SPass လား WP လား
မင်္ဂလာပါ မောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေနော်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က လေဆိပ်မှာဖြစ်ခဲ့တဲ့ အဖြစ်လေးကို မျှဝေသင့်တယ်
ထင်လို့ တင်လိုက်တာပါ။အဲဒိနေ့က ညီမလေးတစ်ယောက်
လေဆိပ်သွားကြိုပေးပါတယ်။အဲဒီညီမလေးက လောလောဆယ်မှာ Student pass
နဲ့နေနေတာပါ။အရင်က သူလေးလဲအိမ်တစ်အိမ်မှာ 18
လကြာနေခဲ့ဘူးပါတယ်။သူမွေးနေ့လေးမို့ ကုသိုလ်လုပ်ချင်လို့ အဲဒီနေ့မှာ
ပထမဆုံးအကြိမ် လေဆိပ်ကို တစ်ယောက်ထဲသွားကြိုပေးတဲ့နေ့ပေါ့။
သူရောက်ပြီး သိပ်မကြာဘူး မေလေးဆီဖုန်းဆက်လာပါတယ်။လေဆိပ်မှာ ပြသနာတက်လို့
လိုက်ခဲ့ပေးပါဆိုလို့ မေလေးချက်ချင်းလိုက်သွားတော့
ဟိုမှာပြသနာကတော်တော်ကြီးနေပြီ။
အစ်မတစ်ယောက် ရန်ကုန်ကအေးဂျင့်က S-pass ဆိုပြီး စာရွက်စာတမ်းအတုနဲ့
လွတ်လိုက်တယ်။ဒီရောက်တော့ အေးဂျင့်က Meeting Service
ကတဆင့်ကြိုခိုင်းထားတော့ Maid permit ဖြစ်နေတယ်။
အဲဒီအစ်မက ရန်ကုန်ကနာမည်ကြီး ကုမ္ပဏ်ီတစ်ခုမှာ တစ်လကို ၂
သိန်းနဲ့လုပ်နေရာက သူများအဆွယ်ကောင်းလို့ စင်ကာပူ လာခါမှ
အလိမ်မိတာလေ။အီးလဲတော်တော်ကောင်းသလို ထက်လဲထက်မြက်တဲ့မိန်းမ
တစ်ယောက်ဆိုတော့ အေးဂျင့်ကို တစ်ခွန်းမကျန် ပြန်ပြောတော့ အေးဂျင့်က
ပါးရိုက်လို့။
အမှန်က အေးဂျင့် မဟုတ်သေးပါဘူး။လာကြိုတဲ့သူအများစုက အေးဂျင့်ဆီမှာ
အလုပ်လုပ်နေတဲ့ ဒါရိုက်ဘာအဆင့်လောက်ဘဲရှိတဲ့သူတွေပါ။
လေဆိပ်တစ်ရက်လောက်သွားကြိုကြည့်ကြပါ။ ဒီကောင်တွေ
ဘယ်လောက်မိုက်ရိုင်းလဲသိရအောင်။
ခုမှလာခါစ ဆိုပြီး မြန်မာမိန်းကလေးတွေဆို ဘာမှတ်နေလဲမသိဘူး
နှိမ်မှနှိမ်။ရောက်ခါစ အစ်မတွေ ညီမလေးတွေ
တကယ်ကိုသနားဖို့ကောင်းတယ်။အမြဲဘဲမျက်ရည်လေး စမ်းစမ်းနဲ့ တကယ်ကို သနားစရာ
ကောင်းပါတယ်။
မေလေးလဲအဲဒီအစ်မကို သေချာရှင်းပြပါတယ်။ အစ်မအခုချိန်မှာ အစ်မလုပ်နိုင်တာ
သုံးလမ်းရှိတယ်။ တစ်က အစ်မလှည့်ပြန်သွားပါ။ဒါဆိုရင်တော့ အစ်မ အေးဂျင့်ကို
၁၅၀၀ လျှော်ရပါလိမ့်မယ်။
စာချုပ်ရှိလို့ပါ။လေယာဉ်ခလဲကိုယ်ဘာသာကိုပေးရမှာပါ။ဒီနည်းလဲသူမကြိုက်ပါဘူး။
