ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။
တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။
သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..
--
ဖတ်ပြီးသားဖြစ်ခဲ့ရင်လဲပဲ .......
အိုသူတော်ကောင်းအပေါင်းတို့တစ်နေ့ တာ၏ကုန်သွားချိန်ကိုပြန်လည်သုံးသပ်ဆင်ခြင်ကြလော
ကုသိုလ် - ဥစ္စာ - ကျမ်းသန့်သာ၍
ပညာတန်ခိုး တမျိုးမျိုးမှ - အကျိုးမထွက်
ထိုနေ့ရက် သက်သက်ဝမ်းနည်းဘွယ်
အလုပ်ဆိုင်းရွေ့ အမေ့စောင့်စား -
အမှားမမြင် - အမြင်မလင့် ပြင်းမွေ့လျှော်
ဤငါးဖော် - နတ်သော်မငြား
မကြီးပွား
အိုသူတော်ကောင်းအပေါင်းတို့
စဉ်းစားဆင်ခြင်ဥာဏ်နှင့်ယှဉ်လော့
ဆင်ခြင်ကြည့်က သတိရ၍
ကြီးပွားအမှု ကြိုးစားပြုလော့ ။
၁။ လူနတ်ချမ်းသာ, လိုချင်ရှာ, ပြုပါ ဒါန-သာ။
၂။ အနာရောဂါ, ကင်းချင်ရှာ, စောင့်ပါ သီလ-သာ။
၃။ စိတ်ဆင်းရဲတာ, လွတ်ချင်ရှာ, လုပ်ပါ သမထ-သာ။
၎။ နိဗ္ဗာန်ချမ်းသာ, လိုချင်ရှာ, ရှုပါ ၀ိပဿနာ။
ထိုလေးမျိုးမှာ, ဆွေသဟာ, ကြိုက်ရာရွေးချယ်ပါ။
အညွှန်း
- Virus သတိ ()
- ကျန်းမာရေး ()
- ထူးဆန်းထွေလာ ()
- နည်းပညာ ()
- ဗဟုသုတ ()
- သိမှတ်စရာ ()
- ဟာသ ()
- အကူအညီ ()
- အစားအသောက်သတိ ()
ရေးသားချက်များ
-
▼
()
- ► ()
- ► ()
- ► ()
- ► ()
-
▼
()
- Do You Know Marketing?
- ကိုယ့်ဘ၀ကိုကိုယ် မကြေနပ်မဖြစ်ကြပါနဲ့
- .........အစအဆုံးဖတ်ကြည့်ပါ.........
- ကွန်ပျုတာသုံးတက်သူများဖတ်ကြည့်.............။
- လူတော်လူကောင်း
- |@|| Lujan Zoo ||@|
- Watermelons and eggshells --- amazing
- Dinner In The Sky
- လက်ရာမြောက် ပန်းချီကားများ
- သင့်ရဲ. မျက်လုံး ကို သနားရင်
- အရေးကြီးလွန်းလို့ဖတ်ပီးရင်မြန်မြန်forwardလုပ်ပေးပါ
- မြန်မာပြည် က ကျော်ကြ ခွကြ ဖွင့် ကြရတဲ့ အင်တာနတ် ဒု...
- Twins Separated at Birth
- RANGOON-BURMA] Pls read and share to Myanmar People
- ဖြူဖြူကျော်သိန်းကြိုက်သူများအတွက်(အပိုင်း 1)
- ပျင်းရင်သီချင်းလေးဆိုလိုက်ပါနော်----ဟီး--ဟီး :P
- သူငယ်ချင်း မိတ်ဆွေများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
- come to work Happy!!
- The New Ohio Roller Coaster!!!
- (for u to relax)ပင်ပန်းနေတဲ့ သူငယ်ချင်းတို့ အတွက်ေ...
- ဘ၀ကိုဘယ်တော့မှ အရှုံးမပေးနဲ့
- Top 20 hot models......( OWC). မော်ဒယ်လ်လေးတွေပါ သ...
