.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

Time goes firstly

ညစ်ပတ်တယ် ယုတ်မာတယ် သဘောမထားကြပါနဲ့ သဘာဝ ကျကျ ကြည့်ပေးကြပါလို့ တောင်းပန်ပါတယ်ခင်ဗျား ။

SUMS UP LIFE


Where does the time go?



'Remember yesterday, dream about tomorrow,



But you better live for today.



How quickly the years pass.



-

-

-

-

-

--

-

-

-

-

-ဆက်လက်ဖတ်ရှု့ရန်ကို ထပ်နှိပ်ပေးပါ



-

-

-

-

-

--

-

-

-

-

-



source by:လူလေး(ခေတ္တစင်္ကာပူ)

ဆက်လက်ဖတ်ရှု့ရန်...

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်


၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။


source by: ညီ(ခေတ္တမလေး)

ဆက်လက်ဖတ်ရှု့ရန်...

စကားကြီးဆယ်မျိုးကိုသိလားသိချင်ရင်ဒီမှာကြည့် ကို ကြည့်ရန်

ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်
ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်
တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ကရား၊ ခက်တင်မောင်းနင်း
ဆိုခြင်းစကား 'ဤဆယ်ပါး'

၁။ ရေကူးညာတင် ပြောနည်း
မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးသည့်အခါ မြစ်ညာဖက်မှ စ၍ကူးမှသာ လိုရာသို့ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်မှ တင်ကူး၍ ပြောနည်းကိုခေါ်သည်။

၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်သည့်အခါ တနိုင်စာလောက်စပါးကို လက်တဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး အခြားလက်တဖက်က တံစဉ်ဖြင့် ရိတ်လှီးသကဲ့သို့ စကားပြောရာတွင်လည်း စကားကို သိမ်းကျုံးဖမ်းဆုပ်ပြီးမှ ပြောနည်းကိုခေါ်သည်။

၃။ ရေစီးဖောင်ဆန် ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းညင်းသာယာစွာ ဆန်တက်သဖြင့် လိုရာခရီးကိုရောက်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောခြင်းသည် ရေစီးဖောင်ဆန်ပြောနည်းဖြစ်၏။

၎။ အိုးတန်ဆန်ခပ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့် သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာ စားသုံးရသကဲ့သို့ စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင် ပြောဆိုခြင်းကို အိုးတန်ဆန်ခပ် ပြောနည်းဟုခေါ်၏။

၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကားအောင်မြင်အောင် အထပ်ထပ်ပြောဆိုခြင်းကို ဆီပွတ်ကျည်ပွေ့ ပြောနည်းဟုခေါ်သည်။

၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့ရန် အလိုက်ခံရသည့်အခါ လွတ်ရာမှရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွှဲ ပြောဆိုနည်းဖြစ်၏။

၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲကြသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွာပြောပြီးမှ စကားကြီးများကိုပြောလျှက် အနိုင်ယူခြင်းကို တောင်သူယာခုတ် ပြောနည်းဟုခေါ်သည်။

၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦးစွာ လိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။

၉။ ရေစစ်ကရား ပြောနည်း
ရေစစ်သော ဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကိုလက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဖက်လူ၏ စကားကို ပိတ်မိအောင်ပြောခြင်းသည် ရေစစ်ကရား ပြောနည်းဖြစ်သည်။

၁၀။ ခက်တင်မောင်းနင်း ပြောနည်း
တဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်း မငြင်းပဲ မတင်မကျ ပြောနည်းကိုခေါ်သည်။


source by:Myanmar IT Development

ဆက်လက်ဖတ်ရှု့ရန်...

သယ်ရင်းများ အတွက် ဟာသ ရသ ဆေးတခွက်

ငှက်ကလေး တစ်ကောင်

ပင်လယ်ကမ်းခြေတွင် ယောင်္ကျား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ
လှုံ နေစဉ် သူ.ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။ ဒါနဲ. သူကလဲ
ရှက်တာနဲ. သူ.ပစ္စည်း ကို သူဖတ်နေတဲ. သတင်းစာ နဲ.အုပ်ထားလိုက်ပါတယ်။

ကောင်မလေး – ရှင်.သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး – ငှက်တကောင်ရှိတယ်။

အဲဒီနောက် ကောင်မလေး ကထွက်ပြေးသွားပြီး ကောင်လေး က အိပ်ပျော်သွားခဲ.တယ်။

ဒါနဲ. ကောင်လေး ကနိုးလာတော. နာကျင်စွာဖြင်. သူဆေးရုံရောက်နေမှန်းသိတော.တယ်။
ဒီတော. သူ.ကို ဆေးရုံခေါ်လာတဲ. ရဲက မေးပါတယ် ။

ရဲ – မင်းဘာဖြစ်လာတာလဲ။
ကောင်လေး – မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း
ကောင်မလေး တယောက် က ကျွန်တော. ပစ္စည်းအကြောင်းလာမေးတယ်။
အဲ.နောက်မမှတ်မိတော.ဘူး။

အဲဒီတော. ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော.တယ်။

ရဲ – နင် ဟို ကိုယ်တုံးလုံးနဲ.ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး – အော်သူ.ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က
ငှက်ကလေးနဲ.ဆော.နေတုန်း ငှက်က ကျွန်မကို တံတွေးနဲ. ထွေးတယ်လေ။
ဒါနဲ.ကျွန်မလဲ စိတ်တိုပြီး ငှက်ရဲ.လည်ပင်းကို ချိုးပစ်တယ်၊ ငှက်ဥ ကို
ခွဲပစ်လိုက်ပြီး အသိုက်ကိုပါ မီးရို. ပစ်လိုက်တယ်။

