# နေ့စဉ် 10 မိနစ်မှ မိနစ်30 အထိလမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
# နေ့စဉ်အနည်းဆုံး 10မိနစ်ခန့် ဘာကိုမှာမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
# ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလိုနေ့စဉ် 7နာရီပြည့်အောင်အိပ်ပါ။
# E သုံးလုံးနဲ့အညီနေပါ။ (1) Energy (2) Enthusiasm (3) Empathy
# Game တွေကစားပေးပါ။
# မနေ့ကထက် ဒီနေ့စာများများပိုဖတ်ပါ။
# တရားထိုင်းခြင်း၊ ယောဂကျင့်ခြင်း စတာတွေအတွက် နေ့စဉ်အချိန်ပေး လုပ်ဆောင်ပါ။
# သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကို အသက် 70 အရွယ်တွေနဲ့ အသက်
6နှစ်အောက်ကလေးငယ်များနဲ့ အချိန်ဖြုန်းနေပါ။
# နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
* အသားများများစားတာထက် အသီးအရွက်များများစားပါ။
* ရေများများသောက်ပါ။
* တစ်နေ့မှာ အနည်းဆုံးလူ 3ယောက်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံး ဖြစ်အောင်ပြုံးပြပါ။
* အတင်းပြောခြင်းနဲ့ အချိန်တွေမဖြုန်းမိပါစေနဲ့။
* အတိတ်က အမှားတွေကို ပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ ပျော်အောင်နေပစ်ပါ။
* သင်မလုပ်နိုင်ပဲနဲ့ အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှ သင်ကိုယ်တိုင် ၀င်ခံစားပေးပါ။
* ဘ၀ဆိုတာသင်ယူစရာတွေနဲ့ ပြည့်နှက်နေတဲ့ ကျောင်းတစ်ခုဆိုတာသိပါ။ ပြဿနာဆိုတာ သင်ရိုးညွှန်းတမ်းထဲက
ပြဌာန်းချက် အပိုင်းအစတစ်ခုဖြစ်လို့ ကျောင်းမှန်မှန်တက်ပြီး ဘ၀နောက်ဆုံးအချိန်ထိ လေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
* မနက်မှာ ဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။
* လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီးများများပြုံးပါ။
* ဘ၀ဟာသိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့ အချိန်မဖြုန်းပါနဲ့ မုန်းနေတာတွေရှိရင် ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
* အလုပ်တွေလုပ်တဲ့အခါ အသည်းအသန် အပူတပြင်းမလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီး အမှားကင်းအောင်လုပ်ပါ။
* အငြင်းအခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့သင့်လေတွေကိုမဖြုန်းပါနဲ့။ နားလည်မှု အတတ်နိုင်ဆုံး ပေးလိုက်ပါ။
* အတိတ်ကကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေးယူကြည့်ပါ။ လက်ရှိအခြေအနေအတွက် အထောက်အကူရလာပါလိမ့်မယ်။
* သင့်ဘ၀ကို အခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
* သင့်ဘ၀ကို ပျော်ရွှင်အောင်လုပ်နိုင်တာသင်အပြင်တခြားလူမရှိဘူးဆိုတာ သိပါ။
* အရာရာတိုင်းအတွက် လူတိုင်းကို ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ မြင်ကြည့်ပါ။
* အခြားသူတွေ သင့်ကိုဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင်သင်ခံစားမနေပါနဲ့။
* ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။
* သင်နေမကောင်းဖြစ်နေလျှင် သင့်သူငယ်ချင်း (သို့) တစ်စုံတစ်ဦးက သင့်တာဝန်တွေကို လုပ်ဆောင်ပါလိမ့်မယ်။ (ကိုယ်ကျန်းမာမှာစိတ်ကျန်းမာမည်)
* အသုံးမ၀င်တော့တဲ့ အရာတွေကိုအမြန်ဖယ်ရှားပါ။ လှလှပပနဲ့ ပျော်ရွှင်အောင်နေပါ။
* မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့ အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကို သတိရပါ။
* မကြာမီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာ သိပါ။
* ခံစားမှုတွေများလို့ မပြိုလဲသွားပါနဲ့။ အမြန်ထ အမြန်ပြင်ဆင်ပြီး လန်းဆန်းတက်ကြွစွာ နေပြပါ။
