.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ကြက်ဥမှ ထုတ်လုပ်သောဆေးဝါးဖြင့် ၀က်တုတ်ကွေးရောဂါ H1N1 ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီ

ကြက်ဥမှ ထုတ်လုပ်သော ဆေးဝါးဖြင့် ၀က်တုတ်ကွေးရောဂါ H1N1 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်သောကြောင့် အမေရိကန် ကုမ္မဏီငယ်လေး ဒေါ်လာသန်း ၃၅ သန်း ဆုချီးမြင့်ခြင်း ခံရကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌါနက ထုတ်ပြန်

ယခုအခါ ကမ္ဘာတစ်ဝန်းလုံးက ကပ်ရောဂါအဖြစ် စိုးရိမ်ထိပ်လန့် နေကြသော ၀က်တုတ်ကွေး ရောဂါမှာ မြန်မာပြည်သို့ပါ စတင် ကူးစက်လာပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းစာများအရ သိရသည်။ အဆိုပါ တုတ်ကွေးရောဂါကို ကြောက်လန့်ကြသော မြန်မာ ပြည်သူများမှာ ရောဂါ ကူးစက် မခံရစေရန်အတွက် မျက်နှာဖုံးအကာများ အများအပြား ၀ယ်ယူနေမှုကြောင့် ယခင်က မျက်နှာဖုံးတစ်ခုလျင် ကျပ် ၁၅၀ သာ ရှိနေရာမှ ဈေးများ အဆမတန်ထိုးတက်သွားပြီး ယခုအခါ ၀ယ်ယူ၍ပင် မရနိုင်တော့လောက်အောင် ပစ္စည်းများ ပြတ်လတ်သွားပြီ ဖြစ်ကြောင်း မင်္ဂလာဈေးတွင် ယနေ့ စုံစမ်းသိရှိရသည်။ အဆိုပါ ရောဂါအတွက် နောက်ဆုံးရ သတင်းများကို Mutdfan.com အနေဖြင့် အထူးသတင်းအဖြစ် တင်ပြပေးလိုက်ရပါသည်။


"အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌါန၏ ယနေ့ထုတ်ပြန် ကြေငြာချက်အရ အမေရိကန်နိုင်ငံ ကုမ္မဏီငယ်လေးဖြစ်သော Protein Sciences Corporation, သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားသော ၀က်တုတ်ကွေးရောဂါ ဖြစ်သည့် H1N1 တုတ်ကွေးရောဂါကို ကွာကွယ်နိုင်သည့် ဆေးဝါး FluBlok®,ကို ထုပ်လုပ်နိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ဆုချီးမြှင့်ခံလိုက်ရကြောင်း သိရသည်။ ဆေးဝါး ကုသမှု ပထမအပတ်စဉ် အဖြစ် လူဦးရေ တစ်သိန်းအား လွန်ခဲ့သော သီတင်းပတ်က အဆိုပါ ကာကွယ်ဆေးကို ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ Protein Sciences Corporation, ၏ စီးပွါးရေး အခြေအနေမှာ အထူးကောင်းမွန်လျက်ရှိနေပြီ ဖြစ်ပြီး လာမည့်နှစ်များအတွင်း အမှာစာပေါင်း ဒေါ်လာသန်း ၂၀၀ ဖိုးအထိ ရှိလာမည် ဖြစ်သည်။

လွန်ခဲ့သော သီးတင်းပတ် အနည်းငယ်က ဆဲလ်ပွါးခြင်း နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားသော ၀က်တုတ်ကွေးရောဂါ H1N1 influenza or ( "swine flu")ကာကွယ်ဆေး ထုတ်ဖေါ် နိုင်ခဲ့ပြီး တိရိစ္ဆာန်များနှင့် စမ်းသပ်ခဲ့ရာတွင် အန္တရာယ်ကင်းမှုနှင့် စမ်းရည်ထက်မြက်မှုတို့တွင် ယုံကြည့်စိတ်ချရသော အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် အဆိုပါဆေးကို ယခုအခါ လူသားတို့အတွက် စတင်စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ဆေးဝါး၏ အလားအလာ ကောင်းမွန်မှုနှင့် ကာကွယ်မှု စွမ်းရည် ပြည့်ဝရေးအတွက် အချိန်တိုအတွင်း ထုတ်လုပ် နိုင်ရေး တို့အတွက်မူ အနည်းငယ်သော ချွင်းချက်များ ရှိနေသေးသည်။ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုသော ကြက်ဥသည် မျိုးပွါးနိုင်သော ကြက်ဥ အမျိုးအစား ဖြစ်ရမည် ဖြစ်သဖြင့် ကုန်ကြမ်းရှားပါးမှု အနည်းငယ် ရှိလာနိုင်သည်။

H1N1 ၀က်တုတ်ကွေး ရောဂါသည် အခြားသော ဗိုင်းရပ်စ်များ၏ လက္ခဏာများနှင့် မတူဘဲ ကင်းခြေများ ကောင်ကဲ့သို့ ဆဲလ်များကို ပျံ့ပွါးကူးစက်ခြင်းဖြစ်ကာ မျိုးစေ့များ ပျံ့ပွါးစေခြင်းဖြင့် ရောဂါလက္ခဏာထင်ရှား လာစေတတ်သော ရောဂါမျိုး ဖြစ်သည်။ ယခုအခါ ဆေးဝါး ထုတ်လုပ်မှုကို သန်း ၅၀ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်းလည်း သိရသည်။


နီးစပ်ရာလက်ဆင့်ကမ်း ပေးကြပါ..
ကျေးဇူးတင်ပါတယ်...

(source) ၀င်းနိုင်ဦး

Print

0 comments:

Post a Comment

အားလုံးပဲ့ မင်္ဂလာပါ