ရန်ကုန်မှာပေးခဲ့တဲ့ အေးဂျင့်ခက လေယာဉ်လက်မှတ်ဖိုးမပါ ၄၃သိန်း
အကျေပေးခဲ့ရတယ်။အဲတော့သူခမျာ ဘယ်လိုလုပ်ထပ်ပေးချင်မလဲ။
နှစ်က အခုလောလေဆယ် အေးဂျင့်နဲ့လိုက်သွားပြီး အိမ်တစ်အိမ်မှာ
ခဏလုပ်ပါ။နောက်မှကြိုးစားရုန်းထွက်ပေါ့။ ဒီလိုလဲသူလက်မခံနိုင်ပါဘူး.။
တစ်သက်လုံးအိမ်ဖော်နဲ့နေလာတာတဲ့။အိမ်အလုပ်မလုပ်ဖူးဘူးတဲ့။ဒီတော့
ဒါလဲသူပယ်တယ်။
နောက်ဆုံးအချက်က ရဲစခန်းကိုခုချက်ချင်းသွားပြီးအမှုဖွင့် ပြီးရင် MOM
မှာသွားနေပေါ့။ဒါဘဲသူရွေးချယ်တော့ အေးဂျင့်ကိုပြန်လွှတ်လိုက်ပြီး
သူကိုရဲစခန်းခေါ်သွားပေးရတယ်။
လမ်းမှာလဲသေချာပြောပြရသေးတယ်။ လောလောဆယ် MOM မှာမေလေးတိုင်ထားပေးတာ ၅
ယောက်ရှိပါတယ်။အခုထိအမှုက မပြီးသေးဘူး။ တစ်ယောက်ဆို ကလေးတောင် ၃ လရှိပြီ။
အိမ်ရှင်စော်ကားလို့ တိုင်ထားတာပါ။တကယ် သနားစရာကောင်းပါတယ်။အသက်က ၂၁
ဘဲရှိပါသေးတယ်။သူလေးဘဝကိုစဉ်းစားကြည့်ကြပါအုန်း။
အဲဒီညီမလေးနဲ့ မေလေးသိတဲ့အချိန်မှာ ကိုယ်ဝန်က ၄ လကျော်နေပါပြီ။
ကိုယ်ဝန်ရှိနေတာကို အဲဒီညီမလေးကိုယ်တိုင်မသိလိုက်တာလေ။အခုတော့
ကလေးတစ်ယောက်နဲ့ အမှုကမပြီးသေးဘူးလေ။
ခုနအစ်မအကြောင်းဆက်ရအောင်။ သူကိုရဲစခန်းမှာ အမှုဖွင့်ပေးတော့
ထုံးစံအတိုင်းမေလေးကသက်သေပေါ့။ သက်သေဆိုတာ နောက်ရုံးချိန်းရှိတိုင်း
ခေါ်ရင်သွားရပါတယ်။ ဒီမှာလဲ မြန်မာပြည်မှာလိုပါဘဲ။ ရုံးချိန်းကခဏခဏ။
ရဲစခန်းကနေမှ တဆင့် punggol မှာရှိတဲ့ MOM ကိုလိုက်ပို့ခဲ့ပါတယ်။
ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ မသိသေးပါဘူး။သူကိုလိမ်လိုက်တဲ့ S-pass
appproval letter က မေလေးစစ်ကြည့်တော့ တကယ်ရှိပါတယ်။သူနာမည်တော့မဟုတ်ဘူး။
နာမည်နဲ့ မွေးသက္ကရာဇ် ကို အစားထိုးပြီးလွှတ်လိုက်တာလေ။
မေလေးသတိပေးချင်တာ နောက်ဆို ဘယ်အေးဂျင့် မှမယုံပါနဲ့။
ကိုယ်တိုင်သေချာစစ်ခဲ့ပါ။ S-pass တကယ်ကျမကျ
စစ်လို့ရပါတယ်။အေးဂျင့်နဲ့မလုပ်နဲ့မဟုတ်ပါဘူး။ လုပ်ပါ။အေးဂျင့်တွေကလည်း
ထိုက်တန်သလောက် ယူပြီးရင် မလိမ်ပါနဲ့ရှင်။ ဘဝတစ်ခုပျက်မှထမင်းစားမဲ့အစား
အငတ်ခံလို်က်တာပိုကောင်းတယ်လို့ မေလေးတော့ယူဆတယ်။ တကယ်ကိုဘဝပျက်သွားတဲ့
