.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ရေအလှူသွားရန် လူအင်အား အများအပြားလို



ဝေါမြို့နယ်ရှိ ကျေးရွာ ၂၆ ရွာထက် မနည်း သော ရွာများကို ရေလှူရန် ရေကား ၁၈ စီး ရရှိထားပါသည်.။
သို့သော် လိုက်ပါမည့် လူငယ်အင်အား လိုအပ်နေပါသဖြင့် မြန်မာအိုင်တီလောကဖွံ့ဖြိုးရေး ပရဟိတ အသင်းမှ အကူအညီပေးရန် တောင်ခံလိုပါသည်။ ငွေအားရောလူအားပါ ပါဝင်လှူဒါန်းနိုင်ပါသည်..

လက်ရှိအနေအထားတွင် လူအင်အား မလုံလောက်မှုကြောင့် ရွာတစ်ရွာ ၀င်လိုက်သည်နှင် ရှေ့ရွာများသို့ ဆက်မသွားနိုင်တော့ပဲ ပါသမျှရေ ထိုရွာတွင် အကုန်လှူခဲ့ရသလိုဖြစ်နေသောကြောင့် အခြားမရရှိနိုင်သေးသောရွာများသို့ သီးသန့် ကားတစ်စီး စီ ရောက်နိုင်ရန် အတွက် ကားပေါ်တွင် လိုက်ပါ စီမံခံ့ခွဲပေးမည့် လူအင်အား များ လိုအပ်နေပါသည်။.

ရေကားများလည်း ဆက်လက်လှူဒါန်းနိုင်ပြီး ရေငတ်ဝမ်းကျ ရောဂါများအတွက် ဓါတ်ဆား ထုတ်များလည်း အများအပြား လိုအပ်နေပါသည်။

လက်ရှိ ကောက်ခံရရှိပြီးသော အလှူငွေမှာ ရေကား ၁၈ စီးစာမျှသာရှိနေပြီး ကား ၁၀ စီး Stand by ရှိနေပါပြီ။
ထို့ကြောင့် စေတနာရှင် များ အနေဖြင့် လုပ်အား ငွေအား လှူဒါန်း လိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်လုပ်ကိုင်နိုင်ကြစေရန် နိဗ္ဗာန် အကျိုးမျှော်၍ တင်ပြ နှိုးဆော်အပ်ပါသည် -



မရွှေစင်
Disney Internet Cafe
ကမ္ဘာအေးဘုရားရှေ့ ၊ (၉) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်တိုင်း၊
ဖုန်း - ၀၉ ၅၀၂ ၆၆ ၂၆
disneyinternet@gmail.com

source by:

Print

0 comments:

Post a Comment

အားလုံးပဲ့ မင်္ဂလာပါ