တက္ကစီ မောင်းသူတစ်ယောက်သည် အထက်တန်း
ကျောင်းသူ ခြောက်ဦးအား မုဒိမ်း ကျင့်၍၊ လိင်ဆက်ဆံမှုပြုပုံကို ဗီဒီယိုရိုက်ကာ
၎င်းတို့အနေဖြင့်
တစ်စုံတစ်ယောက်အား ဤကိစ္စ ကို ပြန်ပြောပြပါက ယင်းဗီဒီယိုများကို လူအများ

သိအောင် လုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် အဆိုပါကျောင်းသူလေးများမှာ

တစ်နှစ်နီးပါးကြာ ၎င်း၏လိင်ကျွန်ဘ၀သို့ ကျရောက်ခဲ့ရကြောင်း
သိရှိရသည်။

အသက် (၁၅) နှစ်မှ (၁၇) နှစ်ကြားရှိ
မိန်းခလေးများသည် အငှားယာဉ်မောင်းသမား အသက် (၅၄ နှစ်) ၏ ခရီးသည်များဖြစ်ခဲ့ကြပြီး
၎င်း၏အိမ်သို့
ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။

၎င်းသည် နောက်ပိုင်းတွင်လည်း
အဆို ပါ ကျောင်းသူလေးများအား ဆန္ဒရှိတိုင်း ဖုန်းဆက် ခေါ်ဆိုပြီး
ဗီဒီယိုမှတ်တမ်းများကို အသုံးပြု ခြိမ်း ခြောက်ကာ
လိင်ဆက်ဆံခဲ့သည်ဟုဆိုသည်။

နောက်ဆုံးတွင် ကျောင်းသူသုံးဦးမှာ
ဆက်လက်သည်းမခံနိုင်တော့ဘဲ ရဲကို သတင်းပို့
တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ကျောင်းသူနှစ်ဦးမှာ
အမ်ပန်း၊ ပန်ဒန်း အင်ဒါကျောင်းမှ ဖြစ်ပြီး မေလ (၂၀) ရက်နေ့တွင်
တိုင်ချက်ဖွင့်ခဲ့ကာ နောက်တစ်ဦးမှာ မေလ (၂၉) ရက်နေ့တွင်
တိုင်ချက်ဖွင့်ခဲ့ကြောင်း သိရသည်။ ရဲများသည် ကျန်ရှိနေသော မိန်းခလေး (၃)

ဦး ကိုလည်း ရှာဖွေနေဆဲဖြစ်သည်။

ရဲများသည် ဂျလန်းအင်ဘိရှိ
တက္ကစီရပ် နားစခန်းတစ်ခုကို သုံးရက်ကြာ စောင့်ကြည့်လေ့ လာခဲ့ပြီးနောက်
တရားခံအား ဖမ်းဆီးနိုင်ခဲ့သည်။ မုဒိမ်းသမား၏
လက်ကိုင်ဖုန်းထဲရှိ ဗီဒီယို မှတ်တမ်း များအရ မတရားပြုကျင့်ခံရသူ

စုစုပေါင်း (၆) ဦးရှိ ကြောင်း ရဲများက ယုံကြည်ကြသည်။

အမ်ပန်းဂျာယာရဲဌာန အကြီးအကဲ
အဗ္ဗ ဒူ(လ်)ဂျာလေ(လ်)ဟာဆန်၏ ပြောကြားချက်အရ မုဒိမ်းသမားအပြင်
ဗီဒီယိုရိုက်ကူးသည့် နောက် ထပ်အပေါင်းပါ တစ်ဦးလည်း
ရှိသေးကြောင်း သိရ သည်။ ရဲအရာရှိ အဗ္ဗဒူ(လ်)ဂျာလေ(လ်)က ဆက်

