.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

နအဖ အစိုးရက 5.000 ကျပ်တန် ငွေစက္ကူ အသစ် ထုတ်မည်







ဆက်လက်ဖတ်ရှု့ရန်...

ဖခင်ဖြစ်သူ၏ အကြွေးငွေ ၅၅-ဒေါ်လာအတွက် အသက် ၁၃ အရွယ် အမျိုးသမီးငယ် တစ်ဦး ၇၅ နှစ်အရွယ်ရှိ အဖိုးကြီးတစ်ဦးကို လက်ထပ်ရခြင်း

(နိရဉ္စရာ သတင်း)

9/12/2009
မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဖခင်ဖြစ်သူမှ အကြွေးငွေ တာကာ-၄၀၀၀ (အမေရိကန် ဒေါ်လာ ၅၅၊ မြန်မာကျပ်ငွေ ၆- သောင်းခန့်) ကို မပေးဆပ်နိုင်သဖြင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တဦးမှာ အသက် ၇၅ နှစ်ရှိ အကြွေးရှင် မွတ်စလင်အဖိုးကြီး တဦးကို လက်ထပ်ယူလိုက်ရသည်။ အဆိုပါ အမျိုးသမီးငယ်မှာ အာဟီနုရ်ဆိုသော အမျိုးသမီး ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဘာရာဆယ် ခရိုင် မူလာဒီ မြို့မှ ဖြစ်သည်။


သူမ ဖခင်ဖြစ်သူ အာဇဟာ ဘီပါရီ ဆိုသူမှာ အသက် ၇၅ နှစ်အရွယ်ရှိ လို့ခ်မန် ဆိုင်ဒါ ဆိုသူ မွတ်စလင် အဖိုးကြီးအား အကြွေးငွေ ၄၀၀၀ တာကာ (အမေရိကန် ဒေါ်လာ ၅၅) ကို မပေးဆပ်နိုင်သဖြင့် ထိုအကြွေးငွေ အတွက် သမီးကို ပေးအပ်လိုက်ရာမှ အဆိုပါ အဖိုးကြီးမှ အမျိုးသမီးငယ်အား စက်တင်္ဘာလ ၄ ရက်နေ့က လက်ထပ် ယူလိုက်ခြင်း ဖြစ်သည်။

ဒေသခံများ အပြောကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြရာတွင် ကြွေးရှင်အဖိုးကြီးမှ သူမ၏ ဖခင်ဖြစ်သူအား အကြွေးငွေ မပေးနိုင်ပါက သမီးဖြစ်သူကို ချပေးစားရန် ဖိအားပေးရာမှ နောက်ပိုင်းတွင် ပေးစားလိုက်ရခြင်း ဖြစ်သည်ဟု ဖေါ်ပြသည်။

လက်မထပ်မှီ စက်တင်္ဘာလ ၄ ရက်နေ့က သူမ၏ မိခင် ဖြစ်သူက သမီးဖြစ်သူကို “နင် အဖိုးအဖြစ် သိထားသော လို့ခ်မန် ဆိုင်ဒါကို ဒီညနေ နှင်လက်ထပ်ရန် အသင့်ပြင်ထားပါ” လို့ ပြောဆိုခဲ့သည်ဟု လည်း သတင်းစာများက ရေးသားဖေါ်ပြသည်။

ယခုကဲ့သို့ အသက်မပြည့်သူ အမျိုးသမီးငယ် တစ်ဦးကို လက်ထပ်ယူခြင်းမှာ ကလေးအခွင့်အရေးကို ချိုးဖေါက်ခြင်း ဖြစ်သည်ဟု ကလေးအခွင့်အရေးကို ကာကွယ်သူများက ပြောဆိုသော်လည်း ဒေသဆိုင်ရာ မွတ်စလင် ဓလေ့ထုံးစံများက ထိုကဲ့သို့ အမျိုးသမီးငယ်များကို ကာကွယ်ပေးခြင်း မရှိဟု သိရသည်။

ဆက်လက်ဖတ်ရှု့ရန်...

