.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

သေချာပြောပါ

မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး
အနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော်
မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ
အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“….

(စကားချပ်- ညီမလေး စုမြတ် မှ ကူညီပံ့ပိုးပေးသည်)

ဆက်လက်ဖတ်ရှု့ရန်...

သူရဲကောင်းရွေးခြယ်ပွဲ

တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်
ပြီးသူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို
မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး
မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်
၏သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို
တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ
ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “


ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးက
ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ
ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု
မူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့
ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့
ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်
ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့
အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး
ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး
သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ
ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။

(စကားချပ်- ညီမလေး စုမြတ် မှ ကူညီပံ့ပိုးပေးသည်)

ဆက်လက်ဖတ်ရှု့ရန်...

သရဲ ထင်လို့ပါ

တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ
ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ
သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ
ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။
ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ်
လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့်


သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း
ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး
ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့
သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။

(စကားချပ်- ညီမလေး စုမြတ် မှ ကူညီပံ့ပိုးပေးသည်)

ဆက်လက်ဖတ်ရှု့ရန်...

ဆရာကြီး၏ နောက်ဆုံးဆေးလုံး

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို
သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ
စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့်
ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ
ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “

တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့်
မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့်
အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း


ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး
၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန်
ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်
ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ
ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့
မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ
မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ်
အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး
လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း
တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။

ဆက်လက်ဖတ်ရှု့ရန်...

တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့

ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

ဆက်လက်ဖတ်ရှု့ရန်...

အလည်လာသူအပေါင်းကို တောင်းပန်ပါရစေ

ကျနော်က အခုမှ ဘလော့ဒ် စရေးတော့ လိုအပ်ချက်တွေ အများကြီးကို လိုက်ဖြည့်ပေးနေရပါတယ်။ ဘာဘာညာညာရေးတင်ပေးဖို့ အချိန်အခက်ခဲရှိနေလို့ ကျနော့ ရဲ့ email မှာရရှိထားတဲ့အကြောင်းအရာ လေးတွေကိုတင်ထားပေးပါမယ်။ အားလုံးနားလည်ပေးကြပါလို့ တောင်းပန်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန်...

လင်ယောက်ျားရောင်းဆိုင်(မှတ်ချက်-အီးမေးလ်မှကူးယူဖော်ပြချက်)

လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ
ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ
ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။
စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့
ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက "သင် တစ်ကြိမ်သာ
လာရောက်ခွင့် ရှိသည်" တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန်
ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ
ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို
မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့်
အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို
ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ
အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း
စည်းကမ်းတွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့်
ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။
(၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ

ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က
(၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း
ချစ်တတ်သော အမျိုးသားများ

တတိယထပ်ရဲ့ ဆိုင်းဘုတ်က
(၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း
ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ

"ဝိုးးးးးး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ
ဆုံးဖြတ်လိုက်တယ်။


အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။
(၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း
ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ
ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ

"ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ်နေမိတယ်။

နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ
ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က
(၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း
ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ
ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ

ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက
ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက
နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က
ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။
ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က
(၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက်
ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့
အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို
ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင်
ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။


xxxxxx ဝဝဝဝဝဝ xxxxxx


ဒီပုံပြင်အရ အမျိုးသမီးတွေရဲ့ မရောင့်ရဲတတ်မှုကို ဖော်ကြူးထားတာပါ။
အင်္ဂလိပ်လိုကနေ ဘာသာပြန်ထားတာပါကြောင့် မူရင်းအနှစ်သာရ မပျက်အောင်
ရေးထားတာ ဆိုပေမယ့် ကျနော်အတွက် ပြောစရာတွေ ရှိလာတယ်။ မရောင့်ရဲတတ်တာ
လူသဘာဝမို့ အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေကော ဒီပုံပြင်နဲ့
သက်ဆိုင်မယ်လို့ ထင်တယ်။ ကျနော် အနေနဲ့ ပြောရရင် အဲလိုသာ ရွေးချယ်ခွင့်
ရှိမယ်ဆိုရင် ၆ လွှာအထိ ဒီအတိုင်း တက်သွားမယ့်အပြင် ခေါင်းမိုးပေါ်အထိ
တက်သွားပြီး ဖွက်ထားဦးမလားလို့ တက်ကြည့်မိမှာ အမှန်ပဲဗျ။ ရွေးခွင့်
ရှိတာကိုးဗျ။ ဒီတော့ စိတ်တိုင်းမကျမချင်း ဆက်ရွေးနေဦးမှာ သေချာတယ်။
ဒါကြောင့်လည်း တစ်ခါတလေ စဉ်းစားမိတယ်။ လူတစ်ယောက်ဟာ ကိစ္စအတော်များများမှာ
ရွေးချယ်ခွင့် များများ မရှိသင့်ဘူး။ ရွေးချယ်ခွင့် များလေလေ ထွေပြီး
ဘာယူရမှန်း မသိလေလေပဲလေ။ တစ်ခါတလေတော့လည်း ဘာမှ မရွေးရဘဲ တစ်ခုတည်းကို
လက်ခံရတာ စိတ်ပင်ပန်း သက်သာသလားလို့ တွေးမိတယ်။ ဒဿနပညာရှင်တွေ
ပြောတာကတော့ ရွေးချယ်ခွင့် များများ ရှိခြင်းက လွတ်လပ်ခြင်းရဲ့ သင်္ကေတတဲ့။
လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေ အားလုံးက ပွင့်နေရမယ် လို့
ဆိုပါတယ်။