လက်ပြောကြားရာတွင် တက္ကစီသမားသည် ကျောင်းဝင်းအပြင်တွင် ကားရပ်နားကာ ကျောင်း

သူလေးများ ကားငှားမည်ကို စောင့်နေပြီးနောက် ၎င်း၏အိမ်တွင်

အရေးပေါ်ကိစ္စတစ်ခုရှိ၍ ခေတ္တ၀င် ရမည့် ဟန်ဆောင်ကာ ခေါ်ဆောင်သွားခြင်းဖြစ်

သည်ဟုဆိုသည်။ ထို့နောက် အမ်ပန်း၊ တမန်မူဒ ရှိ ၎င်း၏ အိမ်တွင် ကျောင်းသူများကို

အဓမ္မပြုကျင့် သည်ဟု သိရသည်။

“တရားခံရဲ့ မိုဘိုင်း(လ်)ဖုန်းဟာ
အခိုင် မာဆုံးသက်သေခံပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်” ဟု ရဲအရာရှိ အဗ္ဗဒူ(လ်)ဂျာလေ(လ်)က
ပြောကြားခဲ့ သည်။

တရားခံသည် တက္ကစီမောင်းခဲ့သည့်မှာ (၁၇)
နှစ်ရှိပြီဟု သိရသည်။ ၎င်းကို အမ်ပန်းဂျာ ယာရဲစခန်းတွင် ထိန်းသိမ်းထားကာ တက္ကစီကို
လည်း ရဲဌာနမှ
သိမ်းဆည်းခဲ့သည်ဟု သိရသည်။

နောက်ဆက်တွဲ ရရှိသော
သတင်းများ အရ ကျောင်းသူလေးများကို တက္ကစီမောင်းသမား မုဒိမ်းပြုကျင့်နေစဉ်
ဗီဒီယိုရိုက်ကူးပေးသူမှာ အသက် (၁၈) နှစ်အရွယ်
ကျောင်းသူလေးတစ်ဦး ပင်ဖြစ်ကြောင်း၊ သူမသည်လည်း မုဒိမ်းသမား၏ သားကောင်ဘဝ

ကျရောက်ခဲ့သူဖြစ်ပြီး အကြပ် ကိုင်စေခိုင်းခံရခြင်းကြောင့် ယခုကဲ့သို့

လုပ်ဆောင် ရခြင်းဖြစ်ကြောင်း သိရသည်။

source by : သစ်မင်းလူ

ဆက်လက်ဖတ်ရှု့ရန်...

အွန်လိုင်း သုံးနေကြသော ဘော်ဘော်များ သတိထားရန် Virus

3 ရက်နေ့ တွင် သင်တို့ထံ မေလ်များရောက်လာလိမ့်မည်။လုံးဝမဖွင့်ဖတ်နဲ့ပါနဲ့ ။ ပါကစ္စတန်နိုင်ငံသားတစ်ယောက်သည် ။
အဆိုပါ virus ကိုလွန်ခဲ့သောတစ်နှစ်ကျော်တည်းက စတင် တီထွင်နေပြီး
လွန်ခဲ့သော 3 ရက်ကမှ တစ်ကမ္ဘာလုံးကို ဖြန့်လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပြီးပြီ
ဒီသတင်းဟာယနေ့မနက်တွင်Microsoftနှင့်Nortonတို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။
ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့Power Point Presentation, Life is beautiful
ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် လုံးဝဖွင့်မဖတ်ပါနဲ့ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့ ဘော်ဘော်တွေကို အားလုံးကို
ပြောပြထားလိုက်ပါရန် ...........

source by ; စုမြတ်ဌေး

ဆက်လက်ဖတ်ရှု့ရန်...

The ultra-fat little emperor of China

You can find anything in China.


The recent flashes of news across China and many countries was the discovery of a “ultra-fat little emperor” in the city of Jiangcheng in northeastern China province of Jilin.

What made that news was that the yet-to-be-named 8-months old baby shocked the doctors in the Jilin provincial hospital. This meaty boy got a brain that is larger than many people and has grown from a normal 3.3kg at birth to an unbelievable 18.8kg, twice the weight of a normal 8-month old baby. According to the Chinese pediatrician, it will take a 5-6 years old child to reach this weight.