ရိုးရိုးလေးတွေးကြပါဗျာ

ထို့ကြောင့် …

မှတ်တိုင်မှာ ဘတ်စ်ကားထိုးရပ်လိုက်သည့်အခါ တန်းစီစောင့်နေကြသည့်
ခရီးသည်တွေအနက် ထိပ်ဆုံးက အချောအလှ အမျိုးသမီးကြီးသည် ဘတ်စ်ကားပေါ်တက်ရန်
ကြိုးစားလေသည်။ သို့သော် တင်းတင်းကျပ်ကျပ် စကတ်ကြောင့် တက်မရ။ တက်မရသည့်
အကြောင်းရင်းကို အမြန်စဉ်းစားလိုက်ပြီး လှုပ်ရှားရတာ လွယ်ကူစေရန်
လက်ကိုနောက်ပစ်ရု ဇစ်ကို နည်းနည်းဖြုတ်တယ်။ သို့သော် သူမဧ။် စကတ်က
တင်းကျပ်နေဆဲ။ ထို့ကြောင့် ဇစ်ကို နည်းနည်း ထပ်ဖြုတ်လိုက်ပြန်ဧ။်
သို့တိုင် တက်မရ ဖြစ်နေတုန်းမို့ တတိယအကြိမ် ထပ်ဖြုတ်ပြန်ဧ။် တက်ရ်ုမရ ဖြစ်နေဆဲ။
ထိုအခါ သူမနောက်မှ အမျိုးသားသည် မစောင့်နိုင်တော့ရု သူမခါးကို
ညင်ညင်သာသာကိုင်ပြီး ဘတ်စ်ကားပေါ် မ.တင်ပေးလိုက်ဧ။် သည်တော့ အမျိုးသမီး
စိတ်ဆိုးသွားဧ။်
“ရှင့်ကိုရှင် ဘယ်သူလို့ထင်ပြီး ခုလို ကျွန်မကို ပိုင်စိုးပိုင်နင်း လုပ်ရတာလဲ..”
သည်တော့ အမျိုးသားက
” သိဘူးလေဗျာ။ ခင်ဗျားက ကျုပ်ဘောင်းဘီဇစ်ကို ဖြုတ်ဖြုတ်နေတော့
ကျုပ်တို့ဟာ သူစိမ်းတွေ မဟုတ်ဘူးလို့ ကျုပ်လည်း ယူဆမိလိုက်တာပေါ့ဗျာ”
ဟုပြန်ပြောလိုက်ဧ။် ။

ဒါလေးတွေက Fwd mail ထဲကရတာပါ ဘယ်ကဟာလဲတော့ မသိပါဘူး ။ ကျနော် ဖတ်ကြည့်ပြီး ရီရလွန်းလို့ ပြန်မျှဝေလိုက်တာပါ။

ဆက်လက်ဖတ်ရှု့ရန်...

ကယ်ပါစကိုင်း သူငယ်ချင်းများအတွက်

ကယ်ပါစကိုင်း သယ်ရင်းများ ခင်ဗျား ကီးဖိုင်တွေကို ဒီအတိုင်း တင်ပေးနေရင် ဘလော့ဂ်မှာ ကီးတွေနဲ့ပဲ့
ပြည့်နေမှာစိုးလို့ ညာဘက် (ကီးအသစ်များကို လိုချင်လျှင် ဒီမှာ နှိပ်ပါ ) ဆိုတာလေးကို နှိပ်လိုက်ရင် ကီးဖိုင် အသစ်တင်ပေးထားတာ ရပါလိမ့်မယ်။ ကယ်ပါစကိုင်း ကီး အသစ်တွေထွက်တိုင်း တင်ပေးပါမယ် ။
အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေခင်ဗျား။........



ဆက်လက်ဖတ်ရှု့ရန်...

ကယ်ပါစကိုင်း ဘော်ဘော်များကို အထူး မှာကြားချက်

ကယ်ပါစကိုင်းသူငယ်ချင်းများတို့ ခင်ဗျား။ ဖြစ်နိုင်မယ်ဆိုရင် ဆီကိုသွားပြီ
(Kaspersky Blacklist Crack.exe) အဲဒါလေးကို ဒေါင်းလွတ်ချ သူ့ဆီမှာပြထားတဲ့အတိုင်း လုပ်ကြည့်ပါ ။ ကျနော်လုပ်ကြည့်တာ အဆင်ပြေပါတယ် ။ အားလုံး အဆင်ပြေနိုင်ပါစေ ခင်ဗျား

ဒါကတော့ ကယ်ပါစကိုင်းကီး ၉.၇.၂၀၁၀


အဆင်ပြေပါစေ
source by: နေမျိုး


ဆက်လက်ဖတ်ရှု့ရန်...

၎.၇.၂၀၁၀ ကယ်ပါစကိုင်းကီးလေးတွေပါ



အဆင်ပြေပါစေ
source by: နေမျိုး


ဆက်လက်ဖတ်ရှု့ရန်...

၃၀.၆.၂၀၁၀ ကယ်ပါစကိုင်း ကီးလေးတွေပါ



အဆင်ပြေပါစေ
source by: နေမျိုး


ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