ရည်းစားများတဲ့ လူတွေက အိမ်ထောင်ကျ နောက်ကျတာ များတယ်။ ဒါ ကျနော်
ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ ရည်စားများတော့ ရွေးချယ်စရာ များတယ်။
ဟိုလူယူရနိုးနိုး၊ ဒီလူ ယူရနိုးနိုး အမြဲ ဖြစ်နေတတ်တယ်။ ကျနော်
စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာကို ပြန်ပြီး ဝေမျှလိုက်ဦးမယ်။ ခေါင်းစဉ်နဲ့
သိပ်မဆိုင်လှပေမယ့် ကြုံလို့ ;P ။ လူတွေ အပျိုကြီး လူပျိုကြီး ဘာကြောင့်
ဖြစ်ရသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန ပြုကြတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ
အရွယ်ရောက်သူတွေ အိမ်ထောင်မပြုကြလို့ အတော်လေး ပြဿနာတက်နေတယ်။ မြင်သာ
ထင်သာတဲ့ ပြဿနာက အလုပ်လုပ်နိုင်တဲ့ ဦးရေ (work force) နဲ့
အရွယ်ရောက်မယ့်သူ ဦးရေ (Potential work force) နည်းလာခြင်းပဲ။ သုတေသနရဲ့
တစ်စိတ်တစ်ပိုင်း အနေနဲ့ အသက်သုံးဆယ်ရဲ့ အထက် အပျိုကြီး၊
လူပျိုကြီးတွေကို အင်တာဗျူးထားတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓါတ်သဘောထားကို
ကောက်ချက်ဆွဲပြီး တူတာတွေကို စုချလိုက်တဲ့အခါမှာ အာလုံးမှာ တူညီနေတဲ့
အချက်တစ်ချက် လာတွေ့တယ်။ အဲဒီအချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။
ကျနော် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီး အပျိုကြီးတွေဆီမှာ အဲဒီ အချက်
ရှိသလားလို့ လိုက်လေ့လာကြည့်တော့လဲ မလွဲဘူး၊ ရှိနေတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့

"မိမိကိုယ်ကို အထင်ကြီးလွန်ခြင်း"

တဲ့။

ဆက်လက်ဖတ်ရှု့ရန်...

အမေကြွေးမယ့်သင်္ဘောသီး

အမေဆိုတာ သားသမီးတွေ အတွက်ဆိုရင် အသက်နဲ့အရှက် ပါပေးနိုင်တယ်ဆိုတဲ့ အကြောင်းကိုသက်သေပြဖို့အတွက်။ ဖြစ်ရပ်မှန်
ဇတ်လမ်းလေး တစ်ပုဒ်ပါ။ ပြည်မြို့နယ်၊ ရွှေတောင်မြို့၊ ညောင်ဝိုင်းရွာ ရှိဖြစ်ရပ်မှန်လေးပါ။ ကာယကံရှင်၏ နာမည် မဖော်လိုပါသဖြင့်
နားလည်ပေးကြပါ။
"မှောင်ရီပျိုးစ ဖြစ်နေတဲ့အချိန် အမေဟာ အိမ်တံခါးဝမှာ သား...ပြန်လာတာနောက်ကျပါလား။ မဟုတ်ပါဘူး လယ်ထဲမှာနည်းနည်း
ကြာသွားလို့ပါအမေ။ သားထမင်းစားတော့လေ..။ ဟုတ်ကဲ့ပါအမေ...။ သားလေးထမင်းစားတာ နည်းလှချည်လား။ သားဘာစား
ချင်လဲ။ အမေရယ် တခါတလေ သား သင်္ဘောသီးလေး စားချင်လို့ပါအမေရယ်။ သားလေးရယ် အမေကျွေးချင်ပါတယ်။ အမေ့မှာ
ပိုက်ဆံမရှိဘူးလို့အမေမပြောထွက်ပါဘူး သားရယ်။ အမေ့လက်ထဲက ဘာကြီးလဲ။ အော်....ဒီနေ့ အမေတို့အိမ်ကင်းစောင့်ကျတယ်။
ဟ....ဒါဆို သားကို ဓာတ်မီးပေး လေအမေရဲ့ဆိုပြီး သားက ဓာတ်မီးယူပြီး အပြင်ထွက်သွားပါတယ်။ ညသန်းခေါင်ကျော်


