(နိရဉ္စရာ သတင်း)
9/12/2009
မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဖခင်ဖြစ်သူမှ အကြွေးငွေ တာကာ-၄၀၀၀ (အမေရိကန် ဒေါ်လာ ၅၅၊ မြန်မာကျပ်ငွေ ၆- သောင်းခန့်) ကို မပေးဆပ်နိုင်သဖြင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တဦးမှာ အသက် ၇၅ နှစ်ရှိ အကြွေးရှင် မွတ်စလင်အဖိုးကြီး တဦးကို လက်ထပ်ယူလိုက်ရသည်။ အဆိုပါ အမျိုးသမီးငယ်မှာ အာဟီနုရ်ဆိုသော အမျိုးသမီး ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဘာရာဆယ် ခရိုင် မူလာဒီ မြို့မှ ဖြစ်သည်။
သူမ ဖခင်ဖြစ်သူ အာဇဟာ ဘီပါရီ ဆိုသူမှာ အသက် ၇၅ နှစ်အရွယ်ရှိ လို့ခ်မန် ဆိုင်ဒါ ဆိုသူ မွတ်စလင် အဖိုးကြီးအား အကြွေးငွေ ၄၀၀၀ တာကာ (အမေရိကန် ဒေါ်လာ ၅၅) ကို မပေးဆပ်နိုင်သဖြင့် ထိုအကြွေးငွေ အတွက် သမီးကို ပေးအပ်လိုက်ရာမှ အဆိုပါ အဖိုးကြီးမှ အမျိုးသမီးငယ်အား စက်တင်္ဘာလ ၄ ရက်နေ့က လက်ထပ် ယူလိုက်ခြင်း ဖြစ်သည်။
ဒေသခံများ အပြောကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြရာတွင် ကြွေးရှင်အဖိုးကြီးမှ သူမ၏ ဖခင်ဖြစ်သူအား အကြွေးငွေ မပေးနိုင်ပါက သမီးဖြစ်သူကို ချပေးစားရန် ဖိအားပေးရာမှ နောက်ပိုင်းတွင် ပေးစားလိုက်ရခြင်း ဖြစ်သည်ဟု ဖေါ်ပြသည်။
လက်မထပ်မှီ စက်တင်္ဘာလ ၄ ရက်နေ့က သူမ၏ မိခင် ဖြစ်သူက သမီးဖြစ်သူကို “နင် အဖိုးအဖြစ် သိထားသော လို့ခ်မန် ဆိုင်ဒါကို ဒီညနေ နှင်လက်ထပ်ရန် အသင့်ပြင်ထားပါ” လို့ ပြောဆိုခဲ့သည်ဟု လည်း သတင်းစာများက ရေးသားဖေါ်ပြသည်။
ယခုကဲ့သို့ အသက်မပြည့်သူ အမျိုးသမီးငယ် တစ်ဦးကို လက်ထပ်ယူခြင်းမှာ ကလေးအခွင့်အရေးကို ချိုးဖေါက်ခြင်း ဖြစ်သည်ဟု ကလေးအခွင့်အရေးကို ကာကွယ်သူများက ပြောဆိုသော်လည်း ဒေသဆိုင်ရာ မွတ်စလင် ဓလေ့ထုံးစံများက ထိုကဲ့သို့ အမျိုးသမီးငယ်များကို ကာကွယ်ပေးခြင်း မရှိဟု သိရသည်။

0 comments:
Post a Comment