အချစ်နဲ့အချိန်

ဟိုးရှေးရှေးတုန်းက Love ဆိုတဲ့ ကောင်မလေးဟာ Felling ရယ်၊ Richness ရယ်၊
Happiness ရယ်၊ Sadness ရယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ အတူနေထိုင်သတဲ့ ။

တစ်နေ့တော့ Love ဟာ သူမအတွက် မည်သူသာလျှင် Love ရဲ့တန်ဖိုးနဲ့ ထိုက်တန်
သလဲ လို့ စဉ်းစားမိသတဲ့ ။

အဲဒါကို အကောင်အထည်ဖော်ချင်တာနဲ့အမျှ Love က လည်း သူမရဲ့
သူငယ်ချင်းတွေကို မေးသတဲ့ ….


အဲဒီအခါ Richness ကလည်း သူသည်လျှင် Love ရဲ့ အဓိပ္ပာယ်ကို အလှပဆုံး ဖန်တီး
နိုင်တဲ့သူ လို့ သူရဲ့ စည်းစိမ်တွေနဲ့ ဖျားယောင်း ပြောဆိုသတဲ့ ……။

Happiness ကလည်း သူသာလျှင် Love ရဲ့ ဘ၀ တစ်လျှောက်လုံးကို သာယာမှုတွေ၊
စိတ်ချမ်းသာမှုတွေ အများဆုံးပေးနိုင်သူဖြစ်စေမယ်လိ
ု့ ပြောပြန်သတဲ့ …….။

Sadness ကလည်း သူနဲ့သာတွဲလိုက်ရင် အများသူဟာစိတ်ထဲမှာ သနားစိတ်တွေ
ဝင်လာမယ်၊ ၀မ်းနည်းမှုတွေပါလာမယ်၊ အဲဒီအခါ Love ရဲ့ အဓိပ္ပာယ်ဟာလည်း
ပိုပြီး လေးနက်ပြီး ခံစားချက်ပါစေမယ် လို့ ပြောပြန်သတဲ့……. ။

Love က ဘယ်သူ့ကို ရွေးချယ်ရမလဲလို့ Feeling ကိုမေးတဲ့အခါ ။ Feeling က
တစ်ယောက်ပြောတိုင်း ပြောတဲ့ တစ်ယောက်ချင်းစီအပေါ် အမျိုးမျိုးပြောင်းလဲ
ပြီး တိကျတဲ့အဖြေရယ်လို့ မပေးနိုင်ပြန်ဘူး ။

အဲဒီအခါ Love က ဘယ်သူ့ကို ရွေးရမလဲလို့ စိတ်ရှုပ်နေသတဲ့ ။ နောက်ဆုံးတော့
Love ဟာ ခရီးထွက်ဖို့ စိတ်ကူးမိတဲ့အခါ သူမ ရဲ့ သူငယ်ချင်းတွေကို
အဖော်လိုက်ဖို့ ခေါ်သတဲ့ ။

ပထမဆုံး Richness ကို အဖော်ခေါ်သတဲ့ Richness က သူက ဒီနေရာကနေ ထွက်ခွာ
သွားလို့ မဖြစ်ဘူးတဲ့ ။ သူ့ရဲ့ စီးပွားရေးကြောင့် Richness ဟာ Love ခေါ်ရာ
နောက်ကို မလိုက်နိုင်ဘူးလေ .. ။ ဒါပေမယ့် Love ကိုတော့ မသွားပဲ
သူ့နားမှာနေဖို့ တားမြစ်သတဲ့ ။

Love ဟာ ဒုတိယ တစ်ယောက်ဖြစ်တဲ့ Happiness ကို ခေါ်ပြန်သတဲ့ ။ အဲဒီအခါ
Happiness ကလည်း သူက အမြဲပျော်နေချင်တာ ပျော်စရာနေရာတွေကိုပဲ လိုက်ပြီး
ရှာချင်တာ ။ Love နဲ့ပျော်သလို တခြားအကြောင်းအရာတွေနဲ့လည်းပျော်တယ် Love
ရဲ့ ခရီးတစ်လျှောက်လုံးကိုတော့ လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့
ငြင်းပြန်သတဲ့ .။