(၂)ချက်တီး အချိန်တွင် "သူခိုး..သူခိုး...သူခိုး"ဆိုတဲ့အသံကြားတော့ ကျနော် တုတ်တချောင်းကိုင်ပြီး လိုက်ချသွားတာ။ သူခိုးက
ကျနော် အရှေ့ခပ်လှမ်လှမ်း မှာရှိတော့ "ဟေ့ ...မပြေးနဲ့ ရပ်စမ်း" လို့ပြောလိုက်ပေမယ့် ပြေးဖို့ကြံနေတဲ့သူခိုးကို ကျနော် ဒုတ်နဲ့
ရိုက်ချလိုက်တာ။ တစ်ချက်တည်းနဲ့ သူခိုး လဲကျသွားပါတယ်။ အဲဒီအချိန်မှာ လူတွေလည်းရောက်လာပြီး သူခိုးကို ကြည့်လိုက်တဲ့
အခါမှာ "ဟာ..အမေ" ကျနော့်အမေဖြစ်နေပါတယ်။ လက်ထဲမှာလည်း အထုပ်လေးတစ်ထုပ် ပိုက်ထားတယ်။ ဘာအထုပ်လဲ
ကြည့်လိုက်တော့ အထုပ်ထဲကနေ ထွက်ကျလာတဲ့ သင်္ဘောသီးလေး တစ်လုံးကို တွေ့လိုက်ရတဲ့အချိန် ကျနော် လည်းဘာဖြစ်
သွားမှန်းတောင်မသိတော့ပါဘူး။ စကားတောင် ပြောမထွက်တော့ပါဘူး။ အဲဒီလိုမျိုး မိဘ တွေဟာ သားသမီးတွေလိုအပ်လာရင်
သူတို့ရဲ့ အသက်နဲ့အရှက်ကို ရင်းရဲစတေးရဲတာဟာ မိဘတိုင်းက သားသမီးတွေအပေါ်မှာ ထားတဲ့စေတနာမေတ္တာတွေပါ။ ဒီအဖြစ်
ရပ်လေးဟာ မိဘတွေဟာ သားသမီးတွေ လိုချင်တဲ့ အရာမှန်သမျှကို ဘယ်အခြေအနေမျိုးမှာပဲ့မဖြစ်နေဖြစ်နေ မဖြစ်ဖြစ်အောင် လုပ်ဆောင်းပေးကြတာဟာ မိဘ ကသားသမီး တွေအပေါ်ထားတဲ့ မေတ္တာတွေပါ။ ဒါကြောင့်သားသမီးတွေဟာ မိဘ တွေကို
ကျေးဇူးမဆပ်ရင်တောင် ကျေးဇူးမကန်းကျပါနဲ့ မိဘတွေကို မစော်ကားကြပါနဲ့လို့ ကျနော် ဒီကနေ့ ဒီဇာတ်လမ်းလေးနဲ့ ရေးသားတင်
ပြလိုက်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန်...

