.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

လူတော်လူကောင်း

လူဘုံလူရွာ
လူ့လောက၀ယ်
ပွေလီရှုပ်ထွေး
မာယာသွယ်သွယ်
တွေ့ဆုံ၊ကြုံကွဲ
ဝမ်းနည်း၊၀မ်းသာ
ပူဆွေးငိုကြွေး
ချစ်ခင်ကြိုက်မုန်း
သနားတတ်သော
စိတ်ထွေထွေဖြင့်
ရှင်သန်ကြ၏။


ငါ့ဖို့၊ငါ့ဟာ
ငါ့မိန်းမနှင့်
ငါ့သားသမီး
ငါ့မိဘတွက်
ငါ့စွဲ စွဲ၍
သူတပါးပေါ်
မတော်လောဘ
ကောက်ကျစ်စဉ်းလဲ
လိမ်လည်လှည့်ဖြား
စီးပွားရှာ၏။
ဖြစ်ပျက်သဘော
မတည်မြဲခြင်း
နိယာမကို
လျစ်လျူရှုလျက်
ကိုယ်သေကိုယ်နောက်
ပါမယ်ဟုထင်
ကံ ကံအကျိုး
မေ့ကာထားလို့
ငါသိ၊ငါတတ်
ငါဆရာဟု
သွေးနားထင်ရောက်
စွဲထင်ကြ၏။
စီးပွားဥစ္စာ
ကြင်သူသက်ထား
သားသမီးကို
ကိုယ်နှင့်မကွာ
ခေါ်ဆောင်မည်ဟု
မမှတ်ယူနှင့်
အမှန်တကယ်
ပါရှိမှာက
မိမိပြုသော
ဒါန၊သီလ
ဘာဝနာသာ
လိုက်ပါကြ၏။
ဂင်္ဂါဝါလု
သဲစုမက
ပွင့်တော်မူသော
ဗုဒ္ဓမြတ်စွာ
ဘုရားရှင်တော်
အဆူဆူနှင့်
လွဲချော်ခဲ့၍
သံသရာဆက်
ဘ၀များစွာ
ကျင်လည်ခဲ့ပြီး
ယခုမျက်မောက်
ဘုရားရှင်တော်
သာသနာနှင့်
ကြုံတုန်းကြုံခိုက်
မဂ်ဗိုလ်နိဗ္ဗာန်
မျက်မောက်ပြုရန်
ကျင့်ကြံပွားများ
အားထုတ်ကြပါစို့.....................။ ။




Print

0 comments:

Post a Comment

အားလုံးပဲ့ မင်္ဂလာပါ