Love ဟာ ၀မ်းနည်းသွားမိသွားတယ် ။ အဲဒီအခါ ၀မ်းနည်းပူဆွေးနေတက်တဲ့ Sadness
ကို လိုက်ရှာပြီး ရင်ဖွင့်သတဲ့ .. နောက်ဆုံးတော့ Love ဟာ သူ့ရဲ့
ခံစားချက်ကို နားလည်ပေးတက်သူဟာ Sadness လို့ ယူဆသတဲ့ ။ နောက်တော့ Sadness
ကို သူ့ခရီးကို လိုက်ဖို့ ခေါ်တဲ့အခါ … အဲဒီအချိန်မှာတော့ Sadness ဟာ
ပိုပြီး ၀မ်းနည်းတဲ့ သရုပ်ပေါ်လွင်တဲ့ မျက်နှာဘေးနဲ့ love ရယ် ငါတောင်း
ပန်ပါတယ်။ ငါက နဂိုကတည်းက ပူဆွေးနေတက်တာ နင့်လည်း အခု
ဝမ်းနည်းနေတဲ့အချိန်မှာ ငါတို့အတူသွားတဲ့ ခရီးဟာ ပျင်းစရာကောင်းပါတယ်။
အဲလိုပဲ ငါကလည်း အေးအေးဆေးဆေးပဲ ကြေကွဲချင်နေတာ … ခရီးမထွက်
ချင်သေးဘူးလို့ လှလှ ပပ ငြင်းဆိုလိုက်ပြန်တယ်။

Feeling ကို ခေါ်ဖို့ Love က ဆုံးဖြတ်တဲ့ Feeling ကလည်း သူက မည်သူနဲ့မဆို
အဆင်ပြေ တဲ့အကြောင်း Richness ကလည်း သူ့ကို အလိုရှိကြောင်း၊ Sadness
ကလည်း သူမကိုအလိုရှိကြောင်း၊ Happiness ကလည်း အမြဲခေါ်နေသတဲ့ ဒါ့ကြောင့်
တစ်လှည့်စီနေမယ်လို့ပြောတဲ့အခါ Love က အခြေအနေ မှန်ကို နားလည်သွားပြီး
သူတစ်ယောက်တည်း ခရီး ထွက်လာသတဲ့ …..။

ဒီလိုနဲ့ လမ်းတစ်ဝက်ရောက်တဲ့အခါ Knowledge နဲ့ လမ်းမှာ သွားတွေ့သတဲ့ ။
Love ဟာ သူ့ရဲ့ မိတ်ဆွေတွေဟာ သူ့ကို ဥပက္ခာပြုတယ်၊ ဘယ်သူကမှ လိုက်မလာကြဘူး
လို့ ရင်ဖွင့်သတဲ့ …။ အဲဒီအခါ Knowledge က သေချာစိုက်ကြည့်ပီး ….
မဟုတ်ဘူး Love မင်းလမ်းတစ်လျှောက် အဖော်မမဲ့ခဲ့ပါဘူး တဲ့ အဲလိုပြောတဲ့အခါ
Love က ကြောင်အမ်းအမ်းနဲ့ ကျွန်မ အဖော်မမဲ့ခဲ့ဘူးဟုတ်လား
လို့ပြန်မေးတဲ့အခါ … မင်းဘေးမှာ Time က အမြဲကပ်ပါလာတယ်လေ
လို့ဖြေလိုက်သတဲ့ ။