မိသားစုတွေအများကြီးရှိပါတယ်။
အေးဂျင့်နဲ့ ရန်ကုန်ကနေဘဲအပ်အပ် ဒီကိုအလည်နဲ့လာပြီးမှဘဲအပ်အပ်
ပိုက်ဆံအကုန်မချေပါနဲ့။ သူတို့ဘယ်လိုပြောပြော စရန်ကလွဲရင်
မပေးထားပါနဲ့။တကယ် approve ဖြစ်မှပေးပါ။ အပ်ထားပြီးသိပ်မကြာဘူး
သူတို့ကသူဌေးနဲ့လဲတွေ့ပေးပြီးပြီ။ အလုပ်လဲအိုကေလို့
တင်မယ်ဆိုတခါထဲမေးထားပါ။ကိုယ် အရည်အချင်းကိုသူဌေးကတကယ်ကြိုက်လို့
တင်တာလား။သိပ်မကြိုက်ဘူးဆိုရင် နောက်အလုပ်ရှာခိုင်းပါ။အားနာစရာလုံးဝမလိုပါဘူးး။
အားနာနေရင်ကိုယ်ခံသွားရမယ်လေ။ အေးဂျင့်နဲ့ သူဌေးနဲ့ပေါင်းပြီးလုပ်တာတွေ
များနေလို့ပါ။ ဥပမာ..အေးဂျင့်ခ ၃၀၀၀ ယူတယ်ထား၊သူဌေးကို ၁၅၀၀
ပေးမယ်။S-pass လျှောက်ပေးမယ်။ကျလဲကျတယ်။ တစ်ပတ်လောက်၊တစ်လလောက်ဆို သူဌေးက
မကြိုက်ဘူးဆိုပြီး ဖြုတ်လိုက်မယ်။
အေးဂျင့်ကသူနောက်အလုပ်ရှာပေးမယ်ဆိုပြီး နောက်ထပ် ၁၀၀၀ သို့မဟုတ်
၂၀၀၀ထပ်တောင်း။အလုပ်ရ၊သူဌေးကထပ်ဖြုတ်၊ အဲလိုတွေ
အပြင်မှာ တကယ်ဖြစ်နေလို့ပါ။
အဲဒီတော့ တစ်ခါထဲအေးဂျင့်ကိုမေးပါ။ အစမ်းခန့်က ဘယ်နှစ်လလဲ။တကယ်လို့
ကိုယ်အရည်အချင်းကြောင့် မဟုတ်ဘဲ သူဌေးကသက်သက်အလုပ်ဖြုတ်ရင်
ဘယ်လိုလုပ်ပေးမှာလဲ၊တခါထဲမေးထားပါ။
အေးဂျင့်ကတင်လိုက်ပြီ ဆိုရင် အွန်လိုင်းကတင်ရင်
ဒီနေ့တင်မနက်ဖြန်သိ၇ပါတယ်။ စာတိုက်ကတင်ရင်တော့ ၁ ပတ်လောက်ဆို Fin
နံပါတ်ထွက်လာပါတယ်။ ဘာနဲ့ဘဲတင်တင် အေးဂျင့်ဆီက Fin နံပါတ်တောင်းပါ။
ပြီးရင် www.mom.gov.sg ကိုသွားပါ ။ညာဘက်အောက်နားလေးမှာ အနီရောင်
အကွက်လေးရှိပါတယ်။ ------I want to ---------- ဆိုပြီးရေးထားတယ်။
ကလစ်နှိပ်လိုက်ရင်စာတန်းလေးတွေထွက်လာပါလိမ့်မယ်။
အဲဒီထဲကမှ ၇ ကြောင်းမြောက်မှာ Check my Employment pass/S pass
application Status ဆိုတာကိုနှိပ်လိုက်ပါ။
နောက်ထပ် window ပေါ်လာလိမ့်မယ်။ အဲကျရင် ကိုယ်နာမည်ရယ်၊မွေးသက္ကရာဇ်၊ခုန
ပွဲစားဆီကမေးထားတဲ့ Fin နံပါတ်ရယ် ရိုက်လိုက်ရင် ဘယ်နေ့မှာတင်ထားတယ်။
တင်ထားတဲ့နံပါတ်ကဘယ်လောက်၊ကျပြီလား မကျသေးဘူးလား၊အကုန်ပေါ်လာပါလိမ့်မယ်။
သိပြီးသားလူတွေအတွက်တော့ ဆောရီးပါ။မသိသေးတဲ့သူတွေ