- ဗေဒင်တဲ့ ဗျို့..လာကြလာကြ (Seriously very true )
- ပိတောက်တောင်းဆု
- စိတ်ဖြေသီချင်း
- 3 Stages of LIFE...
- Fake EGG
- The sexiest butt ever
- ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်း
- သူငယ်ချင်းကောင်း မိတ်ဆွေကောင်း
- ချစ်သူကို sorry မပြောကြေး
- ကျွန်တော်အသဲတုန်ရတဲ့ပုံပြင်လေးတစ်ပုဒ်
- ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း ...
- မြန်မာ အမျိုးသမီးများအတွက် ကူညီဖြန့်ဝေပေးပါ
- ► ()
***
မလေးရှား တနိုင်ငံလုံး တက္ကစီ ကားအငှားလိုက်ပေးခြင်း ၊လေယာဉ်ကွင်း=ယူအမ်ရုံး=မြန်မာ့သံရုံး = အကြို/ပို့
အလှူမင်္ဂလာ ၊ မင်္ဂလာဆောင်ဖိတ်စာ များကိုရိုက်ပေးခြင်း ၊ လိပ်စာကဒ် ၊ မွေးနေ့ကဒ် များကို ရိုက်ပေးခြင်း
Mp3,Mp4,Mobile Phone တို့တွင် မြန်မာသီချင်းများကို ထည့်ပေးခြင်း ၊ မိမိတို့ရိုက်ကူးထားသော
ဗွီဒီယို မှတ်တမ်းများကို video editing လုပ်ပေးခြင်း စသည်တို့ကို စိတ်တိုင်းကျ ဆောင်ရွက်ပေးပါသည်။
ဆက်သွယ်ရန်
နန်းထိုက်ပဒုမ္မာမြန်မာစတိုးနှင့်စားသောက်ဆိုင်
ကလန်း ၊ မလေးရှားနိုင်ငံ
ဖုန်း 010 - 2556 131
ဖုန်း 010 - 8300 221
မိမိတို့၏ စီးပွားရေး ၊ အိမ်ထောင်ရေး ၊ အချစ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ နိုင်ငံခြားကိစ္စ အမျိုးမျိုး ၊ ခလေးနာမည်ပေး ကင်ပွန်တပ်ခြင်း ၊ လုပ်ငန်းနာမည် ပေးခြင်း အမျိုးမျိုးတို့ကို စေတနာမေတ္တာထား၍ ဟောကြားပေးနေပါပြီ ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမ ဆွေဇင်ဝတီ နန်းထိုက်ပဒုမ္မာမြန်မာစတိုးနှင့်စားသောက်ဆိုင်
ကလန်း ၊ မလေးရှားနိုင်ငံ
ဆက်သွယ်ရန် ဖုန်း ၀၁၂ - ၉၁၃၃ ၀၉၃
၀၁၆ - ၆၉၀၃ ၅၁၃
ဓမ္မပိုင်းဆိုင်ရာ
အနည်းပညာပိုင်းဆိုင်ရာ
အထိပ်တန်းစာရင်းဝင်ဝက်ဆိုဒ်များ
သတင်းဌာနများ
My Blog list
-
-
無敵特務之偽鈔堡壘年電影 看 完整的电影线上 4k 19794 years ago
-
-
မိသားစုစိတ်ဓါတ်5 years ago
-
-
Myanmar National Anthem6 years ago
-
-
العاب حرب القبائل8 years ago
-
Ranked Gaming Client Portable10 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
အင်တာနက် အမြန်နူန်း အတွက်ပါ11 years ago
-
Pan Thu Ta record in Kuantan.11 years ago
-
ထူးဆန်းသော ပန်းချီ11 years ago
-
-
Winamp Media Player 5.612 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ13 years ago
-
YouTube Downloader14 years ago
-
Window 7 အကောင်းဆုံး Themes14 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
အားလုံးပဲ့ မင်္ဂလာပါ
0 comments:
Post a Comment