Love ကလည်း Knowledge ပြောမှ ဘေးဘီကို ကြည့်မိတဲ့အခါ ဘေးနားက Time ကို
သတိထားမိသတဲ့။ ဒါနဲ့ပဲ Love က Time ကိုတောင်းပန်သတဲ့ ကျွန်မသူငယ်ချင်း
တွေ တောင် ကျွန်မနောက်ကို မလိုက်ဘူး Time က ဘာ့ကြောင့်လိုက်လာရသလဲလို့
မေးတော့

Time က သာလျှင် Love ရဲ့ အဓိပ္ပာယ်ကို အနားလည်ဆုံး၊ Time ကသာ Love ကို
တည်ငြိမ်ရာ အရပ်သို့ ခေါ်ဆောင်သွားနိုင်ဆုံးနဲ့ Love ရဲ့ တန်ဖိုး၊ Love
ရဲ့ တန်ခိုးကို အမြင့်မားဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်သူပါ

လို့ ရဲရဲ ၀ံ့ဝံ့ ဟစ်ကြွေးသတဲ့ … ။ အဲဒီအခါမှာတော့ Love ဟာ သူ့ရဲ့
ခံစားချက်ကို အနားလည်ဆုံး သူမ၏ ဘေးမှာ အမြဲရပ်တည်သူအဖြစ်နဲ့ Love ဆိုတဲ့
မိန်းကလေးဟာ Time ရဲ့ ခေါ်ဆောင်ရာ ခရီးတစ်လျှောက် တဖြည်းဖြည့်
ရင့်ကျက်တည်ငြိမ်လို့ အသွင်အမျိုးမျိုးပြောင်းပြီး Love ဆိုတဲ့
အဓိပ္ပာယ်ကို ကောင်းကောင်း ဖော် ညွှန်း တက် သွားပါတဲ့ ။


ဆက်လက်ဖတ်ရှု့ရန်...

ကမ္ဘာ့ ပထမဦးဆုံးသော အတန်းတင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ချက်

ကမ္ဘာ့ ပထမဦးဆုံးသော အတန်းတင်စာမေးပွဲ လိုတိုရှင်း အောင်စာရင်း ထုတ်ပြန်ချက်။

လိုတိုရှင်း ထိထိရောက်ရောက် အောင်စာရင်း



ဆက်လက်ဖတ်ရှု့ရန်...

Very Important! Forward 2 all plz

FYI and NA

This is Serious!



This incident happened recently in North Texas.

A woman went boating one Sunday taking with her some cans of coke which she put into the refrigerator of the boat. On Monday she was taken to the hospital and placed in the Intensive Care Unit. She died on Wednesday.


The autopsy concluded she died of Leptospirosis. This was traced to the can of coke she drank from, not using a glass. Tests showed that the can was infected by dried rat urine and hence the disease Leptospirosis.

Rat urine contains toxic and deathly substances. It is highly recommended to thoroughly wash the upper part of soda cans before drinking out of them. The cans are typically stocked in warehouses and transported straight to the shops without being cleaned.

A study at NYCU showed that the tops of soda cans are more contaminated than public toilets (i.e).. full of germs and bacteria. So wash them with water before putting them to the mouth to avoid any kind of fatal accident.


Please forward this message to all the people you care about.

ဆက်လက်ဖတ်ရှု့ရန်...

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်

အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသတဲ့။

(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..


(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။

ဆက်လက်ဖတ်ရှု့ရန်...

ရိုးရိုးလေးပါ…

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။


ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ
လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ
လိုတယ်။

ဘ၀ ဟာ ပလတ်စတစ်ပန်းပင်လို မဖြစ်စေရဘူး။ မျိုးစေ့ကနေ ပေါက်လာပြီး ရှင်သန် ကြီးထွားနေတဲ့ ပန်းပင် ဖြစ်ရမယ်။ လှနေရုံ မဟုတ်ဘူး။ အသက် ရှင်နေရမယ် ဖူးပွင့်နေရမယ်။

ဆက်လက်ဖတ်ရှု့ရန်...

Montreal Gardens



























ဆက်လက်ဖတ်ရှု့ရန်...