အတွက် အသေးစိတ်လေးရေးလိုက်မိတာပါ။
မောင်နှမများအားလုံးအလိမ်ခံခြင်းမှကင်းဝေးကြပါစေ။
အိုသူတော်ကောင်းအပေါင်းတို့တစ်နေ့ တာ၏ကုန်သွားချိန်ကိုပြန်လည်သုံးသပ်ဆင်ခြင်ကြလော
ကုသိုလ် - ဥစ္စာ - ကျမ်းသန့်သာ၍
ပညာတန်ခိုး တမျိုးမျိုးမှ - အကျိုးမထွက်
ထိုနေ့ရက် သက်သက်ဝမ်းနည်းဘွယ်
အလုပ်ဆိုင်းရွေ့ အမေ့စောင့်စား -
အမှားမမြင် - အမြင်မလင့် ပြင်းမွေ့လျှော်
ဤငါးဖော် - နတ်သော်မငြား
မကြီးပွား
အိုသူတော်ကောင်းအပေါင်းတို့
စဉ်းစားဆင်ခြင်ဥာဏ်နှင့်ယှဉ်လော့
ဆင်ခြင်ကြည့်က သတိရ၍
ကြီးပွားအမှု ကြိုးစားပြုလော့ ။
၁။ လူနတ်ချမ်းသာ, လိုချင်ရှာ, ပြုပါ ဒါန-သာ။
၂။ အနာရောဂါ, ကင်းချင်ရှာ, စောင့်ပါ သီလ-သာ။
၃။ စိတ်ဆင်းရဲတာ, လွတ်ချင်ရှာ, လုပ်ပါ သမထ-သာ။
၎။ နိဗ္ဗာန်ချမ်းသာ, လိုချင်ရှာ, ရှုပါ ၀ိပဿနာ။
ထိုလေးမျိုးမှာ, ဆွေသဟာ, ကြိုက်ရာရွေးချယ်ပါ။
အညွှန်း
- Virus သတိ ()
- ကျန်းမာရေး ()
- ထူးဆန်းထွေလာ ()
- နည်းပညာ ()
- ဗဟုသုတ ()
- သိမှတ်စရာ ()
- ဟာသ ()
- အကူအညီ ()
- အစားအသောက်သတိ ()
ရေးသားချက်များ
-
▼
()
- ► ()
- ► ()
- ► ()
- ► ()
-
▼
()
- Do You Know Marketing?
- ကိုယ့်ဘ၀ကိုကိုယ် မကြေနပ်မဖြစ်ကြပါနဲ့
- .........အစအဆုံးဖတ်ကြည့်ပါ.........
- ကွန်ပျုတာသုံးတက်သူများဖတ်ကြည့်.............။
- လူတော်လူကောင်း
- |@|| Lujan Zoo ||@|
- Watermelons and eggshells --- amazing
- Dinner In The Sky
- လက်ရာမြောက် ပန်းချီကားများ
- သင့်ရဲ. မျက်လုံး ကို သနားရင်
- အရေးကြီးလွန်းလို့ဖတ်ပီးရင်မြန်မြန်forwardလုပ်ပေးပါ
- မြန်မာပြည် က ကျော်ကြ ခွကြ ဖွင့် ကြရတဲ့ အင်တာနတ် ဒု...
- Twins Separated at Birth
- RANGOON-BURMA] Pls read and share to Myanmar People
- ဖြူဖြူကျော်သိန်းကြိုက်သူများအတွက်(အပိုင်း 1)
- ပျင်းရင်သီချင်းလေးဆိုလိုက်ပါနော်----ဟီး--ဟီး :P
- သူငယ်ချင်း မိတ်ဆွေများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
- come to work Happy!!
- The New Ohio Roller Coaster!!!