* သင်မှန်တယ်ထင်တာတွေကို တွေးပြီးလုပ်ပါ။
* မကြာခဏ မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး စကားပြောပါ။
* သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။
* နေ့စဉ် တစ်စုံတစ်ယောက်ဆီကို ပုံမှန်လက်ဆောင်ပေးပါ။ (ငွေ၊အရာဝတ္တု၊စကား)
* အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
* သင်သိသမျှ ပတ်ဝန်းကျင်ကို မျှဝေပါ။
source by ; ဧဒင်ဥယာဉ်
အိုသူတော်ကောင်းအပေါင်းတို့တစ်နေ့ တာ၏ကုန်သွားချိန်ကိုပြန်လည်သုံးသပ်ဆင်ခြင်ကြလော
ကုသိုလ် - ဥစ္စာ - ကျမ်းသန့်သာ၍
ပညာတန်ခိုး တမျိုးမျိုးမှ - အကျိုးမထွက်
ထိုနေ့ရက် သက်သက်ဝမ်းနည်းဘွယ်
အလုပ်ဆိုင်းရွေ့ အမေ့စောင့်စား -
အမှားမမြင် - အမြင်မလင့် ပြင်းမွေ့လျှော်
ဤငါးဖော် - နတ်သော်မငြား
မကြီးပွား
အိုသူတော်ကောင်းအပေါင်းတို့
စဉ်းစားဆင်ခြင်ဥာဏ်နှင့်ယှဉ်လော့
ဆင်ခြင်ကြည့်က သတိရ၍
ကြီးပွားအမှု ကြိုးစားပြုလော့ ။
၁။ လူနတ်ချမ်းသာ, လိုချင်ရှာ, ပြုပါ ဒါန-သာ။
၂။ အနာရောဂါ, ကင်းချင်ရှာ, စောင့်ပါ သီလ-သာ။
၃။ စိတ်ဆင်းရဲတာ, လွတ်ချင်ရှာ, လုပ်ပါ သမထ-သာ။
၎။ နိဗ္ဗာန်ချမ်းသာ, လိုချင်ရှာ, ရှုပါ ၀ိပဿနာ။
ထိုလေးမျိုးမှာ, ဆွေသဟာ, ကြိုက်ရာရွေးချယ်ပါ။
အညွှန်း
- Virus သတိ ()
- ကျန်းမာရေး ()
- ထူးဆန်းထွေလာ ()
- နည်းပညာ ()
- ဗဟုသုတ ()
- သိမှတ်စရာ ()
- ဟာသ ()
- အကူအညီ ()
- အစားအသောက်သတိ ()
ရေးသားချက်များ
***
မလေးရှား တနိုင်ငံလုံး တက္ကစီ ကားအငှားလိုက်ပေးခြင်း ၊လေယာဉ်ကွင်း=ယူအမ်ရုံး=မြန်မာ့သံရုံး = အကြို/ပို့
အလှူမင်္ဂလာ ၊ မင်္ဂလာဆောင်ဖိတ်စာ များကိုရိုက်ပေးခြင်း ၊ လိပ်စာကဒ် ၊ မွေးနေ့ကဒ် များကို ရိုက်ပေးခြင်း
Mp3,Mp4,Mobile Phone တို့တွင် မြန်မာသီချင်းများကို ထည့်ပေးခြင်း ၊ မိမိတို့ရိုက်ကူးထားသော
ဗွီဒီယို မှတ်တမ်းများကို video editing လုပ်ပေးခြင်း စသည်တို့ကို စိတ်တိုင်းကျ ဆောင်ရွက်ပေးပါသည်။
ဆက်သွယ်ရန်
နန်းထိုက်ပဒုမ္မာမြန်မာစတိုးနှင့်စားသောက်ဆိုင်
ကလန်း ၊ မလေးရှားနိုင်ငံ
ဖုန်း 010 - 2556 131
ဖုန်း 010 - 8300 221
မိမိတို့၏ စီးပွားရေး ၊ အိမ်ထောင်ရေး ၊ အချစ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ နိုင်ငံခြားကိစ္စ အမျိုးမျိုး ၊ ခလေးနာမည်ပေး ကင်ပွန်တပ်ခြင်း ၊ လုပ်ငန်းနာမည် ပေးခြင်း အမျိုးမျိုးတို့ကို စေတနာမေတ္တာထား၍ ဟောကြားပေးနေပါပြီ ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမ ဆွေဇင်ဝတီ နန်းထိုက်ပဒုမ္မာမြန်မာစတိုးနှင့်စားသောက်ဆိုင်
ကလန်း ၊ မလေးရှားနိုင်ငံ
ဆက်သွယ်ရန် ဖုန်း ၀၁၂ - ၉၁၃၃ ၀၉၃
၀၁၆ - ၆၉၀၃ ၅၁၃
ဓမ္မပိုင်းဆိုင်ရာ
အနည်းပညာပိုင်းဆိုင်ရာ
အထိပ်တန်းစာရင်းဝင်ဝက်ဆိုဒ်များ
သတင်းဌာနများ
My Blog list
-
-
無敵特務之偽鈔堡壘年電影 看 完整的电影线上 4k 19793 years ago
-
-
မိသားစုစိတ်ဓါတ်5 years ago
-
-
Myanmar National Anthem6 years ago
-
-
العاب حرب القبائل8 years ago
-
Ranked Gaming Client Portable10 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
အင်တာနက် အမြန်နူန်း အတွက်ပါ11 years ago
-
Pan Thu Ta record in Kuantan.11 years ago
-
ထူးဆန်းသော ပန်းချီ11 years ago
-
-
Winamp Media Player 5.612 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ13 years ago
-
YouTube Downloader13 years ago
-
Window 7 အကောင်းဆုံး Themes14 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
အားလုံးပဲ့ မင်္ဂလာပါ
1 comments:
Thank you for this post.
Post a Comment