လူတိုင်း အလိုအပ်ဆုံး

ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး

(၁) ကုန်ဆုံးသွားသော အချိန်
(၂) ပြောပြီးသောစကား
(၃) အခွင့်အရေးကောင်းများ

===============================

တန်ဖိုးအကြီးဆုံးအရာ(၃)ခု


(၁) အချစ်
(၂) မိမိကိုယ့် မိမိယုံကြည်မူ
(၃) အခွင့်အရေးကောင်းများ

===============================

ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး

(၁) အိပ်မက်
(၂) စိတ်ကူးရည်ရွယ်ချက်
(၃) ကံကြမ္မာ

===============================

အကောင်းဆုံးဖန်တီးနိုင်သောအရာ( ၃)မျိုး

(၁) အလုပ် ကြိုးစားခြင်း
(၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း
(၃) စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်း

===============================

ပျက်စီးစေသောအရာ(၃)မျိုး

(၁) အရက်သေစာ
(၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း
(၃) ဒေါသကြီးခြင်း

===============================

တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး

(၁) ရိုသေလေးစားခြင်း
(၂) ယုံကြည်စိတ်ချမူ
(၃) ခင်မင်ရင်းနှီးမူ

ဆက်လက်ဖတ်ရှု့ရန်...

ယုံချင်ယုံ့ ............

အဖြစ်အပျက်ကတော့ မယုံနိုင်စရာဗျ
ကော့ကေးဆပ်ပြည်နယ်ကလို့ပြောတယ်
မိခင်ခွေးမ ....အဲဘယ်လိုပြောရမလဲ လူခွေးမပေါ့ဗျာ
သူက ဓါတ်ခွဲခန်းထဲမှာ ဖန်ပြွန်နဲ့ စမ်းသပ်မျိုးစပ်ထားတာတဲ့
ခလေးတွေကတော့ အဲဒီမိခင်ကြီးရဲ့ ဆဲလ်ကို ယူပြီး Clone နည်းနဲ့ စမ်းသပ်ပြီး
မိခင်ရဲ့ သားအိမ်ထဲကို ပြန်ထည့်ပြီး မျိုးပွားထားတာတဲ့
မိခင်ကြီးက လူလိုဘဲလမ်းလျှောက်တယ်တဲ့
ယုံသော်ရှိ မယုံသော်ရှိ ကျွန်တော်ကတော့ အဲဒီနည်းလမ်းတွေ ကိုကြောက်တယ်ဗျာ
တော်ကြာကမ္ဘာမှာ ဘယ်လိုသတ္တ၀ါမျိုးတွေပေါ်လာအုံးမှာလဲ




ဆက်လက်ဖတ်ရှု့ရန်...

for read

လူတိုင်းသည် ကိုယ့်ဘ၀ကို
အောင်မြင်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း
မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် --

(၁) စဉ်းစားပါ--
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ
ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊


(၂) ကြိုးစားပါ --
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊
ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ
ကိုယ်ပိုင်ဖြစ်စေ
ကြိုးစားဖို့လိုအပ်တယ် အဓီကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )


(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်၇ှင်ဖြစ်ဖြစ်
ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို
ရဖို့လိုအပ်တယ် အဓိက၊ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်
အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ် ဒါကြောင့်
ကိုယ်ရဲ့ ဂတိကို မဖျက်ဆီးပါနဲ့ ကိုယ်မပေးနိုင်တဲ့ဂတိကိုလည်း မပေးနဲ့
ပေးပြီး၇င်လည်းတည်အောင်လုပ်ဖို့အေ၇းကြီးတယ် ဒါမှယုံကြည်မှာလေ ၊