- (for u to relax)ပင်ပန်းနေတဲ့ သူငယ်ချင်းတို့ အတွက်ေ...
- ဘ၀ကိုဘယ်တော့မှ အရှုံးမပေးနဲ့
- Top 20 hot models......( OWC). မော်ဒယ်လ်လေးတွေပါ သ...
- ဗေဒင်တဲ့ ဗျို့..လာကြလာကြ (Seriously very true )
- ပိတောက်တောင်းဆု
- စိတ်ဖြေသီချင်း
- 3 Stages of LIFE...
- Fake EGG
- The sexiest butt ever
- ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်း
- သူငယ်ချင်းကောင်း မိတ်ဆွေကောင်း
- ချစ်သူကို sorry မပြောကြေး
- ကျွန်တော်အသဲတုန်ရတဲ့ပုံပြင်လေးတစ်ပုဒ်
- ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း ...
- မြန်မာ အမျိုးသမီးများအတွက် ကူညီဖြန့်ဝေပေးပါ
- ► ()
***
မလေးရှား တနိုင်ငံလုံး တက္ကစီ ကားအငှားလိုက်ပေးခြင်း ၊လေယာဉ်ကွင်း=ယူအမ်ရုံး=မြန်မာ့သံရုံး = အကြို/ပို့
အလှူမင်္ဂလာ ၊ မင်္ဂလာဆောင်ဖိတ်စာ များကိုရိုက်ပေးခြင်း ၊ လိပ်စာကဒ် ၊ မွေးနေ့ကဒ် များကို ရိုက်ပေးခြင်း
Mp3,Mp4,Mobile Phone တို့တွင် မြန်မာသီချင်းများကို ထည့်ပေးခြင်း ၊ မိမိတို့ရိုက်ကူးထားသော
ဗွီဒီယို မှတ်တမ်းများကို video editing လုပ်ပေးခြင်း စသည်တို့ကို စိတ်တိုင်းကျ ဆောင်ရွက်ပေးပါသည်။
ဆက်သွယ်ရန်
နန်းထိုက်ပဒုမ္မာမြန်မာစတိုးနှင့်စားသောက်ဆိုင်
ကလန်း ၊ မလေးရှားနိုင်ငံ
ဖုန်း 010 - 2556 131
ဖုန်း 010 - 8300 221
မိမိတို့၏ စီးပွားရေး ၊ အိမ်ထောင်ရေး ၊ အချစ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ နိုင်ငံခြားကိစ္စ အမျိုးမျိုး ၊ ခလေးနာမည်ပေး ကင်ပွန်တပ်ခြင်း ၊ လုပ်ငန်းနာမည် ပေးခြင်း အမျိုးမျိုးတို့ကို စေတနာမေတ္တာထား၍ ဟောကြားပေးနေပါပြီ ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမ ဆွေဇင်ဝတီ နန်းထိုက်ပဒုမ္မာမြန်မာစတိုးနှင့်စားသောက်ဆိုင်
ကလန်း ၊ မလေးရှားနိုင်ငံ
ဆက်သွယ်ရန် ဖုန်း ၀၁၂ - ၉၁၃၃ ၀၉၃
၀၁၆ - ၆၉၀၃ ၅၁၃
ဓမ္မပိုင်းဆိုင်ရာ
အနည်းပညာပိုင်းဆိုင်ရာ
အထိပ်တန်းစာရင်းဝင်ဝက်ဆိုဒ်များ
သတင်းဌာနများ
My Blog list
-
-
無敵特務之偽鈔堡壘年電影 看 完整的电影线上 4k 19794 years ago
-
-
မိသားစုစိတ်ဓါတ်5 years ago
-
-
Myanmar National Anthem6 years ago
-
-
العاب حرب القبائل8 years ago
-
Ranked Gaming Client Portable10 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
အင်တာနက် အမြန်နူန်း အတွက်ပါ11 years ago
-
Pan Thu Ta record in Kuantan.11 years ago
-
ထူးဆန်းသော ပန်းချီ11 years ago
-
-
Winamp Media Player 5.612 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ13 years ago
-
YouTube Downloader14 years ago
-
Window 7 အကောင်းဆုံး Themes14 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
အားလုံးပဲ့ မင်္ဂလာပါ
0 comments:
Post a Comment