ဒီနေ့
ရာသီဥတု
ဖောက်ပြန်တယ်။
ရှေးအဆိုအရ
“စနေထောင့်က လာတဲ့မိုး
ကန်သင်းကျိုးအောင် ရွာလိမ့်မယ်” တဲ့။
လောကဓံထောင့်ချိုးက လာတဲ့မိုးရော
“ဘဝ” ကျိုးအောင် ရွာဦးမှာလား………….?
ရှာလည်းမတွေ့နိုင်တဲ့
နိယာမ အမှန်တရားတွေ
အပုန်းကောင်းလွန်းလှတယ်။
ကြာလည်းမမေ့နိုင်တဲ့
ဘဝရဲ့ အမည်းစက်တွေ
ဖျက်ဖို့ ခက်တယ်။
ငါလည်းတစ်နေ့တော့
သေရွာလမ်းကို လှမ်းရမယ်။
ငါ့ဘဝ အပေါ်ရွာချတဲ့
ဒုက္ခ မိုးရေစက်များကြောင့်
ရှိသမျှ ဝဋ်တွေ ကြေပါစေ။
အမှန်တရားတွေ
လျော့ပါးလာတော့
ငါ့ကိုယ်ငါပဲ ပြန်မှားခဲ့ရတယ်။

0 comments:
Post a Comment