(၄) မျက်နှာထားကို ပြင်ပါ -
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဥာဏ်ခြင်းတူလျှင်
ဝိရိယရှိသူက အမြဲအနိုင်ရတယ်၊ ၀ီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက
အမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက
အမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မက်သူက
အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မက်သူခြင်းတူလျှင် အပြောချိုသာသူက
အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ်
၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့
လေဆိုတဲ့လောကဓာတ်ကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ
ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓာတ်ကို ခံနိုင်အောက်မွေးမြူရမယ် ၊
ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို
ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ
ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြေင့်လဲဆိုတော့
အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကျေးပါပဲ၊
ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ၊
ငွေကျေးရှုးတယ်ဆိုတာ အသေးပါပဲ ငွေကျေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ၊ အဓီက
ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ
ရေစုံမြောပြီသညမှတ်တော့ ၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ်
ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ
လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင်
ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ
မဖြစ်နိုင်တော့ဘူး ၊ ငွေကျေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို
ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၁) စိတ်ချမ်းသာဖို့


ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ
အဆင်ပြေနေမှာပဲလေ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ?
ဘ၀ဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်
ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့
ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကတော့
အောင်မြင်အောင်လုပ်ရမှာဟာ လူဘ၀ရဲ့တာဝန်ပါပဲ ၊
ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင်
လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ
အဲဒါမှလူအရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များ များ
အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး ၊
နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင်
သူအလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ
နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင်
မာကြောတဲပအရာနဲ့တွေ့ရင်ပျော့
ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား?
ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်
အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဘန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ
ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။
ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို
တစ်စစီချိုးဖြက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊
မြန်မာစကားပုံကတော့ ``ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့
စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ
ကိုယ်ဘ၀ကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့် ကိုယ်ကိုပဲ
ယုံကြည်ဖို့လိုတယ် တစ်ခါတစ်လေ
အကောင်းဆုံးသူငယ်ချင်းတွေကြောင့်ကိုယ့်ဘ၀ပြောင်းလဲတတ်ပါတယ် ဒါပေမယ်အဲဒါဟာ
အထောက်ပံ့မျှသာပါပဲ

အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာ
အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့
ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်၇င် ကိုယ်ကအဓိကပဲခံစား၇တာ
ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ၊
ကြရှုံးရင်လဲ -- ငါဝမ်းနည်းပါတယ်`` လောက်ပဲပြောကြမှာလေ ၊
တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?

နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို
လိုက်ချင်းပဲ ၊ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့်
တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘ၀ပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊
အဓီကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊
ယောက်ကျားတွေဆိုတာ(ငါအပါအ၀င်ပေါ့) အခွင့်ယူချင်တတ်ကျတယ်၊ ဒါကလဲ
ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊

နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ
ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့
ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ
ကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ
ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်း
ဝယ်ဖို့လိုအပ်သလို မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲပအရာတွေကိုလည်း
ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ
နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ်

နောက်တစ်ခုက ကျမ္မာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်
ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျမ္မာရေးကို
လိုက်စားဖို့လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့
ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်၇တဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ
လမ်းလျှောက်ဖို့လိုအပ်တယ်

ကိုရီးယားစကားပုံလိုပြောရရင်တော့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင်
အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစား၇မယ်´´ နောက်ပြီး
ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘ၀သစ်ကို
ထူထောင်အောင်ကြိုးစားရမယ်လေ၊

လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ
ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့
အဲဒီအကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘ၀ကို
သေသေချာချာကြိုးစားပြီးဘ၀ကိုတည်ဆောက်ကြပါလို့တိုက်တွန်းလိုက်ချင်ပါတယ်။


ဆက်လက်ဖတ်ရှု့ရန်...

Myanmar သမိုင်းဝင်ပုံရိပ်များ....


တောလက်ကျေးရွာမှာ ရှေးယခင်က ကြိမ်လုံးလေးတွေဖြင့် ကလေးပုခက်လေးတွေ လုပ်တတ်ကြပါသည်။ ထိုပုခက်လေးများကို ကြမ်းပြင်ပေါ်မှာတင်လျင်တင်၊ မတင်ချင်သည့်အခါ အိမ်ထုတ်တန်းမှာ ဆွဲပြီး လွှဲလေ့ရှိပါသည်။


