.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ကျွန်တော်အသဲတုန်ရတဲ့ပုံပြင်လေးတစ်ပုဒ်

"........................ ယောက်ျားဘဲဗျာ နဲနဲပါးပါးတော့ ကဲမှာပေါ့၊ ဒါပေမဲ့ သည်ပုံပြင်လေးကိုဖတ်ပြီးတဲ့နောက် ကျွန်တော် လုံးဝမကဲရဲတော့ဘူး၊ ပုံပြင်လေးက လေးငါးကြောင်းလောက်ဘဲရှိတာပါ၊ ကျွန်တော့ မိန်းမကလည်း ပုံပြင်လေးကို ထင်ထင်ရှားရှား စာလုံးကြီးကြီးနဲ့ ကူး၊ မှန်ဘောင်နဲ့ အသေအချာ အကျအနသွင်းပြီး အိပ်ခန်းထဲမှာချိတ်ထားတာ၊ ခင်ဗျားတို့သိချင်ရင် ဆက်ဖတ်ကြပေါ့ဗျာ။ ............"

သည်လိုဗျ တစ်ည ကျွန်တော်အိမ်ကို ပြန်လာတာ အတော်မိုးချုပ်တယ်၊ ဗြစ်ရည်လေးကိုင်ထားပြီး နဲနဲလည်း အပြင်မှာ ကဲလာတာပေါ့ဗျာ၊ အဲသည်နေ့ ညမှာ မိန်းမကလည်း အတော်ကို ကြည်ကြည်ဖြူဖြူ ဖြစ်နေတော့ ကျွန်တော်တောင် (အင်း သည်မိန်းမ အချိုးတွေပြင်နေပြီ၊ အရင်တစ်ခါ ငါဘေထားတာ အတော်အီသွားလို့နဲ့တူတယ်) လို့ တွေးနေမိသေးတယ်။

ကိုကို ထမင်းအရင်စားမလား ရေအရင်ချိုးမလား၊ ကိုကို့အတွက် ဝီစကီတစ်လုံးပါ ဝယ်ထားသေးတယ်
တဲ့ စဉ်းစားကြည့်ကြပေါ့ဗျာ၊ အရင်ကဆို ကျွန်တော်နဲနဲလေးထွေပြီးပြန်လာတာနဲ့ ကွိုင်လိုက်တဲ့ အကွိုင်က ဝါယာကြိုးထက်ဆိုးတယ်၊ အခုတော့ သူက ကျွန်တော်သောက်ဖို့ ဝီစကီပါဝယ်ထားသေးတယ်ဆိုပါလား။

ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကျွန်တော်လည်း ရသလောက်အမြတ်ပဲဆိုပြီး ရေချိုး၊ ထမင်းစားရင်း ဝီစကီကို နှစ်ပက်လောက် ထပ်ဆွဲလိုက်သေးတယ်၊ အံမယ် ကျွန်တော့မိန်းမက အရိုးတွေဘာတွေတောင် ထွင်ပေးနေသေးတယ်၊ ဟုတ်ပါ့ဗျာ၊ ရီဝေဝေလေးဖြစ်လာတော့ မိန်းမကို
သူသူ ကိုကိုလေ သူသူ့ ကို ဟိုတစ်ခါက စိတ်ဆိုးဆိုးနဲ့ ဗြင်းလိုက်မိတာ ခွင့်လွှတ်နော်၊
ရပါတယ် ကိုကိုရယ်၊ သူသူ ကိုကို့ကို ဘယ်တော့မှ ဘွေမယူပါဘူး၊
အမလေး ချစ်စရာကောင်းတဲ့ ဇနီးချောလေး ကျွန်တော်လည်း မိန်းမကို ခါးလေးဖက်ပြီး အိပ်ခန်းထဲကို ခေါ်လာခဲ့တယ်။

အိပ်ခန်းထဲရောက်ရော မိန်းမက ပြုံးပြုံးလေးနဲ့
ကိုကို သည်မှာလေ သူသူ နေ့လည်က မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်လိုက်ရတဲ့ ပုံပြင်လေးကို ကြိုက်တာနဲ့ ကူးပြီး မှန်ဘောင်သွင်းထားတာ၊ ကိုကို ဖတ်ကြည့်ပါဦး၊
ကျွန်တော်လည်း သူပြောလို့ ပုံပြင်လေးကို ဖတ်ကြည့်လိုက်တာ အမူးတွေ ဘာတွေ ဟိုဟာတွေ သည်ဟာတွေ အားလုံးပျောက်ကုန်ပြီး အသဲပါယားသွားတယ်။


သည်လိုပါဗျာ ယိုးဒယားမှာတစ်ကယ်ဖြစ်ခဲ့တာပါ၊ လင် က အပြင်မှာ သောင်းကျန်းလွန်း ကဲလွန်းတော့ မယားက သူ့လင်မူးပြီး အိပ်နေတုန်း စိတ်နာနာနဲ့ လင်ရဲ့ ဟိုဟာကိုဖြတ်ပြီး နုတ်နုတ်စင်း ဘဲစာကျွေးလိုက်တဲ့ အကြောင်းပါ၊ နာလွန်းလို့ လန့်နိုးလာတဲ့ လင်လည်း သူ့ ငယ်ပါလေး rescue လုပ်ဖို့ကြိုးစားပေမဲ့မရတော့ဘူး၊ ဘဲက ဝါးပြီးနေပြီ၊ ပုံပြင်လေးကဒါပါဘဲဗျာ။
ကျွန်တော်လည်း အိမ်ရှေ့ကို အမြန်ပြေးထွက်ပြီး ဘဲတွေဘာတွေများ မွေးထားသလားဆိုရှာကြည့်မိတယ်၊ ဘာမှမရှိတော့မှ သက်ပြင်းချပြီး အိပ်ခန်းထဲကို ပြန်ဝင်လာခဲ့ရတယ်။

အဲသည်ညက ကျွန်တော် တစ်ညလုံး အိပ်ကိုမအိပ်ရဲတာ။

fri တစ်ယောက်ပို.လိုက်တဲ့mailပါ...နဲနဲရိုင်းပေမယ့်.....ရှုတ်ချင်တဲ့ယောင်္ကျားတွေများ.......?????

Print

0 comments:

Post a Comment

အားလုံးပဲ့ မင်္ဂလာပါ