.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ဟာသလေးဖြင့် အပန်းဖြေနိုင်ကြပါစေ "Sorry နော်.."

ဖုံးသံမြည်လာတယ်
“ဟယ်လို…မိန်းမလား”
“ရှင်……….”
“မိန်းမလား………လို့…..”
“မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ”
“သြော်…အေးအေး…မင်းမမလေးကော….ရှိလား”
“ဟုတ်…”
“ခေါ်ပေးကွာအရေးကြီးလို့”

“..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး”
“ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ..ဟုတ်ဘူးလား”
“ဒီမှာငါကမှ..သူ.ယောင်္ကျား…မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်…
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့………
တောက်…သေမယ့်သာမှတ်…
ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ..”
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်”
“တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း”
“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….”
ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”
အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ…ဆက်ပြော…”
“ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား”
“ရှင်…ဘာကြီး……….”
“ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်”
“ဘာ…ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”
“ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…”
“524895***** လေ….”
“ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..
sorry့ နော်..အဟင်း
ဟို..ဟိုလေ…
phone မှားသွားလို့....

source by; စန်းစန်း

ဆက်လက်ဖတ်ရှု့ရန်...

Facebook video chat

ကိုနှိပ်လိုက်တာနဲ့ facebook စာမျက်နှာကိုရောက်ပါတယ် ပုံမှာပြထားတဲ့ Get started ကိုနှိပ်လိုက်ပါ
ပီးလျှင် အွန်လိုင်းဖြစ်နေတဲ့ တစ်ယောက်ယောက်ကို ရွေးလိုက်ပါ....
အွန်လိုင်းဖြစ်နေတဲ့ သူငယ်ချင်း တွေရဲ့ ချက်ဘောက်စ်ကိုနှိပ်ကြည့်ရင် အပေါ်မှာ video camera ပုံလေး ပေါ်လာပါလိမ့်မယ်....
video camera ပုံလေးကို ကလစ်နှိပ်ပါ....
ထိုအခါ ဆော့ဝဲ ဒေါင်းခိုင်းပါလိမ့်မယ်....
ဆော့ဝဲလ်ဒေါင်းပြီး အင်စတောလုပ်လိုက်ပါ.... ချက်လို့ရပါပြီ ချက်ပြီးရင်စားကြတာပေါ့
http://www.facebook.com/videoc​alling

source by; နေမျိုး

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