ချမ်းသာသည့်လူတန်းစားအများစုကေ
တာ့ ကလေးပုခတ်ကို ကြိမ်ဖြင့် မယက်တော့ဘဲ လက်သမားဆရာကို စိတ်ကြိုက်မှာပြီး ကနှုတ်ပန်းဖြင့် ပြီးသော သစ်သားပုခတ်ကို ပြုလုပ်လေ့ရှိပါသည်။ တခြို့ကလေးပုခက်တွေမှာ မှန်စီရွှေချလေးများတောင် ပါကောင်းပါပါလိမ့်မည်။



ကလေးလေးတွေ ဆော့ကစားတတ်သည့်အချိန်မှာတော့ မိဘများက ရွှံ့ဖြင့်လုပ်သော နွားရုပ် ကျွဲရုပ်များ၊ စက္ကူဖြင့်ပုံဖော်ထားသော ဇီးကွက်၊ ပစ်တိုင်းထောင်ရုပ်များ ၀ယ်ပေးတတ်ကြသည်။ အထက်ကပုံမှာတော့ ကလေးလေးများ ဆော့ဖို့ လှည်းသေးသေးလေး တစ်ခုပါ။ တစ်ယောက်ကို တစ်ယောက်တင်ပြီး ဆွဲလို့ရပါသည်။ ကျွန်တော်တို့ငယ်ငယ်က အုန်းလက်ကို တစ်ယောက်ကထိုင်ပြီး နောက်တစ်ယောက်ကဆွဲရသည့် ဆော့ကစားနည်းလိုပေါ့။


မိန်းကလေးများ အရွယ်ရောက်လာသည့်အခါ သနပ်ခါးလိမ်း အလှပြင် တရုတ်စက္ကူနီများဖြင့် နှုတ်ခမ်းကိုရဲနေအောင် ဆိုးတတ်ကြပြန်သည်။ တရုတ်စက္ကူနီ မရှိလျင် ကွမ်းစားပြီး နှုတ်ခမ်းကို ရဲနေအောင် ပြင်တတ်ကြ၏။


အလှပြင်ပြီးသည့်အခါ လူပျိုလှည့်လာသည့် ကာလသားများကို ကွမ်းဆေးဖြင့် ဧည့်ခံကြရသည်။ ထိုသို့ဧည့်ခံရာတွင် မြန်မာမိန်းကလေးများက စကားပုံမျိုးစုံဖြင့် ထိုကာလသားကို ပညာစမ်းတတ်ကြသည်။


အမျိုးသမီးတစ်ယောက် အရွယ်ရောက်လာလျှင် အိမ်သုံးဖို့အတွက် သောက်ရေ သုံးရေ ခပ်ကြရသည်။ ရှေးယခင်အမျိုးသမီးတို့ ရေခပ်ဆင်းသည့်အခါ အပေါ်အကျီင်္မပါ။ ထမီရေလျားဖြင့် ရေအိုးရွက်ကြသည်။


အထက်က ပုံကတော့ အတော့်လေးကို ထူးခြား၏။ အမျိုးသမီးတစ်ယောက် ရေခပ်ဆင်းရာတွင် ထမီကို ခါးအထိသာ ၀တ်ထားပြီး အပေါ်ဗလာကျင်းနေသည့်ပုံဖြစ်သည်။ ဓါတ်ပုံဆရာအလိုကျလား ဒါမှမဟုတ် တချို့ရပ်ရွာတွေမှာ ထိုဓလေ့ရှိတတ်ကြသလား။ စဉ်းစားစရာပင်။


ရေခပ်ဆင်းပြီးသည့်အခါ ရေများကို အိုးငယ်လေးများဖြင့် ထည့်ပြီး သောက်ရေအတွက် သီးသန့်ဖယ်တတ်ကြသည်။


အိမ်ရှေ့မှာပဲဖြစ်ဖြစ်၊ အရိပ်ရသော အပင်အောက်မှာပဲ ဖြစ်ဖြစ် ခရီးသွားများအတွက် သောက်ရေဒါနပြုတတ်ကြတာ မြန်မာ့အစဉ်အလာတစ်ခုပင်ဖြစ်သည်။