Both the parents of this obese boy as well as his paternal and maternal grandparents are of thin build. His size and weight started to balloon by 2kg in the second month after birth and by 2.5kg in the 7th month.

Although they are very concerned about the unexplainable growth in the early month, they had resisted visiting the doctor as they are poor and each trip to the hospital will cost them a few thousands yuan (Chinese dollar).

Finally, they had decided to see the pediatrician probably because his obesity is becoming unbearable to the people around him. His mother has to breastfeed him 20 times a day because he gets hungry very fast and cries. He refused to drink powdered milk or porridge. Dressing or bathing him up requires 2 persons which stresses both the parents as well as grandparents. His mother can only carry him for about 5 minutes which she said is like a weight-lifting exercise.

It is good that they finally seek medical attention as the weight is affecting his development. At 78 centimeters tall, he cannot walk or even crawl and can only sit occasionally to play. Experts said that he is suffering from an obesity disorder syndrome and further test will be conducted.


source by : လူလေး (ခေတ္တစင်္ကာပူ)

ဆက်လက်ဖတ်ရှု့ရန်...

မကောင်းသော အားနာခြင်းမျိုးများ

မကောင်းသော အားနာခြင်းမျိုးများ

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး

စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်
မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်
မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။
သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။
သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်
ကသိကအောက်နှင့် မသက်သာ။
ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။
ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က
ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍
ငွေပြန်မရမချင်း သင်မပျော်တော့။

ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို
ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ
ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး
ဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို
ပြန်လည်ဖောက်သည်ချချင်ပါသည်။

တနေ့တွင် မိတ်ဆွေတယောက်အား
စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို
အောက်ပါအတိုင်း ကြားခဲ့ရပါသည်။

“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့ 
တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”

ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ ကျမ..မှာ
တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ
သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။
အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။
မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။
ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။
မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်
တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊
ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။
မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။
ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏
ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။
တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို
မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။
မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု
ထင်ပါသည်။

(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း

လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍
အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို
ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။
သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင်အားနာခြင်းကို ဘေးချိတ်ထားရမည်။
သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊
မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို
အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။
သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း
လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့်
အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့
ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု
မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို
မျက်နှာအောက်ချ၍ ခံနေပေမည်။
သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို
သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။
သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက်
လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ
ငြိမ်ခံနေမည်။
သင်သည် သာသနာရေးအတွက်
အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင်
စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…
.........................စသည့် စသည့် နည်းမမှန်သော
အားနာမှု့ ကြောင့်........... မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော
အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊
စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော
အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင်
နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက
ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ
မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့
ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကိုမျှော်တွေးကာ
နည်းမှန် လမ်းမှန် အားနာသင့်ကြောင်းတိုက်တွန်းရေးသားလိုက်ပါသည် ။



source by: ညီမလေး(မြန်မာ)

ဆက်လက်ဖတ်ရှု့ရန်...

Beauty after the rain


Most photographers are not willing to take photographs in bad weather.However, bad weather can sometimes provide a good opportunity to overcome the limitation of filming techniques.
In particular, a relentless autumnal rain, also provide an excellent opportunity to capture wonderful photos.It can produce dramatic effects and romantic atmosphere that shooting in the rain.















source by: လူလေး(ခေတ္တစင်္ကာပူ)

ဆက်လက်ဖတ်ရှု့ရန်...

လူတိုင်းကျန်းမာရေးကို အထူးသတိထားရန် လာကြည့်လှည့်ပါ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်

ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊
အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့်
နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ

ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။

လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်

အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း
အနှေးဆုံးအချိန်


(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်

အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်


(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်

(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)


source by:မြန်မာအိုင်တီလောကဖွံ့ဖြိုးမှု

ဆက်လက်ဖတ်ရှု့ရန်...

အကြီးကြီးတွေ ကိုကြည့်ချင်သူများ လာကြည့်လှည့်ပါ

























source by: စုမြတ်ဌေး

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