အမေ၏ဆန်နှစ်တင်းမေတ္တာကျေးဇူး

ဒါကတော့ ကျနော့ ဖြစ်ရပ်မှန်မဟုတ်ပါဘူး။ စာရေးဆရာကြီး ချစ်စံဝင်း စာအုပ်ထဲမှ ကောက်နုတ်ချက်လေးတစ်ပဲ့ဖြစ်ပါတယ်။
ဆရာကြီးချစ်စံဝင်း ပြောတဲ့စကားလေးတွေပါ "ကျနော် လက်ထဲမှာ ပိုက်ဆံကြည့်လိုက်တော့ ငွေလေး(၂၀၀)ပဲ့ရှိပါတယ်။
ကျနော့ ဇနီးက ပြောတယ် ယောကျာ်း သမ၀ါယမ တွေမှာ ဆန်မဝေသေးဘူး အိမ်မှာလည်းဆန်နို့ဆီဗူး(၂)လုံးပဲ့ရှိတယ်။ ကလေး
တွေစားဖို့ ဘယ်လိုလုပ်မလဲ။ ကျနော်လည်းစဉ်းစားအချိန်မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန် သမ၀ါယမ မှာဆန်ဝေမယ်
ဆိုပြီးစောင့်နေတာ(၂)ရက်ရှိပြီ။ အဲဒါနဲ့ ကျနော်လည်း သူငယ်ချင်းတွေရှိရာ ပဲခူးဖက်ကိုထွက်လာခဲ့တယ်။ ဆန်လေးဘာလေးရလိုရငြား
ပေါ့။ အဲဒါနဲ့ပဲခူးက ကျနော့သူငယ်ချင်း အရာရှိက သူငယ်ချင်းငါတို့နယ်မှာ တခြားနယ်ကိုဆန်သယ်ခွင့်မရှိဘူးလို့ အစိုးရက အမိန့်ထုတ်
ထားတဲ့အတွက် ငါတို့ကိုယ်တိုင်က ပြင်းပြင်းထန်ထန် တားမြစ်နေတာ အဲဒါကြောင့် ငါဘယ်လို့မှမတတ်နိုင်ဘူး။ အဲဒါနဲ့ကျနော်လည်း
မထူးဘူးဆိုပြီးတော့ ပဲခူးမှောင်ခို ဈေးထဲမှာ ဆန်(၂)တင်း ကို(၁၆၀)တိတိနဲ့ ၀ယ်ယူခဲ့ပါတယ်။ အဲဒါနဲ့ ကျနော် လည်းရန်ကုန်
ပြန်မယ်ဆိုပြီးတော့ ပြန်လာခဲ့တာ ကျနော်စဉ်းစား မိတယ် ပဲခူးဂိတ် ညောင်လေးပင် ၊ လှည်းကူး တို့မှာ မြန်မာအစစ်စိုးရတပ်က
ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းရတော့ ကျနော်လည်း ဘာလုပ်ရမယ်မှန်းမသိဘူး။ ကျနော်လည်း အဲဒီအချိန်မှာ အိမ်က ကလေး
တွေဗိုက်ဆာနေမှာကို တွေးမိတယ်။ အဲဒါနဲ့ ကျနော်လည်း ဆိုက်ကားငှားပြီးတော့ ပဲခူးကားဂိတ်ကို သွားတဲ့အချိန်မှာ ဆိုက်ကား
ဆရာကမေးတယ် ဆရာလေး အဲဒါ ဘာတွေလဲ လို့မေးပါတယ်။ ဆန်တွေလို့ပြောလိုက်ပါတယ်။ ဆိုက်ကားဆရာက ဆရာလေး
အဖမ်းအဆီးဒီလောက်များနေတာ ဆရာလေး ရထားနဲ့သယ်ပါလား။ ဟိုက်... ဟုတ်လိုက်လေ။ ဒါနဲ့ဆိုက်ကားဆရာက