မိန်းကလေးများက အိမ်မှာ နေလျှင်လည်း ချည်ယက်ကြရသည်။ ဓါတ်ပုံထဲကမိန်းကလေးတစ်ဦးသည် ပိုးထမီကို ၀တ်ထားပြီး အပေါ်အကျီင်္ကို ၀တ်ဆင်ထားခြင်း မရှိပါ။ ကျေးလက်နေ မိန်းမပျိုလေးများ၏ ဗလာထမီသည် နန်းတွင်းသူလေးများထက် တိုကြသည်။


တခါတရံ အခုလို အလုပ်ရှုပ်နေသည့်အခါမျိုးမှာ ကိုလူပျိုတစ်ချို့ ရစ်သီရစ်သီ လာလုပ်တတ်ကြပါသေးသည်။


၁၈၉၀၀န်းကျင်က မီးဖိုချောင်အထားအသိုပင် ဖြစ်သည်။ ယခုကျေးလက်များတွင် ယခုလိုပဲ တွေ့နိုင်သေးသည်။ နှစ်ပေါင်း၂၀၀ကျော်သော်လည်း ဘာမှ မပြောင်းလဲသေး။


ချမ်းသာသည့် မိသားစုတစ်စု၏ စားသောက်ဝိုင်းလေးပင်ဖြစ်သည်။ ကနှုတ်တွေဖြင့် တန်ဆာဆင်ထားသော စားပွဲခုံပုလေးတွင် ဟင်းခွက်များကို တင်ထားပြီး ထမင်းပုကန်များကို ကြမ်းပေါ်ချ၍စားကြသည်။



ဆင်းရဲသည့် ကျေးလက်နေတောသူတောင်သာများကတော့ ဒေါင်းလန်းကြီးပေါ်မှာပဲ ထမင်းရော ဟင်းရောပုံပြီး လက်ရည်တပြင်တည်း စားသောက်ကြသည်။ တချို့ဒေါင်းလန်းများမှာ ဟသာင်္ပြဒါး၊ သို့မဟုတ် ဒေါင်းရုပ်ခံသည့် ခြေထောက်များရှိတတ်ကြပါသည်။


အိမ်သို့သက်ကြီး အဖိုးအဖွားများ အလည်လာလျှင်ပဲ ဖြစ်ဖြစ် ဆွေမျိုးသားရင်းများ အလည်လာလျင်ပဲဖြစ်ဖြစ် ငယ်ရွယ်သူများက လက်ဖက် ကွမ်းဆေးဖြင့် ဧည့်ဝတ်ပြုကြရပါသည်။


သက်ကြီးရွယ်အိုအများစုက အိမ်ရှေ့မှာပဲ ဖြစ်ဖြစ် ခြံထဲမှာပဲဖြစ်ဖြစ် လက်ဖက်လေးစားလိုက် ကွမ်းလေးမြုံ့လိုက်ဖြင့် စကားဖောင်ဖွဲ့လေ့ရှိတတ်ကြသည်။ ပညာလိုချင်သော လူငယ်များက အနီးအပါးကနေ လာနားဆင်လေ့ ရှိကြပြန်သည်။ သက်ကြီးစကား သက်ငယ်ကြားဆိုတာ ဒီကနေစတယ်လို့ ထင်မိပါ၏။


ဆက်လက်ဖတ်ရှု့ရန်...

သိမ်းငှက်တစ်ကောင်ရဲ့ Decision ချမှုနှင့်အကြိုးဆက်များ

သိပြီးသားဖြစ်ရင်လည်း ဖြစ်မှာပါ..ဖတ်ကြည့်နော်..

သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။



အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့ Feather တွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို အပြစ်ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိခံစားနိုင်ကြမှာပါ။

ဒီဘ၀သစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။

တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။

အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။

ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး
"Secrets of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။
"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."


ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