.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ဂျီတော့ခ်



တစ်ယောက်နဲ့တစ်ယောက်မမြင်ရပေမယ့်
ချစ်ကျွမ်းတွေဝင်လာကြတဲ့
အွန်လိုင်းက ယူဆာတွေ
လူတကာကြွေနိုင်လောက်တဲ့
မူကြာမာယာတွေကြားမှာ
နစ်မြောနေကြ။

ဟဲလို
ယူ့ကိုတို့မမုန်းပါဘူး
ချစ်နေတုန်းပါပဲ့ရယ်လို့
အထီး ၊ အမ မသေချာ
မရေရာ စမ်းတ၀ါးဝါးနဲ့
ပြောကြားတဲ့သူ့စကားတွေ
မုသားချွေနေပေမယ့်
မြွေမြွေချင်းပဲ့ဗျာ
ခြေမြင်ကြတာပေါ့။

တချို့ကပြောကြတယ်ဗျာ
နင်မမိုက်ပါဘူး
အင်ဗိုက်(Invite)လုပ်နေတာကိုတောင်
ဘ၀င်ခိုက်ပြီး အဖက်မတန်လို့
အဆက်(Accept)ပြန်မလုပ်တာလား တဲ့ဗျာ။

တချို့ကဒီလိုဗျာ
ရီငိုကာအပလီပိုတတ်ကြ
ချစ်သူကပစ်ကာထားလို့
လစ်ဟာသွားတဲ့ နှလုံးသားနေရာမှာ
အမုန်းတရားတွေ ပစ်ကာပယ်လို့
ချစ်ပါတယ်ဆိုတဲ့စကားလေး
ယူ့ဆီကကြားချင်တယ် တဲ့
မိုက်တယ်ဗျာ။

အင်း နောက်တချို့ဆိုသူတွေက
ဟောင်းအာယူး
ဟောင်းအဘောက်ယော်ဂျော့ တဲ့
တော်တော်ကိုတော့ တတ်သူတွေရှိသလို
တစ်ဦးကိုတစ်ဦးချစ်ကျွမ်းဝင်နေစဉ်
ကွန်နက်ရှင်ကောင်းပါစေကြောင်း
ဆုမွန်ကောင်းတောင်းတဲ့သူတွေလည်း
ရှိတတ်ကြပါသတဲ့။

ရှုပ်ပါတယ်ကွာ
လုပ်စရာတွေကျန်သေးလို့
မြန်မြန်လေး ဂိုးတော့မယ်
တမျိုးတော့ မထင်ပါနဲ့
တမင်တရာမရက်စက်ပါဘူး
အင်တာနက်ကသူငယ်ချင်းတွေကို
နှုတ်ဆက်လို့ ဒိုးတော့မယ်ဗျာ
ဆီးယူတူမောရိုး။ ။



Print

0 comments:

Post a Comment

အားလုံးပဲ့ မင်္ဂလာပါ