ရထားဘူတာကို လိုက်ပို့ပေးခဲ့တယ်။ ဘူတာလည်း ရောက်ရော ဆိုက်ကားဆရာက ဟာ...ဆန်ဘယ်နှတင်း ပါလဲဆရာလေး။
ဆန်က(၂)တင်းထဲပါ။ ဒါဆိုဒီလိုလုပ်လိုက်ပါလားဆရာလေးလို့ပြောတယ် ခြင်း(၂)ခြင်းကိုဝယ်ခိုင်းပြီး တစ်ခြင်းကို တစ်တင်းစီခွဲ
ထည့်ပေါ့ ဆရာလေးရဲ့ အဲဒါမှ ဆန်တစ်ခြင်းမိရင်တောင်မှ တစ်ခြင်းလွတ်မှာပါ။ အဲဒါနဲ့ ကျနော်လည်း ရန်ကုန်ကို ပြန်လာလိုက်တာ
ပဲခူးအလွန်မှာ စစ်ဆေးရေးဝင်တော့ ပထမခြင်း(၁)ခြင်းမိတော့ ကျနော်လည်း ဇောချွေးပြန်လာတယ် တော်သေးတာပေါ့ နောက်
တစ်ခြင်းမမိပါစေနဲ့လို့ ဆုတောင်းနေတုန်း ဟေ့.......မင်းပေါင်းကြားထဲကခြင်းက ဘာခြင်းလဲလို့မေးတော့ ကျနော် လည်း
လန့်လန့်နဲ့ဆန်ခြင်းပါဆရာလို့ ဖြေလိုက်တယ်။ အဲဒါနဲ့ရန်ကုန်လည်းရောက်ရော မိန်းမကိုဘယ်လိုမျက်နှာပြရမလဲဆိုတာတောင်မသိ
တော့ဘူး။ လက်ထဲမှာလည်း ပိုက်ဆံလေး (၂၀)ပဲ့ကျန်တော့တယ်။ အိမ်ကထွက်လာတုန်းကငွေ(၂၀၀)ပါလာပြီးတော့ အိမ်ပြန်ရောက်တော့ ငွေလေး(၂၀)ပဲ့ပါလာပြီး ဆန်တစ်စေ့တောင်မပါလာဘူး အဲဒါနဲ့ကလေးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျ သွားပါ
တယ်။ အဲဒီအချိန်မှာ အိမ်ရှေ့က ခေါ်သံကြားလို့ ထွက်ကြည့်တဲ့ အချိန်မှာဟာ........အစ်မ(အမေ) .....အစ်မ လာလည်တယ် အေးဟဲ့ လာသယ်စမ်းဒီမှာ ဆီပုံးတွေ၊ ငှက်ပျောခိုင်တွေ လာသယ်စမ်းဟဲ့.....။ ငါ့မြေးတွေရော ဟဲ့.......ငါ့မြေးတွေအတွက် ကြက်ဥတွေ မြေပဲ့တွေ ရော့ရော့ရော့....ဟဲ့ ဟိုခြင်း(၁)ခြင်းယူလာခဲ့စမ်း အဲဒီမှာ နင်တို့မိသား
စုစားဖို့ ဆန်(၂)တင်းပါတယ်။ ငါရေဒီယို နားထောင်ကတည်းက ရန်ကုန်မှာဒီလိုဖြစ်နေတယ်ဆိုတာသိတော့ ငါဆန်တွေယူလာခဲ့တာ
အဲလိုအမကပြောတော့ ကျနော် ရန်ကုန်ကနေပဲခူးကို ဆန်သွားရှာတာ ဆန်တစ်စေ့တောင်မပါပဲ့ အစ်မက စစ်တောင်း ကနေရန်ကုန်
ကိုဆန်(၂)တင်းပါအောင် သယ်လာခဲ့တာ ဘယ်လိုများသယ်လာခဲ့ပါလိမ့်။ ကျနော်စဉ်းစားရင်း မျက်ရည် ကျလာခဲ့မိတယ်။" မိဘ
ဆိုတာ သားသမီးတွေကို ဘယ်လိုအချိန်၊ ဘယ်လိုနေရာ မှာဘာတွေဖြစ်နေဖြစ်နေ သူတို့၏ အသက်၊အရှက် အားလုံးကို သားသမီး
တွေ အတွက်စတေးရဲတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေကို ရည်မှန်းဖော်ထားတဲ့ စာတွေ၊ ကဗျာတွေ ရှိပေမယ့် အမေဆိုတာ
ဘယ်တော့မှ အစားထိုးလို့မရတဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ကြီးများ ဖြစ်တဲ့အကြောင်းကို သားသမီးတိုင်း နားလည်သဘောပေါက်
စေချင်တဲ့အတွက် ကျနော် ရေးသားတင်ပေးလိုက်ပါတယ်။ ယခုဖတ်နေသော သူများသည်လည်း လိမ်မာသော သားသမီးများ
ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မှတ်ချက်(မိဘ၏မေတ္တာဟာ သူများတွေမစွမ်းဆောင်နိုင်တဲ့အရာမှန်သမျှကို သားသမီးတွေ
အတွက်ဆိုရင် အားလုံးကိုပြီးမြောက်အောင်စွမ်းဆောင်နိုင်ကြပါတယ်)

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့မင်္ဂလာပါ

ကျနော်က အခုမှ စပြီး blog စလုပ်တဲ့ သူဆိုတော့ အမှားတွေ အများကြီးပါနေရင် ခွင့်လွှတ်ပေးကြပါ လို့တောင်းပန်ချင်ပါတယ်။
နောင် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေ တင်ပေးသွားပါမယ်။ သုံးလို့ကောင်းတဲ့ ဆော့ဖ်ဝဲ လေးတွေကိုလည်း
တင်ပေးသွားမှာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