ရယ်ခြင်း (၃) ပါး ... တဲ့ ...
(၁) သူမြတ်ရယ်ခြင်း
(၂) သူလတ်ရယ်ခြင်း
(၃) သူယုတ်ရယ်ခြင်း
သူမြတ် ရယ်ခြင်း ၂ ပါး
(၁) သိတ = မျက်လုံး နှုတ်ခမ်း စဉ်းငယ် အနေပျက်ရုံ ပြုံးကာ ပြုလျက် ရယ်ခြင်း
(၂) ဟသိတ = စဉ်းငယ် သွားပေါ်ရုံသာ ရယ်ခြင်း
သူလတ် ရယ်ခြင်း ၂ ပါး
(၁) ၀ိဟသိတ = ပကတိသော အသံညင်းညင်းထွက်ရုံ ရယ်ခြင်း
(၂) ဥပဟသိတ = ပခုံး၊ ဦးခေါင်းလှုပ်အောင် ရယ်ခြင်း
သူယုတ်ရယ်ခြင်း ၂ ပါး
(၁) အပဟသိတ = မျက်ရည်ထွက်အောင် ရယ်ခြင်း
(၂) အတိဟသိတ = ခြေပစ်လက်ပစ် မရှိုက် မရှုနိုင်အောင် ရယ်ခြင်း ။
* * * * * * * * * * *
သုဗောဓာလင်္ကာရထဲမှာတော့ အဲလိုရေးထားပါတယ် ။
နောက် ... ရယ်ခါနီးမှာ သေချာ စဉ်းစားရတော့မယ် ထင်တယ် ...
* * * * * * * * * * *
source by; ဧဒင်ဥယာဉ်

0 comments:
Post a Comment