တစ်နေ့ကို ကိုလာအချိုရည် ၁ ကွတ် နဲ့ အထက် သောက်သုံးရင် အမျိုးသားများမှာ သုက်ပိုးတွေရဲ့ စွမ်းရည် လျော့ကျစေတာကို သုတေသနပြု တွေ့ရှိအတည်ပြုနိုင်ခဲ့ကြပြီး မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ (၁ကွတ်ဆိုတာ ၀ ဒသမ ၉ လီတာ၊
၁လီတာ နီးနီးရှိပြီး ဖန်ပုလင်းများနဲ့ ဆိုရင် တစ်နေ့ ၃ ပုလင်းခန့်၊ ဈေးကွက်ထဲမှာ ထွက်တာ မကြာသေးတဲ့ ကော်ပုလင်းများနဲ့ ဆိုရင် တစ်နေ့ ၂ပုလင်းတိတိ သောက်သုံးမှသာ အန္တရာယ် ရှိတာမို့ အမျိုးသားများ သိပ်တော့ စိုးရိမ်စရာ မရှိလှပါ)
ဒီလို သောက်တဲ့ အမျိုးသားတွေမှာတော့ သုက်ကောင် အရေအတွက် ၃၀% လောက်ကို လျော့သွားတယ်လို့ လေ့လာ တွေ့ရှိရပါတယ်။ သုက်ကောင်အရေအတွက်ဟာ သားသမီးရရှိရေးမှာ အရေးအလွန်ကြီးတဲ့ အတွက် ဒီလောက် ၃၀% တောင် လျော့ကျသွားတယ် ဆိုရင် ကလေးယူဖို့ အခက်အခဲ ဖြစ်သွားနိုင်ပါတယ်လို့ သုတေသီများက သတိပေးပြောဆိုပါတယ်။
ဒီလို ကိုလာအချိုရည် နဲ့ အမျိုးသား မျိုးပွားစွမ်းရည် ဆက်စပ်ခြင်းဟာ ကိုလာထဲမှာပါတဲ့ ကဖိန်းဓာတ်ကြောင့် မဟုတ်တာတော့ သေချာပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ထက် ကဖိန်းဓာတ်ပိုများတဲ့ ကော်ဖီမှာကျ ဒီလို သက်ရောက်မှု မရှိလို့ပါပဲ။
ဘယ်ပါဝင်ပစ္စည်းကြောင့် ဖြစ်ရသလဲလို့ တိတိကျကျသိရအောင် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုတွေ ဆက်လုပ် နေကြပါတယ်။
source : စုမြတ်ဌေး

0 comments:
Post a Comment